အခုလို အေမရိကန္မွာ ေသဆုံးမႈမ်ားေစေအာင္ စီမံေနႏိုင္တာက၊ ကိုဗစ္ကာကြယ္ေဆးနဲ႔ ကုသေဆးေတြ က်ယ္က်ယ္ျပန္႔ျပန္႔နဲ႔ စနစ္တက် သုံးႏိုင္တာေၾကာင့္လို႔ ကူးစက္ေရာဂါအထူးကုေတြက ဆိုပါတယ္။ အေမရိကန္မွာ ကိုဗစ္ကာကြယ္ေဆးရထားသူ အမ်ားစုျဖစ္လာတာ (လူဦးေရ ၇၀% ခန္႔)၊ အားျဖည့္ ကိုဗစ္ကာကြယ္ေဆး (Booster) စနစ္တက် ဆက္ထိုးေပးႏိုင္တာ၊ ကိုဗစ္ျဖစ္ၿပီး သဘာဝထြက္လာတဲ့ ကိုယ္ခံအား (Natural Immunity) အမ်ားစုမွာ ေပၚလာတာနဲ႔ အိုမီခ႐ြန္မ်ိဳးကြဲသစ္ေတြအေပၚ သတ္သတ္မွတ္မွတ္ ေနာက္ဆုံးေပၚ ကာကြယ္ေဆး (Bivalent) ေပၚလာတာအျပင္၊ ေရာဂါျဖစ္လာလွ်င္လည္း ကုသရာမွာ သုံးတဲ့ေဆး ဘယ္လိုသုံးဖို႔ လမ္းၫႊန္ခ်က္ အတိအက် ထုတ္ျပန္က်င့္သုံးႏိုင္တာေၾကာင့္လို႔ က်န္းမာေရးပညာ႐ွင္ေတြက ေထာက္ျပေနပါတယ္။
ကိုဗစ္ ျဖစ္လာလွ်င္ ျပင္းထန္ႏိုင္တဲ့ အသက္ ၆၅ ႏွစ္အထက္နဲ႔ အသက္ ၆၅ ႏွစ္ေအာက္မွာလည္း ေရာဂါအခံ ႐ွိထားသူေတြကို၊ လက္႐ွိအခ်ိန္မွာ Paxlovid (သို႔မဟုတ္) Molnupiravir ေသာက္ေဆး (သို႔မဟုတ္) ေဆး႐ုံေရာက္လာလွ်င္ အေၾကာေဆး (IV ေသြးေၾကာကေပးတဲ့ေဆး) Remdesivir တန္းေပးဖို႔ ႏိုင္ငံတဝွမ္း လမ္းၫႊန္ခ်က္ (National Guideline) မွာ အတိအက် ေဖာ္ျပထားပါတယ္။ အေၾကာင္းက ဒီလူေတြ ေရာဂါျပင္းထန္ ဒုကၡ ေရာက္လာႏိုင္တာနဲ႔ တျခားသူေတြကို ဆက္ကူးႏိုင္ဖို႔မ်ားတာေတြကို ႀကိဳကာကြယ္ႏိုင္ဖို႔ပါ။
ဒါေပမဲ့ အသက္ ၆၅ ႏွစ္ေအာက္ ေရာဂါအခံမ႐ွိသူေတြမွာေတာ့ Paxlovid အပါအဝင္၊ ကိုဗစ္ကုသရာမွာသုံးတဲ့ေဆးေတြကို အေမရိကန္မွာ မေပးဖို႔၊ လမ္းၫႊန္ခ်က္မွာပဲ အတိအက် ႐ွင္းျပထားပါတယ္။ အေၾကာင္းက ဒီေဆးေတြကို တကယ္မလိုအပ္ဘဲ အသုံးမ်ားသြားခဲ့လွ်င္၊ အထက္မွာေဖာ္ျပခဲ့တဲ့ သက္ႀကီးနဲ႔ ေရာဂါအခံ႐ွိသူေတြအတြက္ အသက္ကယ္ႏိုင္တဲ့ ေဆးေတြျပတ္ကုန္ႏိုင္လို႔ပါ။ ဒါ့အျပင္ အသက္ ၆၅ ႏွစ္ေအာက္နဲ႔ ေရာဂါအခံ မ႐ွိထားသူေတြအတြက္ ကိုဗစ္ကုသေဆးေတြ စုထားဖို႔လည္း မလိုအပ္ပါဘူး။ အေၾကာင္းက ဒီလိုလူေတြထဲ ကိုဗစ္ကာကြယ္ေဆးေတြ ရထားၿပီးသူေတြနဲ႔ ကိုယ္တိုင္ကိုဗစ္ျဖစ္ၿပီး သဘာဝကိုယ္ခံအားရထားသူေတြလည္း မ်ားစြာ႐ွိလာေနတာေၾကာင့္၊ ကိုဗစ္ျဖစ္လာလွ်င္ေတာင္ ျပင္းထန္ေလ့မ႐ွိပါဘူး။ အခုလိုလူမ်ိဳးေတြ အေမရိကန္က ေဆး႐ုံကို တျခားေရာဂါေတြနဲ႔ေရာက္လာၿပီး ကိုဗစ္ပိုးစစ္ၾကည့္တာကေန ကိုဗစ္ ေတြ႔႐ွိေပမဲ့၊ ကိုဗစ္လကၡဏာမျပတာ မျပင္းထန္တာျဖစ္ေလ့႐ွိကာ၊ ဒီကိုဗစ္ကုသရာမွာသုံးတဲ့ ေဆးေတြကို ေပးေလ့မ႐ွိပါဘူး။ ဒီေနရာမွာ တခ်ဳိ ႔ႏိုင္ငံေတြရဲ႕ က်န္းမာေရးစနစ္မွာ အခုလို တႏိုင္ငံလုံးတေျပးညီ ကိုဗစ္ကုသရာမွာသုံးတဲ့ ေဆးဝါးဆိုင္ရာလမ္းၫႊန္ခ်က္ မ႐ွိေသးလွ်င္လည္း၊ သက္ဆိုင္ရာ ေဆး႐ုံအဆင့္မွာ (ပုဂၢလိကေဆး႐ုံေတြအပါအဝင္) အလားတူ ျပဌာန္းက်င့္သုံးႏိုင္ပါတယ္။
ဒါ့အျပင္ အေမရိကန္ေဆး႐ုံေတြမွာ ႀကိဳတင္ျပင္ဆင္ထားတဲ့ တျခားသင္ခန္းစာယူစရာတခ်ဳိ ႔ ႐ွိပါေသးတယ္။ အဓိကကေတာ့ ကိုဗစ္ ျပင္းျပင္းထန္ထန္ ကပ္ဆိုက္တဲ့အဆင့္ ေရာက္လာလွ်င္၊ ေငြေၾကးစိုက္သုံးႏိုင္ဖို႔ ေဆး႐ုံေတြမွာ အေရးေပၚရံပုံေငြ စုေဆာင္းထားတာပါ။ အခုလို ရံပုံေငြနဲ႔၊ အထက္ပါ ကိုဗစ္ကုသရာမွာကုတဲ့ေဆးေတြ မဝယ္ႏိုင္တဲ့ လိုအပ္သူေတြကိုလည္း တေျပးညီျဖစ္ေအာင္ ကူညီကုသေပးႏိုင္ပါတယ္။ ဒါ့အျပင္ ကိုဗစ္ ျပင္းျပင္းထန္ထန္ျဖစ္ၿပီး၊ ေဆး႐ုံလူနာမ်ားလာႏိုင္တာအတြက္၊ ဘယ္လိုတာဝန္ မွ်ယူခြဲေဝဖို႔နဲ႔ ေဆး႐ုံကုတင္ေတြခ်ဲ ႔ယူဖို႔ ေဆး႐ုံအဆင့္ကပဲ ျပင္ထားတာေတြ အေမရိကန္မွာ လုပ္ထားပါတယ္။ ဒီေနရာမွာ အေရးေပၚမဟုတ္တဲ့ ဘယ္လို ကုသေရးဌာနမ်ိဳးေတြ (ဥပမာ ျပင္ပေဆးခန္း၊ ေဆး႐ုံအတြင္းလူနာဌာန၊ တခ်ဳိ ႔ အခ်ိန္ထပ္ယူလို႔ရႏိုင္တဲ့ ခြဲစိတ္ဌာနစတာ) ေတြကို ပိတ္ၿပီး၊ ကိုဗစ္ကုသေရးမွာ တာဝန္မွ်ယူဖို႔၊ လူနာကုတင္ေတြ၊ ကုသေဆာင္ေတြ မွ်ေပးဖို႔ တစ္ဆင့္စီ အေသးစိတ္ ႀကိဳတင္ျပင္ဆင္ထားတာပါ။ အခုေနာက္ဆုံး တ႐ုတ္မွာလည္း အရင္ ကိုဗစ္ လုံးဝကင္းစင္ေရးေမွ်ာ္လင့္ခ်က္နဲ႔ ကုသရာမွာသုံးတဲ့ေဆးေတြကို မျပင္ခဲ့တာကေန၊ အခုေတာ့ ျပည္ပက တင္သြင္းတာေတြ စလုပ္လာၿပီး၊ ကာကြယ္ေဆးမထိုးရေသးတဲ့ သက္ႀကီးေတြကိုလည္း ကူးစက္ခံရမႈနည္းေအာင္ သီးသန္႔ခြဲထားဖို႔၊ ကိုဗစ္ျဖစ္လာလွ်င္လည္း သီးသန္႔အေလးေပးကုသေပးဖို႔ ျပင္ဆင္ထားတာနဲ႔ ကမၻာ့က်န္းမာေရးအဖြဲ႔ကို အကူအညီေတာင္းတာေတြ ႐ွိလာေနပါတယ္။
ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ ႔ Wyckoff Heights ေဆး႐ုံက ၫြန္ၾကားေရးမွဴးနဲ႔ ျမန္မာလူနာေတြကိုလည္း ဖုန္းကတဆင့္ ကူေပးေနတဲ့၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ ကို ေမးထားပါတယ္။
==== Unicode =====
တရုတ်မှာ ကိုဗစ်-19 မျိုးကွဲသစ်လှိုင်းကြောင့် သေဆုံးမှုများနေချိန်၊ အမေရိကန်မှာတော့ အလားတူမျိုးကွဲသစ်တွေကို သေဆုံးမှုမများစေဘဲ စနစ်တကျ စီမံထားနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။အခုလို အမေရိကန်မှာ သေဆုံးမှုများစေအောင် စီမံနေနိုင်တာက၊ ကိုဗစ်ကာကွယ်ဆေးနဲ့ ကုသဆေးတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ သုံးနိုင်တာကြောင့်လို့ ကူးစက်ရောဂါအထူးကုတွေက ဆိုပါတယ်။ အမေရိကန်မှာ ကိုဗစ်ကာကွယ်ဆေးရထားသူ အများစုဖြစ်လာတာ (လူဦးရေ ၇၀% ခန့်)၊ အားဖြည့် ကိုဗစ်ကာကွယ်ဆေး (Booster) စနစ်တကျ ဆက်ထိုးပေးနိုင်တာ၊ ကိုဗစ်ဖြစ်ပြီး သဘာဝထွက်လာတဲ့ ကိုယ်ခံအား (Natural Immunity) အများစုမှာ ပေါ်လာတာနဲ့ အိုမီခရွန်မျိုးကွဲသစ်တွေအပေါ် သတ်သတ်မှတ်မှတ် နောက်ဆုံးပေါ် ကာကွယ်ဆေး (Bivalent) ပေါ်လာတာအပြင်၊ ရောဂါဖြစ်လာလျှင်လည်း ကုသရာမှာ သုံးတဲ့ဆေး ဘယ်လိုသုံးဖို့ လမ်းညွှန်ချက် အတိအကျ ထုတ်ပြန်ကျင့်သုံးနိုင်တာကြောင့်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြနေပါတယ်။
ကိုဗစ် ဖြစ်လာလျှင် ပြင်းထန်နိုင်တဲ့ အသက် ၆၅ နှစ်အထက်နဲ့ အသက် ၆၅ နှစ်အောက်မှာလည်း ရောဂါအခံ ရှိထားသူတွေကို၊ လက်ရှိအချိန်မှာ Paxlovid (သို့မဟုတ်) Molnupiravir သောက်ဆေး (သို့မဟုတ်) ဆေးရုံရောက်လာလျှင် အကြောဆေး (IV သွေးကြောကပေးတဲ့ဆေး) Remdesivir တန်းပေးဖို့ နိုင်ငံတဝှမ်း လမ်းညွှန်ချက် (National Guideline) မှာ အတိအကျ ဖော်ပြထားပါတယ်။ အကြောင်းက ဒီလူတွေ ရောဂါပြင်းထန် ဒုက္ခ ရောက်လာနိုင်တာနဲ့ တခြားသူတွေကို ဆက်ကူးနိုင်ဖို့များတာတွေကို ကြိုကာကွယ်နိုင်ဖို့ပါ။
ဒါပေမဲ့ အသက် ၆၅ နှစ်အောက် ရောဂါအခံမရှိသူတွေမှာတော့ Paxlovid အပါအဝင်၊ ကိုဗစ်ကုသရာမှာသုံးတဲ့ဆေးတွေကို အမေရိကန်မှာ မပေးဖို့၊ လမ်းညွှန်ချက်မှာပဲ အတိအကျ ရှင်းပြထားပါတယ်။ အကြောင်းက ဒီဆေးတွေကို တကယ်မလိုအပ်ဘဲ အသုံးများသွားခဲ့လျှင်၊ အထက်မှာဖော်ပြခဲ့တဲ့ သက်ကြီးနဲ့ ရောဂါအခံရှိသူတွေအတွက် အသက်ကယ်နိုင်တဲ့ ဆေးတွေပြတ်ကုန်နိုင်လို့ပါ။ ဒါ့အပြင် အသက် ၆၅ နှစ်အောက်နဲ့ ရောဂါအခံ မရှိထားသူတွေအတွက် ကိုဗစ်ကုသဆေးတွေ စုထားဖို့လည်း မလိုအပ်ပါဘူး။ အကြောင်းက ဒီလိုလူတွေထဲ ကိုဗစ်ကာကွယ်ဆေးတွေ ရထားပြီးသူတွေနဲ့ ကိုယ်တိုင်ကိုဗစ်ဖြစ်ပြီး သဘာဝကိုယ်ခံအားရထားသူတွေလည်း များစွာရှိလာနေတာကြောင့်၊ ကိုဗစ်ဖြစ်လာလျှင်တောင် ပြင်းထန်လေ့မရှိပါဘူး။ အခုလိုလူမျိုးတွေ အမေရိကန်က ဆေးရုံကို တခြားရောဂါတွေနဲ့ရောက်လာပြီး ကိုဗစ်ပိုးစစ်ကြည့်တာကနေ ကိုဗစ် တွေ့ရှိပေမဲ့၊ ကိုဗစ်လက္ခဏာမပြတာ မပြင်းထန်တာဖြစ်လေ့ရှိကာ၊ ဒီကိုဗစ်ကုသရာမှာသုံးတဲ့ ဆေးတွေကို ပေးလေ့မရှိပါဘူး။ ဒီနေရာမှာ တချို့နိုင်ငံတွေရဲ့ ကျန်းမာရေးစနစ်မှာ အခုလို တနိုင်ငံလုံးတပြေးညီ ကိုဗစ်ကုသရာမှာသုံးတဲ့ ဆေးဝါးဆိုင်ရာလမ်းညွှန်ချက် မရှိသေးလျှင်လည်း၊ သက်ဆိုင်ရာ ဆေးရုံအဆင့်မှာ (ပုဂ္ဂလိကဆေးရုံတွေအပါအဝင်) အလားတူ ပြဌာန်းကျင့်သုံးနိုင်ပါတယ်။
ဒါ့အပြင် အမေရိကန်ဆေးရုံတွေမှာ ကြိုတင်ပြင်ဆင်ထားတဲ့ တခြားသင်ခန်းစာယူစရာတချို့ ရှိပါသေးတယ်။ အဓိကကတော့ ကိုဗစ် ပြင်းပြင်းထန်ထန် ကပ်ဆိုက်တဲ့အဆင့် ရောက်လာလျှင်၊ ငွေကြေးစိုက်သုံးနိုင်ဖို့ ဆေးရုံတွေမှာ အရေးပေါ်ရံပုံငွေ စုဆောင်းထားတာပါ။ အခုလို ရံပုံငွေနဲ့၊ အထက်ပါ ကိုဗစ်ကုသရာမှာကုတဲ့ဆေးတွေ မဝယ်နိုင်တဲ့ လိုအပ်သူတွေကိုလည်း တပြေးညီဖြစ်အောင် ကူညီကုသပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုဗစ် ပြင်းပြင်းထန်ထန်ဖြစ်ပြီး၊ ဆေးရုံလူနာများလာနိုင်တာအတွက်၊ ဘယ်လိုတာဝန် မျှယူခွဲဝေဖို့နဲ့ ဆေးရုံကုတင်တွေချဲ့ယူဖို့ ဆေးရုံအဆင့်ကပဲ ပြင်ထားတာတွေ အမေရိကန်မှာ လုပ်ထားပါတယ်။ ဒီနေရာမှာ အရေးပေါ်မဟုတ်တဲ့ ဘယ်လို ကုသရေးဌာနမျိုးတွေ (ဥပမာ ပြင်ပဆေးခန်း၊ ဆေးရုံအတွင်းလူနာဌာန၊ တချို့ အချိန်ထပ်ယူလို့ရနိုင်တဲ့ ခွဲစိတ်ဌာနစတာ) တွေကို ပိတ်ပြီး၊ ကိုဗစ်ကုသရေးမှာ တာဝန်မျှယူဖို့၊ လူနာကုတင်တွေ၊ ကုသဆောင်တွေ မျှပေးဖို့ တစ်ဆင့်စီ အသေးစိတ် ကြိုတင်ပြင်ဆင်ထားတာပါ။ အခုနောက်ဆုံး တရုတ်မှာလည်း အရင် ကိုဗစ် လုံးဝကင်းစင်ရေးမျှော်လင့်ချက်နဲ့ ကုသရာမှာသုံးတဲ့ဆေးတွေကို မပြင်ခဲ့တာကနေ၊ အခုတော့ ပြည်ပက တင်သွင်းတာတွေ စလုပ်လာပြီး၊ ကာကွယ်ဆေးမထိုးရသေးတဲ့ သက်ကြီးတွေကိုလည်း ကူးစက်ခံရမှုနည်းအောင် သီးသန့်ခွဲထားဖို့၊ ကိုဗစ်ဖြစ်လာလျှင်လည်း သီးသန့်အလေးပေးကုသပေးဖို့ ပြင်ဆင်ထားတာနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို အကူအညီတောင်းတာတွေ ရှိလာနေပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ မြန်မာလူနာတွေကိုလည်း ဖုန်းကတဆင့် ကူပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို မေးထားပါတယ်။