သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေသြးလြန္တုပ္ေကြး ကာကြယ္ေရးနဲ႔ ပုံမွန္ကုသေရးအေၾကာင္း


Bangladesh Dengue

ေသြးလြန္တုပ္ေကြး ႀကိဳတင္ကာကြယ္ဖို႔ အေကာင္းဆုံးနည္းက ကူးစက္ေစတဲ့၊ ျခင္က်ားေတြ မေပါက္ဖြားေအာင္ ပိုးေလာက္လန္းႏွိမ္နင္းတာပါလို႔ က်န္းမာေရးပညာရွင္ေတြက ဆိုပါတယ္။

ျခင္က်ားမေပါက္ဖြားေအာင္ ပိုးေလာက္လန္း ႏွိမ္နင္းနည္းေတြကေတာ အတိုေကာက္အားျဖင့္ “ဖုံး-သြန္-ခပ္-စစ္၊ ေလာင္း-ေထာင္-လဲ-ဖြင့္၊ ျမဳပ္-ရွင္း-မႈတ္” ဆိုတာေတြပါ။ အေသးစိတ္ရွင္းျပရလွ်င္ေတာ့ ေရစည္၊ ေရအိုး၊ ေရကန္ေတြကို “ဖံုး” ထားဖို႔၊ ေရသိုေလွာင္ပစၥည္းေတြကို မၾကာခဏ ေရလဲ “သြန္” ၿပီး ေဆးေၾကာဖို႔၊ အုတ္ကန္က ေရမ်ိဳးကို “ခပ္” ထုတ္ေဆးေၾကာေပးဖို႔၊ ေရရွားလို႔ သြန္မပစ္ခ်င္လွ်င္ ေရစစ္သုံးၿပီး ေျပာင္းထည့္ကာ ပိုးေလာက္လန္းေတြ “စစ္” ထုတ္ပစ္ဖို႔၊ ေရတင္ႏိုင္တဲ့ ခြက္ေတြမွာ (ဥပမာ ႏို႔ဆီခြက္) အင္ဂ်င္ဝိုင္လို ပိုးသတ္ေဆး “ေလာင္း” ေပးထားဖို႔၊ ေန႔အခ်ိန္မွာလည္း ျခင္ “ေထာင္” နဲ႔့ အိပ္ဖို႔၊ ပန္းအိုး၊ ေညာင္ေရအိုးေတြကို (၂) ရက္ (၃) ရက္ တစ္ႀကိမ္ “လဲ” ၿပီး ေဆးေၾကာေပးဖို႔၊ ျပတင္းေပါက္ေတြ “ဖြင့္” ထားၿပီး အလင္းေရာင္နဲ႔ ျခင္မခိုႏိုင္ေအာင္ လုပ္ေပးဖို႔၊ ေရတင္က်န္ေနႏိုင္တဲ့ အိုးျခမ္းပဲ့၊ ဘက္ထရီအိုးေဟာင္းနဲ႔ တာယာေတြကို ေျမထဲ “ျမဳပ္” ပစ္ဖို႔၊ ျခင္ေပါက္ႏိုင္တဲ့ ၿခဳံႏြယ္ပိတ္ေပါင္းေတြကို “ရွင္း” လင္းပစ္ဖို႔နဲ႔ ျခင္ေဆးဖ်န္း “မႈတ္” ေပးတာေတြပါ။


ဒါ့အျပင္ ဒီပိုးေလာက္လန္းႏွိမ္နင္းေရး အခုေနာက္ပိုင္းမွာ ထပ္တိုး (၃) ခုက “ထည့္-စိမ္-ထိုး” ပါ။ “ထည့္” ကေတာ့ ပိုးေလာက္လန္း မေပါက္ဖြားေစႏိုင္တဲ့ အဘိတ္ (Abate) ေဆးမႈႏ္႔ကို၊ ေရတိုင္ကီ၊ စဥ့္အိုး၊ ေရေလွာင္ကန္ေတြထဲ “ထည္”့ ေပးျခင္းျဖင့္၊ ရက္သတၱပတ္ (၆) ပတ္မွ (၈) ပတ္အထိ ျခင္မေပါက္ဖြားႏိုင္ေတာ့ပါဘူး။ “စိမ္” ကေတာ့ ေဆး “စိမ္” ျခင္ေထာင္နဲ႔ လိုက္ကာေတြ သုံးဖို႔ပါ။ ေနာက္ “ထိုး” ကေတာ့ ကာကြယ္ေဆး “ထိုး” ဖို႔ပါ။ ဒါေပမဲ့ ေသြးလြန္တုပ္ေကြး ကာကြယ္ေဆးက အကန႔္အသတ္ႀကီးတာမို႔ ေရပန္းမစားဘဲ ျမန္မာမွာလည္း မတင္သြင္းေသးပါဘူး။

ပိုးေလာက္လန္းႏွိမ္နင္းနည္းနဲ႔ ကာကြယ္နည္းေတြကို ေနရာအားလုံးမွာ မလုပ္ႏိုင္လွ်င္ေတာင္၊ အဓိက ဦးစားေပးလုပ္သင့္တာက ျခင္က်ားကိုက္ေလ့ရွိတဲ့ ေန႔အခ်ိန္မွာ ကေလးေတြ နီးနီကပ္ကပ္ေနတဲ့ ေနရာေတြမွာပါ။ ဥပမာ ကေလးငယ္ေတြ စုေဝးၿပီး၊ ကူးစက္မူအဓိက ျဖစ္ေလ့ရွိတဲ့ ေက်ာင္းေတြ၊ ေန႔ကေလးထိန္းေက်ာင္းေတြ၊ မူႀကိဳေက်ာင္းနဲ႔ က်ဴရွင္ေတြ စတာေတြမွာ ပိုလုပ္ေပးသင့္ပါတယ္။

အခုလို ပိုးေလာက္လန္းႏွိမ္နင္း ကာကြယ္တဲ့ၾကားက ျခင္က်ားေပါက္လာတာတခ်ဳိ ႔ ရွိႏိုင္တာအတြက္လည္း အကိုက္မခံရေအာင္ အထက္မွာေျပာခဲ့တဲ့ ျခင္ေထာင္ကို ျခင္က်ားကိုက္တဲ့ ေန႔လည္မွာပါ ေထာင္အိပ္တာ၊ ျခင္မခိုႏိုင္ေရး ေလဝင္ေလထြက္ေကာင္းေအာင္ ျပတင္းေပါက္ ဖြင့္ထားတာအျပင္ ဆက္ကာကြယ္သင့္တဲ့နည္းေတြ ရွိပါတယ္။ ဒါေတြကေတာ့ ခႏၶာကိုယ္အမ်ားစု ဖုံးကာထားႏိုင္ေအာင္ အက်ီၤလက္ရွည္နဲ႔ ေဘာင္းဘီရွည္ေတြ ဝတ္တာ၊ ျခင္မကိုက္တဲ့ေဆး (Repellents) ျဖန္းတာ၊ လူးတာ၊ ျခင္ေဆးေခြ ထြန္းတာ စတာေတြပါ။

အခုလိုကာကြယ္တဲ့ၾကားက ေသြးလြန္တုပ္ေကြး ျဖစ္လာလွ်င္ေတာ့ မျပင္းထန္တဲ့အဆင့္မွာ၊ ပုံမွန္ကုသေပးနည္းကိုလည္း ခြဲျခားသိထားသင့္ပါတယ္။ ေသြးလြန္တုပ္ေကြးမွာ အဖ်ားအတြက္ ပါရာစီတေမာကိုသာ ေသာက္သုံးသင့္ပါတယ္။ အကိုက္အခဲလည္း သက္သာေစတဲ့ အဆင့္ျမင့္ အဖ်ားက်ေဆး (ဥပမာ Ibuprofen၊ Aspirin၊ Diclofenac စတာ) ေတြကို ေသြးလြန္တုပ္ေကြး အခ်ိန္မေ႐ြး ျဖစ္ေလ့ရွိတဲ့ ျမန္မာႏိုင္ငံမွာ လုံးဝမသုံးသင့္ပါဘူး။ အေၾကာင္းက ဒီေဆးေတြက ေသြးက်ဲမူျဖစ္ေစတာေၾကာင့္ ေသြးလြန္တုတ္ေကြးမွာ ေသြးယိုစိမ့္မူ ပိုျဖစ္ေစၿပီး အႏၲရာယ္ႀကီးလြန္းလို႔ပါ။

ဒါ့အျပင္ မက္ကေလာင္ ေဖာက္တာ၊ ျခစ္တာ (အပ္နဲ႔ အေရျပားကိုေဖာက္တာ၊ အေႂကြေစ့လိုသတၱဳအျပားနဲ႔ အေရးျပားကို ျခစ္တာ) စတာမ်ိဳးေတြလည္း မွာယြင္းယုံၾကည္ၿပီး လုံးဝ မလုပ္သင့္ပါဘူး။ အေၾကာင္းက လက္ေတြ႔မွာ နာက်င္ဒဏ္ေၾကာင့္ ေအာ္ဟစ္ရၿပီး ေခြၽးပါျပန္ကာ၊ အဖ်ား ေခတၱက်ႏိုင္ေစေပမဲ့၊ ေရာဂါကို မသက္သာေစပါဘူး။ ဒါ့အျပင္ အေရးျပား ပြန္းပဲ့ဒဏ္ရာေတြကတဆင့္ ပိုးဝင္ၿပီး၊ ေသြးလြန္တုပ္ေကြးဒဏ္အျပင္၊ ေသြးဆိပ္တက္တာပါ အႏၲရာယ္ႀကီးလာႏိုင္တာမို႔ပါ။ တခ်ိန္ထဲမွာ ေသြးလြန္တုပ္ေကြးမွာ ေရဓါတ္ဆားဓါတ္ တစုံတရာ ဆုံး႐ူံးႏိုင္တာအတြက္ ဓါတ္ဆားထုတ္ တကယ္မလိုဘဲ၊ အိမ္သုံးဆား သၾကားေတြကို ေရနဲ႔ေဖ်ာ္ၿပီး အေတာ္အသင့္ ေသာက္ႏိုင္သလို (အလြန္အကြၽံမလို)၊ အစားအေသာက္ (ဥပမာ ဆန္ျပဳတ္၊ ေခါက္ဆြဲျပဳတ္၊ ေဖ်ာ္ရည္) ေတြထဲ ထည့္စားျခင္းျဖင့္ ပုံမွန္ျပန္ျဖည့္ဆည္းေပးႏိုင္ပါတယ္။

ဒီအေၾကာင္းပိုမိုသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္းက ကေလးအထူးကုနဲ႔ ေဆးတကၠသိုလ္ (၁) ကေလးက်န္းမာ၊ပညာဌာန အၿငိမ္းစား ဌာနမႉး၊ ပါေမာကၡ ေဒါက္တာေစာဝင္းကို ဆက္သြယ္ေမးျမန္းထားပါတယ္။

=== Unicode ===

သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ဖို့ အကောင်းဆုံးနည်းက ကူးစက်စေတဲ့၊ ခြင်ကျားတွေ မပေါက်ဖွားအောင် ပိုးလောက်လန်းနှိမ်နင်းတာပါလို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

ခြင်ကျားမပေါက်ဖွားအောင် ပိုးလောက်လန်း နှိမ်နင်းနည်းတွေကတော အတိုကောက်အားဖြင့် “ဖုံး-သွန်-ခပ်-စစ်၊ လောင်း-ထောင်-လဲ-ဖွင့်၊ မြုပ်-ရှင်း-မှုတ်” ဆိုတာတွေပါ။ အသေးစိတ်ရှင်းပြရလျှင်တော့ ရေစည်၊ ရေအိုး၊ ရေကန်တွေကို “ဖုံး” ထားဖို့၊ ရေသိုလှောင်ပစ္စည်းတွေကို မကြာခဏ ရေလဲ “သွန်” ပြီး ဆေးကြောဖို့၊ အုတ်ကန်က ရေမျိုးကို “ခပ်” ထုတ်ဆေးကြောပေးဖို့၊ ရေရှားလို့ သွန်မပစ်ချင်လျှင် ရေစစ်သုံးပြီး ပြောင်းထည့်ကာ ပိုးလောက်လန်းတွေ “စစ်” ထုတ်ပစ်ဖို့၊ ရေတင်နိုင်တဲ့ ခွက်တွေမှာ (ဥပမာ နို့ဆီခွက်) အင်ဂျင်ဝိုင်လို ပိုးသတ်ဆေး “လောင်း” ပေးထားဖို့၊ နေ့အချိန်မှာလည်း ခြင် “ထောင်” နဲ့ အိပ်ဖို့၊ ပန်းအိုး၊ ညောင်ရေအိုးတွေကို (၂) ရက် (၃) ရက် တစ်ကြိမ် “လဲ” ပြီး ဆေးကြောပေးဖို့၊ ပြတင်းပေါက်တွေ “ဖွင့်” ထားပြီး အလင်းရောင်နဲ့ ခြင်မခိုနိုင်အောင် လုပ်ပေးဖို့၊ ရေတင်ကျန်နေနိုင်တဲ့ အိုးခြမ်းပဲ့၊ ဘက်ထရီအိုးဟောင်းနဲ့ တာယာတွေကို မြေထဲ “မြုပ်” ပစ်ဖို့၊ ခြင်ပေါက်နိုင်တဲ့ ခြုံနွယ်ပိတ်ပေါင်းတွေကို “ရှင်း” လင်းပစ်ဖို့နဲ့ ခြင်ဆေးဖျန်း “မှုတ်” ပေးတာတွေပါ။


ဒါ့အပြင် ဒီပိုးလောက်လန်းနှိမ်နင်းရေး အခုနောက်ပိုင်းမှာ ထပ်တိုး (၃) ခုက “ထည့်-စိမ်-ထိုး” ပါ။ “ထည့်” ကတော့ ပိုးလောက်လန်း မပေါက်ဖွားစေနိုင်တဲ့ အဘိတ် (Abate) ဆေးမှုန့်ကို၊ ရေတိုင်ကီ၊ စဉ့်အိုး၊ ရေလှောင်ကန်တွေထဲ “ထည်”့ ပေးခြင်းဖြင့်၊ ရက်သတ္တပတ် (၆) ပတ်မှ (၈) ပတ်အထိ ခြင်မပေါက်ဖွားနိုင်တော့ပါဘူး။ “စိမ်” ကတော့ ဆေး “စိမ်” ခြင်ထောင်နဲ့ လိုက်ကာတွေ သုံးဖို့ပါ။ နောက် “ထိုး” ကတော့ ကာကွယ်ဆေး “ထိုး” ဖို့ပါ။ ဒါပေမဲ့ သွေးလွန်တုပ်ကွေး ကာကွယ်ဆေးက အကန့်အသတ်ကြီးတာမို့ ရေပန်းမစားဘဲ မြန်မာမှာလည်း မတင်သွင်းသေးပါဘူး။

ပိုးလောက်လန်းနှိမ်နင်းနည်းနဲ့ ကာကွယ်နည်းတွေကို နေရာအားလုံးမှာ မလုပ်နိုင်လျှင်တောင်၊ အဓိက ဦးစားပေးလုပ်သင့်တာက ခြင်ကျားကိုက်လေ့ရှိတဲ့ နေ့အချိန်မှာ ကလေးတွေ နီးနီကပ်ကပ်နေတဲ့ နေရာတွေမှာပါ။ ဥပမာ ကလေးငယ်တွေ စုဝေးပြီး၊ ကူးစက်မူအဓိက ဖြစ်လေ့ရှိတဲ့ ကျောင်းတွေ၊ နေ့ကလေးထိန်းကျောင်းတွေ၊ မူကြိုကျောင်းနဲ့ ကျူရှင်တွေ စတာတွေမှာ ပိုလုပ်ပေးသင့်ပါတယ်။

အခုလို ပိုးလောက်လန်းနှိမ်နင်း ကာကွယ်တဲ့ကြားက ခြင်ကျားပေါက်လာတာတချို့ ရှိနိုင်တာအတွက်လည်း အကိုက်မခံရအောင် အထက်မှာပြောခဲ့တဲ့ ခြင်ထောင်ကို ခြင်ကျားကိုက်တဲ့ နေ့လည်မှာပါ ထောင်အိပ်တာ၊ ခြင်မခိုနိုင်ရေး လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက် ဖွင့်ထားတာအပြင် ဆက်ကာကွယ်သင့်တဲ့နည်းတွေ ရှိပါတယ်။ ဒါတွေကတော့ ခန္ဓာကိုယ်အများစု ဖုံးကာထားနိုင်အောင် အကျီၤလက်ရှည်နဲ့ ဘောင်းဘီရှည်တွေ ဝတ်တာ၊ ခြင်မကိုက်တဲ့ဆေး (Repellents) ဖြန်းတာ၊ လူးတာ၊ ခြင်ဆေးခွေ ထွန်းတာ စတာတွေပါ။

အခုလိုကာကွယ်တဲ့ကြားက သွေးလွန်တုပ်ကွေး ဖြစ်လာလျှင်တော့ မပြင်းထန်တဲ့အဆင့်မှာ၊ ပုံမှန်ကုသပေးနည်းကိုလည်း ခွဲခြားသိထားသင့်ပါတယ်။ သွေးလွန်တုပ်ကွေးမှာ အဖျားအတွက် ပါရာစီတမောကိုသာ သောက်သုံးသင့်ပါတယ်။ အကိုက်အခဲလည်း သက်သာစေတဲ့ အဆင့်မြင့် အဖျားကျဆေး (ဥပမာ Ibuprofen၊ Aspirin၊ Diclofenac စတာ) တွေကို သွေးလွန်တုပ်ကွေး အချိန်မရွေး ဖြစ်လေ့ရှိတဲ့ မြန်မာနိုင်ငံမှာ လုံးဝမသုံးသင့်ပါဘူး။ အကြောင်းက ဒီဆေးတွေက သွေးကျဲမူဖြစ်စေတာကြောင့် သွေးလွန်တုတ်ကွေးမှာ သွေးယိုစိမ့်မူ ပိုဖြစ်စေပြီး အန္တရာယ်ကြီးလွန်းလို့ပါ။

ဒါ့အပြင် မက်ကလောင် ဖောက်တာ၊ ခြစ်တာ (အပ်နဲ့ အရေပြားကိုဖောက်တာ၊ အကြွေစေ့လိုသတ္တုအပြားနဲ့ အရေးပြားကို ခြစ်တာ) စတာမျိုးတွေလည်း မှာယွင်းယုံကြည်ပြီး လုံးဝ မလုပ်သင့်ပါဘူး။ အကြောင်းက လက်တွေ့မှာ နာကျင်ဒဏ်ကြောင့် အော်ဟစ်ရပြီး ချွေးပါပြန်ကာ၊ အဖျား ခေတ္တကျနိုင်စေပေမဲ့၊ ရောဂါကို မသက်သာစေပါဘူး။ ဒါ့အပြင် အရေးပြား ပွန်းပဲ့ဒဏ်ရာတွေကတဆင့် ပိုးဝင်ပြီး၊ သွေးလွန်တုပ်ကွေးဒဏ်အပြင်၊ သွေးဆိပ်တက်တာပါ အန္တရာယ်ကြီးလာနိုင်တာမို့ပါ။ တချိန်ထဲမှာ သွေးလွန်တုပ်ကွေးမှာ ရေဓါတ်ဆားဓါတ် တစုံတရာ ဆုံးရူံးနိုင်တာအတွက် ဓါတ်ဆားထုတ် တကယ်မလိုဘဲ၊ အိမ်သုံးဆား သကြားတွေကို ရေနဲ့ဖျော်ပြီး အတော်အသင့် သောက်နိုင်သလို (အလွန်အကျွံမလို)၊ အစားအသောက် (ဥပမာ ဆန်ပြုတ်၊ ခေါက်ဆွဲပြုတ်၊ ဖျော်ရည်) တွေထဲ ထည့်စားခြင်းဖြင့် ပုံမှန်ပြန်ဖြည့်ဆည်းပေးနိုင်ပါတယ်။

ဒီအကြောင်းပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစား ဌာနမှူး၊ ပါမောက္ခ ဒေါက်တာစောဝင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG