သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချက်ပြုတ်ပုံ မှားတာကြောင့် အသားဓာတ်ချို့တဲ့မှု


မြန်မာနိုင်ငံတွင်းမှာ ချက်ပြုတ်ပုံတွေ မှားယွင်းမှုကြောင့် လူအများ အသားဓာတ် (ပရိုတိန်း) ချို့တဲ့နေတာကို သုတေသနလုပ် တွေ့ရှိထားတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံတွင်းမှာ အသားနဲ့ ငါးမျိုးစုံ စားနေပေမဲ့ လူအများစု အသားဓာတ်ချို့တဲ့နေတာ ရာခိုင်နှုန်းအတော်များတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြနေပါတယ်။ အဓိကအကြောင်းရင်းတခုကတော့ ဆီမြုပ်ကြော်တာနဲ့ ကင်တာ (Barbecue လုပ်တာ) အားနည်းမှုတွေကြောင့်လို့ ပညာရှင်တွေက ရှင်းပြပါတယ်။ ဆီမြုပ်ကြော်တာကြောင့် အပူလွန်ကဲ အဆီလွန်ကဲသွားပြီး အသားဓာတ်အာဟာရတွေ ပျက်ဆီးကာ နှလုံးပါ ထိခိုက်နိုင်ပြီး၊ အသားငါး ကင်တာ (Grill လုပ်စားတာ) မှာလည်း အပူချိန်မမျှတာကြောင့် အကျက်လွန်တာ မကျက်တကျက်ဖြစ်တာတွေဖြစ်ပြီး အာဟာရဓာတ်တွေ ပျက်စီးကုန်တယ်လို့ ထောက်ပြကြပါတယ်။ ဒါ့အပြင် အသားကင်ရာမှာသုံးတဲ့ အဆီ (Sauce) အမှုန့် မျိုးစုံကြောင့်လည်း အာဟာရထိခိုက်ကုန်ပြီး ကင်ဆာပါ ရေရှည်မှာ ဖြစ်စေနိုင်တယ်လို့လည်း ပညာရှင်တွေက သတိပေးထောက်ပြကြပါတယ်။

ဒါကြောင့် ဒီလိုမှားယွင်းတဲ့နည်းတွေကို ဆက်မသုံးတော့ဘဲ၊ မြန်မာ့ရိုးရာ ချက်ပြုပ်တဲ့နည်းတွေ သုံးသင့်တယ်လို့ အကြံပြုပါတယ်။ ဒီနည်းတွေကတော့ သဘာဝဟင်းခတ်အမွှေးအကြိုင်နဲ့ အသီးအရွက်တွေနဲ့အတူ အသားကို ပါးပါးလှီးပြီး ဆီသတ်ရုံသာ၊ ရေအနည်းငယ်ထည့် အစိမ်းကြော်တာ ကုန်းဘောင်ကြီးကြော်တာ၊ ဆီပြန်ရေပြန် (Stew လုပ်) ချက်တာနဲ့ ရေနွေးငွေ့နဲ့ ပေါင်းတာမျိုးတွေပါလို့ ထောက်ပြကြပါတယ်။ အပူချိန်နိမ်နိမ့်နဲ့ အပူရှိန် မလွန်အောင် မိနစ်အနည်းငယ် (၁၀-၁၂ မိနစ်) ခန့် ချက်ပြုပ်ခြင်းဖြင့် အသားအဟာရ မဆုံးရှုံးစေတာအပြင်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါ ရစေကာ ကင်ဆာ ဖြစ်စေနိုင်တဲ့ဓာတ်ကိုလည်း လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။ ရေနွေးငွေ့နဲ့ ပေါင်းတာကို Pressure Cooker သုံးပြီးလည်း ဟင်းခတ်အမွှေးအကြိုင်ထည့် ချက်ပြုတ်နိုင်ပြီး၊ အပူချိန်မများ၊ ပေါင်းတာမကြာစေခြင်းဖြင့် အသားဓာတ် မပျက်ဆီးစေဘူးလို့လည်း ထောက်ပြပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက အပြည်ပြည်ဆိုင်ရာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာခင်မာချို ကို မေးထားပါတယ်။

Forum

XS
SM
MD
LG