သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြေထောက်သွေးပြန်ကြော အနာအတွက် ခေတ်မီကုသပြုစုမှု


hospital, salud, medicina
hospital, salud, medicina
ခြေထောက်အနာအတွက် ခေတ်မီကုသပြုစုမှု
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

သွေးပြန်ကြောအားနည်းပြီးဖြစ်တဲ့ ခြေထောက်အနာတွေဟာ ပျောက်ဖို့ကြာပေမဲ့၊ ဒီအားနည်းချက်ကြောင့် သွေးပြန်ကန်ထွက်တာကို ပိတ်ပေးနိုင်တဲ့ ခေတ်မီကုသနည်းတွေရှိပြီး၊ အနာတွေကိုပါ မှန်ကန်စွာပြုစုပေးလျှင် ပြန်ပျောက်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

ခြေထောက် အတွင်းပိုင်းနဲ့ အပြင်ပိုင်း သွေးပြန်ကြောတွေကို ချိတ်ဆက်ထားတဲ့ bar တွေ အားနည်းလာတာကြောင့် သွေးနောက်ပြန်ကန်ထွက်ပြီး အခုလို ခြေထောက်အနာတွေ ဖြစ်ရတာပါ။ အခုတော့ ဒီအားနည်းချက်ကို ပိတ်ပြီးပြန်ပြင်ပေးနိုင်တဲ့ ခေတ်မီနည်းတွေ ရှိလာနေပါပြီ။ ဒါတွေကတော့ လေဆာနဲ့ပစ်ပြီး ပိတ်ပေးတာ၊ လျှပ်စစ်အားကို သုံးပြီးပိတ်ပေးတာနဲ့ သွေးကြောထဲကို ဆေးထိုးထဲ့ပြီး ပိတ်ပေးတာတွေ ဖြစ်ပါတယ်။

ဒီခြေထောက် သွေးပြန်ကြော အားနည်းချက်ကြောင့် ဖြစ်လာတဲ့ အနာတွေဟာ တော်တော်နဲ့ ပြန်မကျက်ဘဲ အရည်တရွှတ်ရွှတ်ဖြစ်ပြီး အညှိုတွေနဲ့ ကြည့်မကောင်း ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ဒီအနာတွေ ဖြစ်ရခြင်းအကြောင်းရင်းတွေကို ကုသပေးမှုနဲ့အတူ၊ နောက်ဖြစ်လာတဲ့ အနာတွေကိုပါ မှန်မှန်ကန်ကန် ပြုစုကုသပေးလျှင် ပြန်ကောင်းနိုင်ပါတယ်။ ဒါပေမဲ့ ဒီအနာတွေကို ဆေးထည့်ရာမှာ အခြားအနာတွေနဲ့ မတူပဲ ဆောင်ရန်၊ ရှောင်ရန်တွေရှိနေပါတယ်။ ရှောင်ရန်ကတော့ Allergic ခေါ် ယားယံမှု ဖြစ်စေနိုင်တဲ့ဆေးတွေ (ဥပမာ ပရုပ်ဆီ) မသုံးမိစေဖို့နဲ့ ပိုးသတ်ဆေးများများ မသုံးမိစေဖို့ ဖြစ်ပါတယ်။ အနာမှာ ဘက်တီးရီးယားပိုးတွေ မပြန့်ပွားလာအောင်တော့ အနာကို သန့်စင်အောင် ရေသန့်သန့်နဲ့ ဆေးပေးပြီး ဆွေးပုပ်နေတဲ့ အညှိုတွေ ၊အညစ်အကြေးဖတ်တွေကို ဂရုတစိုက် ဖြတ်တောက် ဖယ်ရှားပေးဖို့ လိုပါတယ်။

ဒါ့အပြင် အနာကို ခြစ်ပေးပြီး အနာသစ်လို အနာရဲလာစေကာ အနာဖေးနဲ့ အသားနု တက်လာအောင် စီမံပေးသင့်ပါတယ်။ ဒါပေမဲ့ ဒီအနာမှာ အနာဖေးတက်လာမှာကို ပိတ်ပင်ထားတဲ့ ပရိုတိန်းအစတွေလည်း ရှိနေနိုင်တာမို့ ဒါတွေအတွက် Proteolytic Enzyme ပါတဲ့ ဆေးတွေ ထည့်ပေးပြီး အနားဖေးနဲ့ အသားနု တက်လာအောင် ပြုစုပေးနိုင်ပါတယ်။ ဒါ့အပြင် အနာအတွက် ထူပြီးကြမ်းတမ်းတဲ့ ပတ်တီး၊ ဂွမ်းစတွေ မသုံးပဲ စိုစွတ်ချောမွေ့ပြီး အရည်ကိုလည်း ပြန်စုပ်နိုင်တဲ့ နောက်ပေါ်ဆေးပစ္စည်းတွေ သုံးသင့်ပါတယ်။ အနာကို နူးညံ့စေပြီး ဒုက္ခမပေးနိုင်တဲ့ ဆေးမျိုးဖြစ်တဲ့ Silver Sulfadiazine နဲ့ Potassium Permanganate တွေ ထည့်ပေးသင့်ပါတယ်။

ဒီရောဂါအကြောင်း ကိုဝင်းမင်း က ပိုမိုသိရှိနားလည်နိုင်ဖို့ နှလုံးခွဲစိပ် အထူးကုဆရာဝန်ကြီး၊ နှလုံးနှင့်သွေးကြောရောဂါ ခွဲစိပ်ကုဌာန အငြိမ်းစားပါမောက္ခ ဌာနမှူး ဒေါက်တာခင်မောင်အေး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG