ကမာၻ႔မွာ ကူးစက္မႈမ်ားလာေနတဲ့ Omicron မ်ိဳးစိတ္ကြဲသစ္ေတြကို ျမန္မာႏိုင္ငံမွာလည္း ၿပီးခဲ့တဲ့အပတ္က စေတြ႔လိုက္တာအတြက္ အထူးဂ႐ုျပဳကာကြယ္သင့္ၿပီလို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးေနပါတယ္။
ျမန္မာႏိုင္ငံထဲ ကိုဗစ္မ်ိဳးကြဲ Omicron မ်ိဳးစိတ္သစ္ BA.4 နဲ႔ BA.5 ကို ၿပီးခဲ့တဲ့ လကုန္က နမူနာစယူ စစ္ေဆးခဲ့တာကေန၊ ၿပီးခဲ့တဲ့အပတ္အစပိုင္းမွာ အခုလို စေတြ႔လိုက္တာပါ။ BA.4 နဲ႔ BA.5 မ်ိဳးစိတ္ကြဲသစ္ေတြက အရင္မ်ိဳးကြဲေတြထက္ ကူးစက္ႏႈန္း (Infectivity) အမ်ားႀကီး ပိုမ်ားတာအျပင္၊ ကာကြယ္ေဆးကိုလည္း ထိုးေဖာက္ႏိုင္တာေၾကာင့္၊ အရင္ကိုဗစ္ျဖစ္ခဲ့တာနဲ႔ ကိုဗစ္ကာကြယ္ေဆးထိုးတာကရထားတဲ့ ကိုယ္ခံအားနည္းလာခ်ိန္မွာ ကာကြယ္ထိန္းခ်ဳပ္မူေတြ ေလ်ာ့က်လာတာေၾကာင့္ တဟုန္ထိုးမကူးစက္ရေအာင္ အခုလို ျပန္ဂ႐ုျပဳကာကြယ္ဖို႔ လိုလာတာပါ။ အရင္ကိုဗစ္ ျဖစ္ထားတာနဲ႔ ကိုဗစ္ကာကြယ္ေဆးကရထားတဲ့ ပဋိပစၥည္း (Antibody) ကေပးတဲ့ ကိုယ္ခံအား (Immunity System) ကလည္း ကာလတစ္ခုအၾကာမွာ က်ဆင္းလာရာမွာ၊ အခု မ်ိဳးကြဲစိတ္သစ္ေတြအတြက္ (၃) လ ကေန (၆) လအတြင္း က်ဆင္းသြားႏိုင္ပါတယ္။
ျမန္မာ့အိမ္နီးခ်င္းေတြအပါအဝင္ ကမာၻမွာလည္း အလားတူ အရင္ကိုဗစ္ကိုယ္တိုင္ ျဖစ္ထားတာနဲ႔ အားျဖည့္ကာကြယ္ေဆး (၂) ႀကိမ္ (၃) ႀကိမ္ ထိုးထားတာသူေတြမွာပါ ျပန္ျဖစ္လာတာ ေတြ႔ထားပါတယ္။ အေၾကာင္းက ကိုယ္ခံအားက်လာခ်ိန္ ေနာက္ထပ္အားျဖည့္ကာကြယ္ေဆး ထိုးဖို႔ေနာက္က်တာ၊ ကိုဗစ္ေဆးစစ္မူ ေလ်ာ့သြားကာ စိုးရိမ္မႈနဲၿပီး ဂ႐ုစိုက္ကာကြယ္မူ ေလ်ာ့သြားတာ၊ ကိုဗစ္ျဖစ္လာခ်ိန္မွာလည္း သီးသန႔္ခြဲေနၿပီး ကုသမူေနာက္က်တာ၊ အရင္ Mask မျဖစ္မေနတပ္တဲ့ အမိန႔္ေတြ ေျဖေလ်ာ့ေပးတာ၊ ခရီးအသြားအလာနဲ႔ ႐ုံးေတြ၊ ေက်ာင္းေတြ ပုံမွန္ျပန္ဖြင့္ၿပီး လူစုလူေဝးေတြပါ ျဖစ္လာခ်ိန္မွာ၊ ကူးစက္ပိုျမန္တဲ့ မ်ိဳးစိတ္ကြဲသစ္ဝင္လာၿပီး၊ အာဖရိက၊ အာရွ၊ ဥေရာပ ေနာက္ အေမရိကအပါအဝင္ ႏိုင္ငံအေတာ္မ်ားမ်ားမွာ အခုလို ႐ုတ္တရက္ ကူးစက္မူေတြ ျပန္တက္လာၾကရတာပါ။
ျမန္မာႏိုင္ငံမွာေတာ့ တျခားႏိုင္ငံေတြထက္ ကူးစက္မူကို အနည္းငယ္ ေနာက္က်မွ စစစ္ေဆးေတြ႔ရွိလိုက္ခ်ိန္မွာ၊ ႀကိဳတင္ကာကြယ္ျပင္ဆင္မူေတြ ေနာက္မက်ဖို႔ က်န္းမာေရးပညာရွင္ေတြက အထူးသတိေပးေနပါတယ္။ ကာကြယ္ဖို႔အတြက္ ပုံမွန္ကာကြယ္ေရးေတြျဖစ္တဲ့ အျပင္ထြက္လွ်င္ Mask (ပါးစပ္နဲ႔ႏွာေခါင္းစည္း) တပ္တာ၊ လူမ်ားတဲ့ အေဆာက္အအုံအတြင္းမွာလည္း အလားတူ Mask အေသအခ်ာတပ္တာ၊ ေလဝင္ေလထြက္ေကာင္းေအာင္စီမံတာ (ျပဴတင္းေပါက္ေတြ၊ ကားမွန္ေတြဖြင့္ထားတာ)၊ လူစုလူေဝးေရွာင္ၿပီး လူခ်င္းခပ္ခြာခြာေနတာ (၆ ေပခန႔္)၊ နဲ႔ လက္မၾကာခဏေဆးတာေတြ ျပန္လုပ္သင့္ပါၿပီ။ ဒါ့အျပင္ ကိုဗစ္ကာကြယ္ေဆး မထိုးရေသးသူေတြ စထိုးတာအျပင္ ထိုးၿပီးသားသူေတြလည္း ေနာက္ထပ္ အားျဖည့္ကာကြယ္ေဆးေတြ အျမန္ထိုးသင့္ပါတယ္။ အခုလို ကာကြယ္ေဆးထိုးျခင္းျဖင့္ တစုံတရာမကူးေအာင္ ကာကြယ္ႏိုင္တာအျပင္ အထူးသျဖင့္ ကူးစက္ခံရခ်ိန္မွာ ေရာဂါမျပင္းထန္ေအာင္ (ေဆး႐ုံတက္ရတာ၊ အသက္ေသဆုံးတာ မရွိေအာင္) အဓိက ကာကြယ္ေပးႏိုင္လို႔ပါ။
ျမန္မာႏိုင္ငံမွာလည္း ေက်ာင္းေတြ၊ အလုပ္ေတြ ျပန္ဖြင့္ထားခ်ိန္မွာ အကယ္၍ ဖ်ားနာတာနဲ႔ ကိုဗစ္ သံသယလကၡဏာေတြ ေပၚလာတာလွ်င္ အိမ္ခ်က္ခ်င္းျပန္ၿပီး သီးသန႔္ခြဲေနသင့္ပါတယ္။ ေဆး႐ုံေဆးခန္းမွာ မစစ္ႏိုင္လွ်င္ေတာင္၊ ျဖစ္ႏိုင္လွ်င္ ကိုဗစ္ အျမန္စစ္ ကရိယာ (Rapid Test Kit) နဲ႔ အိမ္မွာကိုယ္တိုင္ စစ္ေဆးၾကည့္ၿပီး ပိုးေတြ႔လွ်င္ အိမ္သားေတြပါ မကူးစက္ေအာင္ လုံးဝသီးသန႔္ခြဲေန စားေသာက္သင့္ပါတယ္။ တခ်ိန္ထဲမွာ လက္ရွိျမန္မာႏိုင္ငံထဲ ေစ်းသြား၊ ေက်ာင္းသြား၊ ဘုရားတက္ခ်ိန္ Mask တပ္တာ ျပန္ေလ်ာ့က်လာခ်ိန္မွာ၊ အထူးသျဖင့္ လူစုလူေဝးမ်ားတဲ့ ေစ်းလို ေက်ာင္းလိုေနရာေတြမွာ Mask မတပ္သူေတြေတြ႔လွ်င္ တပ္ဖို႔ အႀကံျပဳတာနဲ႔၊ Mask ပါ လက္ေတြ႔မွ်ေဝ အကူအညီေပးတာမ်ိဳး လုပ္ေပးသင့္ပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ နယ္စပ္ေတြ (အထူးသျဖင့္ အရင္လႈိင္းအေတြ႔အႀကဳံ ရွိခဲ့တဲ့၊ အိႏၵိယနဲ႔ ဘဂၤလားေဒ့ရွ္နယ္စပ္) ကတဆင့္ ဝင္လာသူေတြကိုလည္း ဖိဖိစီးစီး ပိုစစ္ေဆးသင့္ပါတယ္။
ဒီအေၾကာင္းကို ပိုမုိနားလည္သိရိွႏိုင္ဖို႔ ကိုဝင္းမင္းက ျမန္မာႏိုင္ငံမွာ က်န္းမာေရးပညာေပးမူေတြ လုပ္ေပးေနတဲ့ အေထြေထြေရာဂါကုဆရာဝန္ ေဒါက္တာေ႐ႊဝါေအာင္ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။
====Unicode ====
ကမ္ဘာ့မှာ ကူးစက်မှုများလာနေတဲ့ Omicron မျိုးစိတ်ကွဲသစ်တွေကို မြန်မာနိုင်ငံမှာလည်း ပြီးခဲ့တဲ့အပတ်က စတွေ့လိုက်တာအတွက် အထူးဂရုပြုကာကွယ်သင့်ပြီလို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။
မြန်မာနိုင်ငံထဲ ကိုဗစ်မျိုးကွဲ Omicron မျိုးစိတ်သစ် BA.4 နဲ့ BA.5 ကို ပြီးခဲ့တဲ့ လကုန်က နမူနာစယူ စစ်ဆေးခဲ့တာကနေ၊ ပြီးခဲ့တဲ့အပတ်အစပိုင်းမှာ အခုလို စတွေ့လိုက်တာပါ။ BA.4 နဲ့ BA.5 မျိုးစိတ်ကွဲသစ်တွေက အရင်မျိုးကွဲတွေထက် ကူးစက်နှုန်း (Infectivity) အများကြီး ပိုများတာအပြင်၊ ကာကွယ်ဆေးကိုလည်း ထိုးဖောက်နိုင်တာကြောင့်၊ အရင်ကိုဗစ်ဖြစ်ခဲ့တာနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးတာကရထားတဲ့ ကိုယ်ခံအားနည်းလာချိန်မှာ ကာကွယ်ထိန်းချုပ်မူတွေ လျော့ကျလာတာကြောင့် တဟုန်ထိုးမကူးစက်ရအောင် အခုလို ပြန်ဂရုပြုကာကွယ်ဖို့ လိုလာတာပါ။ အရင်ကိုဗစ် ဖြစ်ထားတာနဲ့ ကိုဗစ်ကာကွယ်ဆေးကရထားတဲ့ ပဋိပစ္စည်း (Antibody) ကပေးတဲ့ ကိုယ်ခံအား (Immunity System) ကလည်း ကာလတစ်ခုအကြာမှာ ကျဆင်းလာရာမှာ၊ အခု မျိုးကွဲစိတ်သစ်တွေအတွက် (၃) လ ကနေ (၆) လအတွင်း ကျဆင်းသွားနိုင်ပါတယ်။
မြန်မာ့အိမ်နီးချင်းတွေအပါအဝင် ကမ္ဘာမှာလည်း အလားတူ အရင်ကိုဗစ်ကိုယ်တိုင် ဖြစ်ထားတာနဲ့ အားဖြည့်ကာကွယ်ဆေး (၂) ကြိမ် (၃) ကြိမ် ထိုးထားတာသူတွေမှာပါ ပြန်ဖြစ်လာတာ တွေ့ထားပါတယ်။ အကြောင်းက ကိုယ်ခံအားကျလာချိန် နောက်ထပ်အားဖြည့်ကာကွယ်ဆေး ထိုးဖို့နောက်ကျတာ၊ ကိုဗစ်ဆေးစစ်မူ လျော့သွားကာ စိုးရိမ်မှုနဲပြီး ဂရုစိုက်ကာကွယ်မူ လျော့သွားတာ၊ ကိုဗစ်ဖြစ်လာချိန်မှာလည်း သီးသန့်ခွဲနေပြီး ကုသမူနောက်ကျတာ၊ အရင် Mask မဖြစ်မနေတပ်တဲ့ အမိန့်တွေ ဖြေလျော့ပေးတာ၊ ခရီးအသွားအလာနဲ့ ရုံးတွေ၊ ကျောင်းတွေ ပုံမှန်ပြန်ဖွင့်ပြီး လူစုလူဝေးတွေပါ ဖြစ်လာချိန်မှာ၊ ကူးစက်ပိုမြန်တဲ့ မျိုးစိတ်ကွဲသစ်ဝင်လာပြီး၊ အာဖရိက၊ အာရှ၊ ဥရောပ နောက် အမေရိကအပါအဝင် နိုင်ငံအတော်များများမှာ အခုလို ရုတ်တရက် ကူးစက်မူတွေ ပြန်တက်လာကြရတာပါ။
မြန်မာနိုင်ငံမှာတော့ တခြားနိုင်ငံတွေထက် ကူးစက်မူကို အနည်းငယ် နောက်ကျမှ စစစ်ဆေးတွေ့ရှိလိုက်ချိန်မှာ၊ ကြိုတင်ကာကွယ်ပြင်ဆင်မူတွေ နောက်မကျဖို့ ကျန်းမာရေးပညာရှင်တွေက အထူးသတိပေးနေပါတယ်။ ကာကွယ်ဖို့အတွက် ပုံမှန်ကာကွယ်ရေးတွေဖြစ်တဲ့ အပြင်ထွက်လျှင် Mask (ပါးစပ်နဲ့နှာခေါင်းစည်း) တပ်တာ၊ လူများတဲ့ အဆောက်အအုံအတွင်းမှာလည်း အလားတူ Mask အသေအချာတပ်တာ၊ လေဝင်လေထွက်ကောင်းအောင်စီမံတာ (ပြူတင်းပေါက်တွေ၊ ကားမှန်တွေဖွင့်ထားတာ)၊ လူစုလူဝေးရှောင်ပြီး လူချင်းခပ်ခွာခွာနေတာ (၆ ပေခန့်)၊ နဲ့ လက်မကြာခဏဆေးတာတွေ ပြန်လုပ်သင့်ပါပြီ။ ဒါ့အပြင် ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသူတွေ စထိုးတာအပြင် ထိုးပြီးသားသူတွေလည်း နောက်ထပ် အားဖြည့်ကာကွယ်ဆေးတွေ အမြန်ထိုးသင့်ပါတယ်။ အခုလို ကာကွယ်ဆေးထိုးခြင်းဖြင့် တစုံတရာမကူးအောင် ကာကွယ်နိုင်တာအပြင် အထူးသဖြင့် ကူးစက်ခံရချိန်မှာ ရောဂါမပြင်းထန်အောင် (ဆေးရုံတက်ရတာ၊ အသက်သေဆုံးတာ မရှိအောင်) အဓိက ကာကွယ်ပေးနိုင်လို့ပါ။
မြန်မာနိုင်ငံမှာလည်း ကျောင်းတွေ၊ အလုပ်တွေ ပြန်ဖွင့်ထားချိန်မှာ အကယ်၍ ဖျားနာတာနဲ့ ကိုဗစ် သံသယလက္ခဏာတွေ ပေါ်လာတာလျှင် အိမ်ချက်ချင်းပြန်ပြီး သီးသန့်ခွဲနေသင့်ပါတယ်။ ဆေးရုံဆေးခန်းမှာ မစစ်နိုင်လျှင်တောင်၊ ဖြစ်နိုင်လျှင် ကိုဗစ် အမြန်စစ် ကရိယာ (Rapid Test Kit) နဲ့ အိမ်မှာကိုယ်တိုင် စစ်ဆေးကြည့်ပြီး ပိုးတွေ့လျှင် အိမ်သားတွေပါ မကူးစက်အောင် လုံးဝသီးသန့်ခွဲနေ စားသောက်သင့်ပါတယ်။ တချိန်ထဲမှာ လက်ရှိမြန်မာနိုင်ငံထဲ ဈေးသွား၊ ကျောင်းသွား၊ ဘုရားတက်ချိန် Mask တပ်တာ ပြန်လျော့ကျလာချိန်မှာ၊ အထူးသဖြင့် လူစုလူဝေးများတဲ့ ဈေးလို ကျောင်းလိုနေရာတွေမှာ Mask မတပ်သူတွေတွေ့လျှင် တပ်ဖို့ အကြံပြုတာနဲ့၊ Mask ပါ လက်တွေ့မျှဝေ အကူအညီပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ နယ်စပ်တွေ (အထူးသဖြင့် အရင်လှိုင်းအတွေ့အကြုံ ရှိခဲ့တဲ့၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်) ကတဆင့် ဝင်လာသူတွေကိုလည်း ဖိဖိစီးစီး ပိုစစ်ဆေးသင့်ပါတယ်။
ဒီအကြောင်းကို ပိုမိုနားလည်သိရှိနိုင်ဖို့ ကိုဝင်းမင်းက မြန်မာနိုင်ငံမှာ ကျန်းမာရေးပညာပေးမူတွေ လုပ်ပေးနေတဲ့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာရွှေဝါအောင် ကို ဆက်သွယ်မေးမြန်းထားပါတယ်။