သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

H1N1 ရာသီတုပ်ကွေးကြောင့် သေဆုံးမှု


prevention form H1N1 (Maung Saungkha)
H1N1 ရာသီတုပ်ကွေးကြောင့် သေဆုံးမှု
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

H1N1 ကြောင့် သေဆုံးရသူတွေစာရင်း ဒီနှစ်ပိုမိုထွက်လာပေမယ့်၊ အများစုက သေဆုံးဖို့ အန္တရာယ်များတဲ့သူတွေ ဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောကြားပါတယ်။

ဒီနှစ်မှာ H1N1 ရာသီတုပ်ကွေးကြောင့် သေဆုံးရသူစာရင်း ပိုထွက်လာတာက ရောဂါပြင်းထန်လွန်းတဲ့သူတွေကိုသာ ပိုမိုစစ်ဆေးမူတွေ လုပ်မိတာကြောင့် ဖြစ်နိုင်ပြီး၊ ဒီသေဆုံးရသူ အများစုက ကိုယ်ခံအားနည်းလေ့ရှိတဲ့ ငယ်လွန်း၊ အသက်ကြီးလွန်းသူတွေနဲ့ ရောဂါအခံရှိထားသူ (ဆီးချို၊ သွေးတိုး၊ နှလုံး)၊ ကိုယ်ဝန်ဆောင်သူတွေ ဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

အထက်ပါ သေဆုံးဖို့ အန္တရာယ်များသူတွေအနေနဲ့ ဒီရောဂါမဖြစ်အောင် ကာကွယ်နိုင်ဖို့ အများသူငှာလည်း လုပ်ဆောင်သင့်တာက လက်ကို မကြာခဏဆေးကြောပေးဖို့ အရေးကြီးပါတယ်။အကြောင်းက ဒီရောဂါရှိသူက စင်ထွက်လာတဲ့ တံတွေးနဲ့ သလိပ်တွေထိထားတဲ့ ပစ္စည်းတွေကို ကိုင်တွယ်မိရာကနေ ပါးစပ်နဲ့ နှာခေါင်းကို ပွတ်မိပြီး ရောဂါကူးဖို့ များလို့ပါ။ဒီရောဂါရှိထားသူ ချောင်းဆိုး၊ နှာချေတာကတဆင့် လေထဲကနေ ထွက်လာတဲ့ ရောဂါပိုးမွှားတွေက လေးပြီး (၃) ပေခန့်သာလွင့်နိုင်တာမို့၊ တိုက်ရိုက်လေထဲကကူးဖို့ သိပ်မများပါဘူး။ ဒါပေမဲ့ ကာကွယ်နိုင်ဖို့အတွက် နှာခေါင်းအုပ်တပ်တာ၊ လူစုလူဝေးရှိတဲ့နေရာတွေကို ရှောင်ကျဉ်တာအပြင်၊ ကိုယ်ခံအားကောင်းအောင် ကောင်းကောင်းအိပ်၊ အနားယူကာ၊ အာဟာပြည့်အောင်စားတာတွေ လုပ်ပေးသင့်ပါတယ်။

ဒါ့အပြင် ဒီနှစ် တုပ်ကွေးကာကွယ်ဆေးမှာ H1N1 ပါလာပြီး ၅၀% ကနေ ၈၀% အထိ ကာကွယ်ပေးနိုင်တာမို့၊ အထက်ပါ သေဆုံးဖို့ အန္တရာယ်များသူတွေအတွက် ဒီ ကာကွယ်ဆေးကို ဦးစားပေး ထိုးပေးသင့်ပါတယ်။ဒါ့အပြင် လူနာတွေဆီ ကူးစက်စေနိုင်တဲ့ ကျန်းမာရေးဝန်ထမ်း၊ ဆေးကျောင်းသား၊ ကျောင်းသူနဲ့ သူနာပြုသင်တန်းသား၊ သင်တန်းသူတွေကိုလည်း ဦးစားပေးအနေနဲ့ ဒီကာကွယ်ဆေး ထိုးပေးထားသင့်ပါတယ်။အခြားသူတွေကို မကူးစေဖို့ ဒီရောဂါရှိထားတဲ့ ကလေးတွေကို ကျောင်းမလွှတ်သင့်ပါဘူး။ ဒီရောဂါရှိပြီးသူတွေအနေနဲ့လည်း ချောင်းဆိုး၊နှာချေရာမှာ ပါးစပ်နဲ့နှာခေါင်းအပေါ် လက်ကိုင်ပုဝါအုပ်ထားသင့်ပါတယ်။

အကယ်၍ သေဆုံးဖို့ အန္တရာယ်များသူတွေမှာ ဒီရောဂါ ဖြစ်လာလျှင်လည်း၊ စောစောသိပြီး ထိရောက်တဲ့ ကုသမူ ခံယူနိုင်လျှင် သေဆုံးဖို့ အန္တရာယ် လျော့သွားနိုင်ပါတယ်။ တုပ်ကွေးစဖြစ်ချိန်ကတည်းက ဆရာဝန်စပြနိုင်လျှင် အကောင်းဆုံးဖြစ်ပြီး၊ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အစပိုင်းအဆင့်မှာ သာမန်အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေး၊ နှာစေးပျောက်ဆေးတွေနဲ့ ကုသကာ၊ နောက်ဆက်တွဲ ဘက်တီးရီးယားပိုးဝင်လာကာ အဆုပ်အအေးမိတာဖြစ်နိုင်လျှင် ပဋိဇီဝပိုးသတ်ဆေး ဆရာဝန်က ကြိုပေးနိုင်ပြီး၊ ပြင်းထန်တဲ့ အဆုပ်အအေးမိတာ ဖြစ်လျှင်လည်း အသက်ရူအားကူး ပေးနိုင်ပါတယ်။အကယ်၍ ဒီ အစပိုင်းမှာ ဆရာဝန် ပြတာ၊ ဖြစ်လျှင်တောင်၊ အဖျားက ကြာလာပြီး (ပုံမှန် သုံးရက်မှ ငါးရက်တွင်းပျောက်သင့်)၊ အဖျားကြီးကာ မှိန်းတာ၊ အသက်ရှုကြပ်တာ၊ လူကြီးတွေမှာ သွေးပေါင်ကျတာ၊ ကလေးတွေမှာ အစားအသောက်၊ ရေ မဝင်တာ၊ နို့မစို့တာတွေ ဖြစ်လာလျှင်တော့၊ မဖြစ်မနေ ဆရာဝန်အမြန်ပြဖို့ အထူးအရေးကြီးပါတယ်။ ဒီအဆင့်မှာ နောက်ဆက်တွဲဖြစ်တဲ့ အဆုပ်အအေးမိတာဝင်သွားပြီမို့၊ ထိရောက်တဲ့ ပဋိဇီဝပိုးသတ်ဆေးတွေပေးပြီး၊ လိုအပ်လျှင် လေပြွန်ကျယ်ဆေးပေးတာ၊ အောက်ဆီဂျင်ပေးတာနဲ့ အသက်ရှုအားကူစက်ပေးတာတွေ လုပ်ပေးဖို့ အထူးအရေးကြီးပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG