သုံးရလွယ်ကူစေသည့် Link များ

အစောပိုင်းမှာ လက်တင်အမေရိကဒေသမှာ ဖြစ်ခဲ့တဲ့ ဇီကာဗိုင်းရပ်ပိုးဟာ အခု မြန်မာ့အိမ်နီးချင်းတွေဆီ ကူးစက်လာပြီမို့ မြန်မာနိုင်ငံအတွက် စိုးရိမ်နေရပြီလို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြနေကြပါတယ်။

သွေးလွန်တုတ်ကွေး သယ်ဆောင်တဲ့ Aedes ခြင်ကြားကနေ တစ်ဆင့်ကူးစက်တဲ့ ဒီရောဂါကို ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ နယ်စပ်ဖြတ်ကျော်သူတွေ ဖျားနာမှုကို စောင့်ကြည့်စစ်ဆေးတာ၊ ရောဂါရှိသူကို တွေ့လာရင် သီးခြားခွဲထားဖို့နဲ့ ခြင်နဲ့ ပိုးလောက်လန်း နှိမ်နင်းရေးတွေကို စီစဉ်လုပ်ဆောင်နေပါတယ်။

ဒီရောဂါကြောင့် လူမသေနိုင်သော်လည်း ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဖြစ်လာခဲ့ရင် ဦးခေါင်းသေးတဲ့ကလေးနဲ့ ဥာဏ်ရည်မမီတဲ့ ကလေးတွေ မွေးလာနိုင်ပါတယ်။ ဒါကြောင့် အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေ ခြင်အကိုက်မခံရအောင် နေထိုင်နိုင်ဖို့ အထူးအရေးကြီးလာပါတယ်။

ဒီရောဂါဖြစ်လာတာ ကြိုသိနိုင်ဖို့ စောင့်ကြည့်ရမယ့် လက္ခဏာတွေကတော့ ဖျားတာ၊ အရေပြားမှာ အနီစက်ထွက်တာ၊ မျက်စိနာတာ၊ ခေါင်းကိုက်တာနဲ့ ကြွက်သား အဆစ်အမြစ်တွေနာတာတွေ ဖြစ်ပါတယ်။

ဒီရောဂါအကြောင်း သိသင့်သိထိုက်တဲ့ အချက်အလက်များကို ပိုမိုသိရှိနားလည်းနိုင်ဖို့ ကိုဝင်းမင်း က ရောဂါပိုးမျိုး သယ်ဆောင်သော ကူးစက်ကောင်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနမှ လက်ထောက်ညွန်ကြားရေးမှုး ဒေါက်တာသန်းနိုင်စိုး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG