ႏွလုံးေဖာက္တာကို ႐ုတ္ခ်ည္းျဖစ္ေစတဲ့ ေသြးေၾကာ ႐ုတ္တရက္ပိတ္တာကို ႀကိဳသိဖို႔ခက္ေပမဲ့၊ ျဖည္းျဖည္းခ်င္းျဖစ္ေစတဲ့ ႏွလုံးေသြးေၾကာက်ဥ္းၿပီး တျဖည္းျဖည္း ပိတ္လာတာကိုေတာ့ ႀကိဳသိႏိုင္တယ္လို႔ ႏွလုံးအထူးကုေတြက ဆိုပါတယ္။
႐ုတ္တရက္ ေသြးေၾကာပိတ္သူေတြ ထက္ဝက္ခန႔္မွာက ႀကိဳတင္သိႏိုင္တဲ့ ႏွလုံးေသြးေၾကာက်ဥ္းတာ မရွိဘဲ၊ ႐ုတ္ခ်ဥ္းျဖစ္ရတာေၾကာင့္ ႀကိဳသိႏိုင္တဲ့ လကၡဏာေတြကို သိဖို႔ခက္ရတာပါ။ လူနာတခ်ဳိ ႔မွာလည္း ႀကိဳတင္ႏွလုံးေအာင့္တာကို အစာအိမ္အနာ ေလနာလို တျခားေအာင့္တာေတြေၾကာင့္ ထင္ၿပီး၊ လြတ္သြားတတ္သလို၊ ေဆးဝန္ထမ္းေတြဘက္ကလည္း လူနာရာဇဝင္ယူရာမွာ အခုလိုမေပၚတာေၾကာင့္ သတိမျပဳဘဲ ထပ္လြတ္သြားတတ္ပါတယ္။ ဒါေပမဲ့ ယခင္ေသြးေၾကာက်ဥ္းတဲ့ လကၡဏာေတြ သိထားၿပီး ျဖည္းျဖည္းခ်င္း ႏွလုံးေသြးေၾကာပိတ္သူေတြမွာေတာ့ ႀကိဳသိႏိုင္ပါတယ္။
ႏွလုံးေဖာက္တာ ျဖစ္လာႏိုင္တာကို အခုလိုႀကိဳသိႏိုင္တဲ့ ႏွလုံးေသြးေၾကာက်ဥ္း လကၡဏာေတြကေတာ့ အဓိကအားျဖင့္ ရင္ဘတ္ေအာင့္တာနဲ႔ အသက္႐ူၾကပ္ေမာတာေတြပါ။ ရင္ဘတ္ေအာင့္တာမွာလည္း လူအမ်ားနားလည္ထားသလို ေအာင့္တာထက္စာရင္၊ တကယ္က ရင္ဘတ္ဆို႔နင့္ၾကပ္ေနတာက (အျပင္က ေလးလံတာနဲ႔ အတင္းဖိထားသလိုမ်ိဳး) ပိုအျဖစ္မ်ားပါတယ္။ ေအာင့္တဲ့ေနရာကလည္း အမ်ားထင္ထားသလို ဘယ္ဖက္ရင္အုံ (အမ်ိဳးသားမွာ ႏို႔သီးေအာက္) ထက္စာလွ်င္ ရင္ဘတ္အလယ္ (ရင္ၫႊန႔္႐ိုးေအာက္) တည့္တည့္မွာ ပိုအျဖစ္မ်ားၿပီး၊ တခါတရံ အေပၚဖက္တက္သြားလွ်င္ လည္ပင္းညႇစ္ထားသလိုျဖစ္တာနဲ႔ ေမး႐ိုးနာက်ဥ္ကိုက္ခဲတာေတြ၊ ဘယ္ဖက္လက္ေမာင္းနဲ႔ ဘယ္ဖက္လက္အတြင္းပိုင္းေတြမွာ ဆက္ေအာင့္တတ္ကာ၊ ေအာက္ပိုင္းဆင္းသြားလွ်င္ေတာ့ ရင္ဝေနရာ (အစာအိမ္ရွိရာ) ခ်က္အေပၚပိုင္းမွာသာ နာတတ္ပါတယ္။ ခ်က္ေအာက္ပိုင္ းနာတာဆိုလွ်င္ေတာ့ ႏွလုံးနဲ႔ မဆိုင္သေလာက္ ျဖစ္ပါတယ္။ ႏွလုံးေၾကာင့္ ေအာင့္တာကလည္း အလိုလိုျဖစ္ေနတာမဟုတ္ဘဲ လူပ္ရွားမူနဲ႔ စိတ္ဖိစီးမူမ်ားခ်ိန္ (ဥပမာ ေလွခါးတက္ခ်ိန္၊ လူပ္ရွားသြားလာခ်ိန္၊ အေလးအပင္မခ်ိန္၊ စိတ္ဖိစီးတာနဲ႔ ေဒါသထြက္ခ်ိန္မ်ိဳး) မွာသာျဖစ္ၿပီး အနားယူလိုက္လွ်င္ မၾကာခင္ ျပန္ေကာင္းသြားေလ့ရွိပါတယ္။ ဒါ့အျပင္ ကိုယ္တြင္းအဂၤါျဖစ္တဲ့ ႏွလုံးက နာတာမို႔ ေအာင့္တာနဲ႔အတူ ေခြၽးစီးျပန္တာ၊ ေလတက္တာ၊ ပ်ိဳ႕ခ်င္ အန္ခ်င္တာေတြ တြဲျဖစ္ေလ့ရွိပါတယ္။ ပိုဆိုးလာလွ်င္ေတာ့ အမ်ားသိတဲ့ ေဇာေခြၽးျပန္တဲ့အဆင့္ ျဖစ္လာကာ၊ ႏွလုံးေသြးေၾကာက်ဥ္းတာတင္မကေတာ့ဘဲ ပိတ္သြားတဲ့အဆင့္ေရာက္သြားႏိုင္ပါတယ္။ အလားတူ ေနာက္လကၡဏာျဖစ္တဲ့ အသက္႐ူၾကပ္ေမာတာကလည္း လူပ္ရွားမူမ်ားခ်ိန္မွာသာျဖစ္ၿပီး၊ နားလိုက္လွ်င္ ခဏအတြင္း သက္သာသြားတတ္ပါတယ္။ လုံးဝေသခ်ာေအာင္ကေတာ့ ECG (Electrocardiogram) ခ်က္ခ်င္း ႐ိုက္စစ္ေဆးၾကည့္တာပါ။
ဒါ့အျပင္ ႏွလုံးေဖာက္ေသဆုံးရတာကလည္း ေသြးေၾကာပိတ္ပုံနဲ႔ ေဘးကအကူေသြးေၾကာေတြအေပၚ မူတည္ျပန္ပါတယ္။ ႐ုတ္တရက္ ႏွလုံးေသြးေၾကာပိတ္သူေတြမွာ ကုဖို႔ အခ်ိန္မရလိုက္ဘဲ ႐ုတ္တရက္ေသဆုံးတာ (Sudden Death) ျဖစ္ဖို႔မ်ားေပမဲ့၊ ေသြးေၾကာက်ဥ္းၿပီး တျဖည္းျဖည္းပိတ္လာသူေတြမွာေတာ့ ေဘးကေသြးေၾကာေတြ အကူေၾကာင့္ ခ်က္ခ်င္းေသဆုံးေလ့မရွိပါဘူး။ အခုလို ေဘးကကူေပးႏိုင္တဲ့ စစ္ကူေသြးေၾကာ အဆြယ္အပြား (Collaterals) ေတြအားေကာင္းမူေၾကာင့္ ႏွလုံးႂကြက္သားေသြးျပန္ရတာကလည္း၊ အားကစားလူပ္သူနဲ႔ လူပ္ရွားမူရွိသူေတြမွာ ပိုအားေကာင္းတာမို႔ ခ်က္ခ်င္းေသဆုံးဖို႔ နည္းပါတယ္။ ဒါေပမဲ့ အားကစားလူပ္ရွားမူ မရွိဘဲ၊ အၿမဲနီးပါး ထိုင္ၿပီး အလုပ္လုပ္ ေနထိုင္ေလ့ရွိသူေတြမွာေတာ့ ဒီေဘးကအကူ ေသြးေၾကာေတြ အားနည္းတတ္တာမို႔၊ ေသြးငတ္တဲ့ ႏွလုံးႂကြက္သားအမ်ားအျပား တခါထဲ ထိခိုက္သြားႏိုင္ကာ၊ ႐ုတ္တရက္ေသဆုံးဖို႔ မ်ားသြားတတ္ျပန္ပါတယ္။
ဒီေရာဂါဆိုင္ရာအေၾကာင္း ပိုမုိသိရိွနားလည္ႏိုင္ဖုိ႔ ကိုဝင္းမင္းက မႏၲေလးေဆး႐ုံႀကီးက ႏွလုံးေရာဂါအထူးကုနဲ႔ မႏၲေလး ေဆးတကၠသိုလ္၊ ႏွလုံးေရာဂါအထူးကုဌာန ပါေမာကၡဌာနမူး ေဒါက္တာေက်ာ္စိုးဝင္း ကို ဆက္သြယ္ေမးျမန္းထားပါတယ္။
===Unicode====
နှလုံးဖောက်တာကို ရုတ်ချည်းဖြစ်စေတဲ့ သွေးကြော ရုတ်တရက်ပိတ်တာကို ကြိုသိဖို့ခက်ပေမဲ့၊ ဖြည်းဖြည်းချင်းဖြစ်စေတဲ့ နှလုံးသွေးကြောကျဉ်းပြီး တဖြည်းဖြည်း ပိတ်လာတာကိုတော့ ကြိုသိနိုင်တယ်လို့ နှလုံးအထူးကုတွေက ဆိုပါတယ်။
ရုတ်တရက် သွေးကြောပိတ်သူတွေ ထက်ဝက်ခန့်မှာက ကြိုတင်သိနိုင်တဲ့ နှလုံးသွေးကြောကျဉ်းတာ မရှိဘဲ၊ ရုတ်ချဉ်းဖြစ်ရတာကြောင့် ကြိုသိနိုင်တဲ့ လက္ခဏာတွေကို သိဖို့ခက်ရတာပါ။ လူနာတချို့မှာလည်း ကြိုတင်နှလုံးအောင့်တာကို အစာအိမ်အနာ လေနာလို တခြားအောင့်တာတွေကြောင့် ထင်ပြီး၊ လွတ်သွားတတ်သလို၊ ဆေးဝန်ထမ်းတွေဘက်ကလည်း လူနာရာဇဝင်ယူရာမှာ အခုလိုမပေါ်တာကြောင့် သတိမပြုဘဲ ထပ်လွတ်သွားတတ်ပါတယ်။ ဒါပေမဲ့ ယခင်သွေးကြောကျဉ်းတဲ့ လက္ခဏာတွေ သိထားပြီး ဖြည်းဖြည်းချင်း နှလုံးသွေးကြောပိတ်သူတွေမှာတော့ ကြိုသိနိုင်ပါတယ်။
နှလုံးဖောက်တာ ဖြစ်လာနိုင်တာကို အခုလိုကြိုသိနိုင်တဲ့ နှလုံးသွေးကြောကျဉ်း လက္ခဏာတွေကတော့ အဓိကအားဖြင့် ရင်ဘတ်အောင့်တာနဲ့ အသက်ရူကြပ်မောတာတွေပါ။ ရင်ဘတ်အောင့်တာမှာလည်း လူအများနားလည်ထားသလို အောင့်တာထက်စာရင်၊ တကယ်က ရင်ဘတ်ဆို့နင့်ကြပ်နေတာက (အပြင်က လေးလံတာနဲ့ အတင်းဖိထားသလိုမျိုး) ပိုအဖြစ်များပါတယ်။ အောင့်တဲ့နေရာကလည်း အများထင်ထားသလို ဘယ်ဖက်ရင်အုံ (အမျိုးသားမှာ နို့သီးအောက်) ထက်စာလျှင် ရင်ဘတ်အလယ် (ရင်ညွှန့်ရိုးအောက်) တည့်တည့်မှာ ပိုအဖြစ်များပြီး၊ တခါတရံ အပေါ်ဖက်တက်သွားလျှင် လည်ပင်းညှစ်ထားသလိုဖြစ်တာနဲ့ မေးရိုးနာကျဉ်ကိုက်ခဲတာတွေ၊ ဘယ်ဖက်လက်မောင်းနဲ့ ဘယ်ဖက်လက်အတွင်းပိုင်းတွေမှာ ဆက်အောင့်တတ်ကာ၊ အောက်ပိုင်းဆင်းသွားလျှင်တော့ ရင်ဝနေရာ (အစာအိမ်ရှိရာ) ချက်အပေါ်ပိုင်းမှာသာ နာတတ်ပါတယ်။ ချက်အောက်ပိုင် းနာတာဆိုလျှင်တော့ နှလုံးနဲ့ မဆိုင်သလောက် ဖြစ်ပါတယ်။ နှလုံးကြောင့် အောင့်တာကလည်း အလိုလိုဖြစ်နေတာမဟုတ်ဘဲ လူပ်ရှားမူနဲ့ စိတ်ဖိစီးမူများချိန် (ဥပမာ လှေခါးတက်ချိန်၊ လူပ်ရှားသွားလာချိန်၊ အလေးအပင်မချိန်၊ စိတ်ဖိစီးတာနဲ့ ဒေါသထွက်ချိန်မျိုး) မှာသာဖြစ်ပြီး အနားယူလိုက်လျှင် မကြာခင် ပြန်ကောင်းသွားလေ့ရှိပါတယ်။ ဒါ့အပြင် ကိုယ်တွင်းအင်္ဂါဖြစ်တဲ့ နှလုံးက နာတာမို့ အောင့်တာနဲ့အတူ ချွေးစီးပြန်တာ၊ လေတက်တာ၊ ပျို့ချင် အန်ချင်တာတွေ တွဲဖြစ်လေ့ရှိပါတယ်။ ပိုဆိုးလာလျှင်တော့ အများသိတဲ့ ဇောချွေးပြန်တဲ့အဆင့် ဖြစ်လာကာ၊ နှလုံးသွေးကြောကျဉ်းတာတင်မကတော့ဘဲ ပိတ်သွားတဲ့အဆင့်ရောက်သွားနိုင်ပါတယ်။ အလားတူ နောက်လက္ခဏာဖြစ်တဲ့ အသက်ရူကြပ်မောတာကလည်း လူပ်ရှားမူများချိန်မှာသာဖြစ်ပြီး၊ နားလိုက်လျှင် ခဏအတွင်း သက်သာသွားတတ်ပါတယ်။ လုံးဝသေချာအောင်ကတော့ ECG (Electrocardiogram) ချက်ချင်း ရိုက်စစ်ဆေးကြည့်တာပါ။
ဒါ့အပြင် နှလုံးဖောက်သေဆုံးရတာကလည်း သွေးကြောပိတ်ပုံနဲ့ ဘေးကအကူသွေးကြောတွေအပေါ် မူတည်ပြန်ပါတယ်။ ရုတ်တရက် နှလုံးသွေးကြောပိတ်သူတွေမှာ ကုဖို့ အချိန်မရလိုက်ဘဲ ရုတ်တရက်သေဆုံးတာ (Sudden Death) ဖြစ်ဖို့များပေမဲ့၊ သွေးကြောကျဉ်းပြီး တဖြည်းဖြည်းပိတ်လာသူတွေမှာတော့ ဘေးကသွေးကြောတွေ အကူကြောင့် ချက်ချင်းသေဆုံးလေ့မရှိပါဘူး။ အခုလို ဘေးကကူပေးနိုင်တဲ့ စစ်ကူသွေးကြော အဆွယ်အပွား (Collaterals) တွေအားကောင်းမူကြောင့် နှလုံးကြွက်သားသွေးပြန်ရတာကလည်း၊ အားကစားလူပ်သူနဲ့ လူပ်ရှားမူရှိသူတွေမှာ ပိုအားကောင်းတာမို့ ချက်ချင်းသေဆုံးဖို့ နည်းပါတယ်။ ဒါပေမဲ့ အားကစားလူပ်ရှားမူ မရှိဘဲ၊ အမြဲနီးပါး ထိုင်ပြီး အလုပ်လုပ် နေထိုင်လေ့ရှိသူတွေမှာတော့ ဒီဘေးကအကူ သွေးကြောတွေ အားနည်းတတ်တာမို့၊ သွေးငတ်တဲ့ နှလုံးကြွက်သားအများအပြား တခါထဲ ထိခိုက်သွားနိုင်ကာ၊ ရုတ်တရက်သေဆုံးဖို့ များသွားတတ်ပြန်ပါတယ်။
ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက မန္တလေးဆေးရုံကြီးက နှလုံးရောဂါအထူးကုနဲ့ မန္တလေး ဆေးတက္ကသိုလ်၊ နှလုံးရောဂါအထူးကုဌာန ပါမောက္ခဌာနမူး ဒေါက်တာကျော်စိုးဝင်း ကို ဆက်သွယ်မေးမြန်းထားပါတယ်။