သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဒီႏွစ္အတြင္း ေသြးလြန္တုပ္ေကြး ျဖစ္ႏိုင္ေျခ


Dengue

ျမန္မာႏိုင္ငံမွာ အခုလာမဲ့ မိုးရာသီထဲ ေသြးလြန္တုတ္ေကြး အျဖစ္မ်ားႏိုင္ေျခနဲ႔ ျပင္းထန္ႏိုင္ေျခ တခ်ိဳ.ရွိေနတာကို သတိျပဳဖို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးလိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ ေသြးလြန္တုပ္ေကြး အျဖစ္မ်ား ပိုျပင္းထန္တာက (၃-၄) ႏွစ္ တစ္ႀကိမ္ ျဖစ္တတ္ေပမဲ့၊ မႏွစ္က အျဖစ္မ်ားရမဲ့ အခ်ိန္မွာေတာ့ ကိုဗစ္ေၾကာင့္ ေက်ာင္းေတြ ပိတ္ထားရခ်ိန္ ကူးစက္မူနည္းခဲ့ၿပီး ခန႔္မွန္းရ ခက္ေစခဲ့ပါတယ္။ ဒါေပမဲ့လဲ ဒီႏွစ္ ႏွစ္စကတည္းက ေသြးလြန္တုပ္ေကြး ျဖစ္တာနဲ႔ ျပင္းထန္တဲ့ ျဖစ္ပြားမႈ တခ်ဳိ ႔ကိုေတြ႔လာတာနဲ႔၊ အျဖစ္မ်ားေလ့႐ိုတဲ့ မိုးရာသီဝင္လာခ်ိန္မွာ အဓိက ေရာဂါကူးစက္ႏိုင္တဲ့ ေက်ာင္းေတြ ျပန္ဖြင့္ႏိုင္ခ်ိန္နဲ႔ တိုက္ဆိုင္လာတာမို႔လဲ ျပန္ၿပီးစိုးရိမ္လာရတာပါ။

ေသြးလြန္တုပ္ေကြးပိုး ကူးစက္ေစတဲ့ ျခင္ၾကားပိုေပါက္ရာ မိုးရာသီဝင္လာေတာ့မဲ့အခ်ိန္မွာ ေသြးလြန္တုပ္ေကြးျဖစ္တာ ႀကိဳသိႏိုင္တဲ့ လကၡဏာေတြကို ေစာင့္ၾကည့္သင့္ပါတယ္။ လကၡဏာေတြကတာ့ အဖ်ားႀကီးတာ၊ အလြန္မွိန္းတာ၊ အစားအေသာက္ပ်က္တာ၊ ကိုက္ခဲတာ၊ ပ်ဳိ ႔အံတာ၊ ဗိုက္နာတာ၊ အေရျပား အဖုအပိန႔္ထြက္တာေတြပါ။ ႏွာေစး၊ ေခ်ာင္းဆိုးတာကေတာ့ ေသြးလြန္တုပ္ေကြးမွာ ျဖစ္ေလ့မရွိပါဘူး။ ဒါ့အျပင္ Hess Test (ေခၚ) ေသြးေပါင္ခ်ိန္တိုင္းကရိယာနဲ႔ လက္ေမာင္းမွာထိန္းၿပီး စစ္ၾကည့္လွ်င္လဲ အစက္အေပ်ာက္ေတြ ထြက္လာတာ ေတြ႔ႏိုင္ပါတယ္။

ေသြးလြန္တုပ္ေကြးေၾကာင့္ အႏၲရာယ္အရွိဆုံးအ႐ြယ္ကေတာ့ (၃) ႏွစ္ကေန (၈) ႏွစ္အတြင္း ကေလးေတြ ေယဘူယ် ျဖစ္ေလ့ရွိပါတယ္။ အေၾကာင္းက ပထမအႀကိမ္ ေသြးလြန္တုပ္ေကြးက ပိုငယ္ခ်ိန္မွာ အမ်ားစု ျဖစ္တတ္ၿပီး မျပင္းထန္ေသးဘဲ၊ ေနာက္အႀကိမ္ေတြမွာသာ ပိုျပင္းထန္ေလ့ရွိလို႔ပါ။ ဒီႏွစ္ထဲမွာလည္း အခု အ႐ြယ္ကေလးတခ်ဳိ ႔ ေသြးလန႔္တဲ့အဆင့္ေရာက္တာ ေတြ႔ရွိထားၿပီး၊ ေဆး႐ုံေဆးခန္း အခ်ိန္မီေရာက္သူေတြကိုေတာ့ အသက္မဆုံး႐ူံးေအာင္ ကုသေပးႏိုင္ေနပါေသးတယ္။

ဒီေရာဂါအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္းက ကေလးအထူးကုနဲ႔ ေဆးတကၠသိုလ္ (၁) ကေလးက်န္းမာ၊ပညာဌာန အၿငိမ္းစားဌာနမႉး၊ ပါေမာကၡ ေဒါက္တာေစာဝင္းကို ဆက္သြယ္ေမးျမန္းထားပါတယ္။


==Unicode ====

မြန်မာနိုင်ငံမှာ အခုလာမဲ့ မိုးရာသီထဲ သွေးလွန်တုတ်ကွေး အဖြစ်များနိုင်ခြေနဲ့ ပြင်းထန်နိုင်ခြေ တချို.ရှိနေတာကို သတိပြုဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေး အဖြစ်များ ပိုပြင်းထန်တာက (၃-၄) နှစ် တစ်ကြိမ် ဖြစ်တတ်ပေမဲ့၊ မနှစ်က အဖြစ်များရမဲ့ အချိန်မှာတော့ ကိုဗစ်ကြောင့် ကျောင်းတွေ ပိတ်ထားရချိန် ကူးစက်မူနည်းခဲ့ပြီး ခန့်မှန်းရ ခက်စေခဲ့ပါတယ်။ ဒါပေမဲ့လဲ ဒီနှစ် နှစ်စကတည်းက သွေးလွန်တုပ်ကွေး ဖြစ်တာနဲ့ ပြင်းထန်တဲ့ ဖြစ်ပွားမှု တချို့ကိုတွေ့လာတာနဲ့၊ အဖြစ်များလေ့ရိုတဲ့ မိုးရာသီဝင်လာချိန်မှာ အဓိက ရောဂါကူးစက်နိုင်တဲ့ ကျောင်းတွေ ပြန်ဖွင့်နိုင်ချိန်နဲ့ တိုက်ဆိုင်လာတာမို့လဲ ပြန်ပြီးစိုးရိမ်လာရတာပါ။

သွေးလွန်တုပ်ကွေးပိုး ကူးစက်စေတဲ့ ခြင်ကြားပိုပေါက်ရာ မိုးရာသီဝင်လာတော့မဲ့အချိန်မှာ သွေးလွန်တုပ်ကွေးဖြစ်တာ ကြိုသိနိုင်တဲ့ လက္ခဏာတွေကို စောင့်ကြည့်သင့်ပါတယ်။ လက္ခဏာတွေကတာ့ အဖျားကြီးတာ၊ အလွန်မှိန်းတာ၊ အစားအသောက်ပျက်တာ၊ ကိုက်ခဲတာ၊ ပျို့အံတာ၊ ဗိုက်နာတာ၊ အရေပြား အဖုအပိန့်ထွက်တာတွေပါ။ နှာစေး၊ ချောင်းဆိုးတာကတော့ သွေးလွန်တုပ်ကွေးမှာ ဖြစ်လေ့မရှိပါဘူး။ ဒါ့အပြင် Hess Test (ခေါ်) သွေးပေါင်ချိန်တိုင်းကရိယာနဲ့ လက်မောင်းမှာထိန်းပြီး စစ်ကြည့်လျှင်လဲ အစက်အပျောက်တွေ ထွက်လာတာ တွေ့နိုင်ပါတယ်။

သွေးလွန်တုပ်ကွေးကြောင့် အန္တရာယ်အရှိဆုံးအရွယ်ကတော့ (၃) နှစ်ကနေ (၈) နှစ်အတွင်း ကလေးတွေ ယေဘူယျ ဖြစ်လေ့ရှိပါတယ်။ အကြောင်းက ပထမအကြိမ် သွေးလွန်တုပ်ကွေးက ပိုငယ်ချိန်မှာ အများစု ဖြစ်တတ်ပြီး မပြင်းထန်သေးဘဲ၊ နောက်အကြိမ်တွေမှာသာ ပိုပြင်းထန်လေ့ရှိလို့ပါ။ ဒီနှစ်ထဲမှာလည်း အခု အရွယ်ကလေးတချို့ သွေးလန့်တဲ့အဆင့်ရောက်တာ တွေ့ရှိထားပြီး၊ ဆေးရုံဆေးခန်း အချိန်မီရောက်သူတွေကိုတော့ အသက်မဆုံးရူံးအောင် ကုသပေးနိုင်နေပါသေးတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစားဌာနမှူး၊ ပါမောက္ခ ဒေါက်တာစောဝင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG