သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူညံသံနှင့် ကျန်းမာရေးအန္တရာယ်


ဆူညံသံနှင့် ကျန်းမာရေးအန္တရာယ်
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်


မြန်မာနိုင်ငံမှာ ဆူညံသံတွေကြောင့် နားလေးမှု အပါအဝင် ကျန်းမာရေး ပြဿနာတွှေ ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးပြောဆိုပါတယ်။

ပြင်းထန်တဲ့ ဆူညံသံတွေက နားအတွင်းပိုင်းကို တုန်ခါစေပြီး အကြားအာရုံကြောငယ်တွေကို သေစေနိုင်တာကြောင့် နားလေးတာ ဖြစ်စေပြီး၊ အသံတုန်ခါမှု ၉၀ ဒက်ဆီဘယ် ကျော်တဲ့ အသံတွေဖြစ်တဲ့ မော်တော်ကား ဆူညံသံ၊ မီးစက်သံ၊ ဘိလပ်မြေဖျော်စက်သံတွေမျိုးကို တစ်နေ့ (၈) နာရီထက် ပိုခံစားရသူတွေ၊ နောက် ၁၁၅ ဒက်ဆီဘယ်ကျော်အသံတွေဖြစ်တဲ့ လော်စပီကာသံ၊ ကားဟွန်းသံ၊ သစ်သား ရေဘော်ထိုးစက်သံ၊ ပြင်းထန်တဲ့ ကားအင်ဂျင်စက်သံ တွေမျိုးကို တစ်နေ့ (၁၅) မိနစ်ထက် ပိုခံစားရသူတွေ အနေနဲ့ ရေရှည်မှာ နားလေးလာနိုင်ပါတယ်။ တုန်ခါမှု ၁၄၀ ဒက်ဆီဘယ်ကျော် အသံတွေဖြစ်တဲ့ ပြင်းထန်တဲ့ ဂျက်လေယာဉ်သံ၊ ယမ်းပေါက်ကွဲသံ၊ ဗုံးပေါက်ကွဲသံနဲ့ စစ်မြေပြင် ပစ်ခပ်မှုအသံတွေကြောင့် ဆိုရင်တော့ ချက်ချင်းပင် နားလေးသွားနိုင်ပါတယ်။

ဆူညံသံတွေကြောင့် နားထိခိုက်တာအပြင် အခြား ဖြစ်စေနိုင်တာတွေကတော့ စိတ်တိုတာ၊ ဂဏာမငြိမ်ဖြစ်တာ၊ နှလုံးခုန်မြန်လာပြီး သွေးတိုးစေနိုင်တာ၊ အစာအိမ်ရောဂါဖြစ်စေနိုင်တာ၊ အာရုံစူးစိုက်မှု နည်းစေတာတွေ ဖြစ်ပါတယ်။

အခုလို ဆူညံသံတွေကြောင့် နားနဲ့ အခြားကျန်းမာရေးတွေ မထိခိုက်ရအောင် ကာကွယ်ဖို့အတွက် အသံ ထုတ်လွှင့်သူတွေဘက်က အသံ မကျယ်အောင် လျော့ပေးသင့်ပါတယ်။ တုန်ခါမှု ၁၁၅ ရှိတဲ့ လော်စပီကာအစား တုန်ခါမှု ၇၀ နဲ့ ၈၀ ကြားရှိတဲ့ အသံချဲ့စက် (Sound Box) တွေကို အစားထိုးသုံးသင့်ပါတယ်။ တရပ်ကွက်လုံး ကြားစေနိုင်မဲ့ အသံအစား တစ်အိမ်ကျော် နှစ်အိမ်လောက် ကြားနိုင်တဲ့ အသံအနေအထားလောက်ပဲ ထားသင့်ပါတယ်။

ဒါ့အပြင် ဆူညံသံ ထုတ်လွှင့်မှုကို တတ်နိုင်သမျှ ကြာချိန် နည်းအောင် စီမံပေးသင့်ပါတယ်။ ဆူညံသံကြောင့် ပြဿနာတွေ ဆက်ဖြစ်နိုင်တာမို့လဲ အစိုးရ (သို့မဟုတ်) သက်ဆိုင်ရာ ရပ်ကွက်ဒေသခံတွေအနေနဲ့ ဆူညံသံဆိုင်ရာ ဥပဒေ၊ စည်းကမ်းတွေ ထုတ်ပြီး ထိန်းကြောင်းပေးသင့်ပါတယ်။ ဆူညံသံ ခံစားရသူတွေအနေနဲ့လည်း နားပိတ်အဆို့ (Ear Plug) တွေတပ်ဆင်တာ၊ နားပိတ် နားကြပ် (Ear Muff) တွေ တပ်ဆင်တာတွေ လုပ်ပေးနိုင်ပါတယ်။

တကယ်လို့ အသံကြောင့် နားလေးလာတဲ့ လက္ခဏာတွေ ပြလာရင်တော့ စောစောစီးစီး နားအထူးကု ဆရာဝန်နဲ့ ပြသင့်တာမို့ စောင့်ကြည့်ရမယ့် လက္ခဏာတွေက စကားအပြန်အလှန်ပြောရင် မရှင်းလို့ ထပ်ခါထပ်ခါ ပြန်မေးရတာ၊ ပုံမှန်သူတွေထက် TV နဲ့ ရေဒီယိုသံတွေ ပိုချဲ့ခိုင်းတာ၊ ကလေးငိုသံနဲ့ ဖုန်းမည်သံတွေ မကြားတော့တာတွေ ဖြစ်ပါတယ်။

ဒီအကြောင်း မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာ မြင့်ဦးကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG