သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေႏြအပူဒဏ္ သတိျပဳကာကြယ္ေရး


Pedestrians use umbrellas to protect themselves from sun as they cross a road in downtown Yangon, Myanmar on Thursday, April 8 ,2010.

ျမန္မာႏိုင္ငံထဲ ပူျပင္းတဲ့ ေႏြရာသီ ဝင္လာခ်ိန္မွာ ဒီႏွစ္အတြင္း မီးနဲ႔ေရ ပိုျပတ္လာတာေၾကာင့္၊ အပူဒဏ္ ပိုခံရလာႏိုင္တယ္လို႔ က်န္းမာေရးပညာရွင္ေတြက ႀကိဳတင္သတိေပးေနပါတယ္။

အခုလို ရာသီဥတုပူလာတာနဲ႔အမွ် မီးပ်က္ေရပ်က္ ပိုျဖစ္လာခ်ိန္မွာ အပူဒဏ္ေၾကာင့္ျဖစ္တဲ့ ေရာဂါေတြ စျဖစ္လာၾကမွာကို စိုးရိမ္ရပါတယ္။ ပထမအဆင့္ကတာ့ အပူေၾကာင့္ ႏုံးခ်ည့္တာျဖစ္ၿပီး၊ ဒုတိယအဆင့္ကေတာ့ အပူေၾကာင့္ ကိုယ္အပူခ်ိန္တိုး၊ အဖ်ားတက္တာပါ။ အပူခ်ိန္ပိုမ်ားတဲ့ အပူပိုင္းေဒသ ျမန္မာႏိုင္ငံအလယ္ပိုင္းေတြမွာ ပိုစိုးရိမ္ရပါတယ္။ ဒီအပူဒဏ္ကို သက္ႀကီးေတြနဲ႔ ခႏၶာကိုယ္အပူခ်ိန္ထိန္းတာ (Thermoregulation)၊ အားနည္းတဲ့ ကေလးေတြမွာ ပိုခံစားရေလ့ရွိတာမို႔ ပိုအထူးဂ႐ုစိုက္ေပးသင့္ပါတယ္။ အထူးသျဖင့္ ပူတဲ့ေနရာေတြျဖစ္တဲ့ ေနပူထဲ အလုပ္လုပ္ရသူေတြနဲ႔ တိုက္ခန္းေတြမွာ ေနရသူေတြ ပိုခံစားရႏိုင္ပါတယ္။

အျပင္ပတ္ဝန္းက်င္ အပူခ်ိန္ျမင့္လာခ်ိန္မွာ ကိုယ္တြင္းအပူခ်ိန္ကိုေတာ့ လိုက္မပူေအာင္ ေခြၽးထြက္တဲ့စနစ္နဲ႔ ထိန္းေၾကာင္းေပးတာပါ။ အျပင္ ပတ္ဝန္းက်င္မွာ အပူခ်ိန္ ဘယ္ေလာက္တက္တက္ ကိုယ္တြင္းအပူခ်ိန္ကို ပုံမွန္ျဖစ္တဲ့ ၉၈.၆ ဒီဂရီ ဖာရင္ဟိုက္တဝိုက္မွာ ေခြၽးအရည္ကအေငြ႔ပ်ံၿပီး ကိုယ္ထဲက အပူစုပ္ယူလိုက္တဲ့နည္းနဲ႔ ျပန္ေအးသြားေအာင္ ထိန္းေပးထားတာပါ။ အလားတူ သဘာဝအားျဖင့္ ပတ္ဝန္းက်င္မွာ တိုက္ေနတဲ့ေလကလည္း ကိုယ္ခႏၶာအပူကို စုပ္ယူၿပီး ျပန္ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ဒါေပမဲ့ အပူဒဏ္မ်ားၿပီး ေခြၽးမ်ားမ်ား ထြက္ေပးရတာေၾကာင့္ေတာ့ ကိုယ္ထဲက ေရဓာတ္ ဆားဓာတ္ေတြ ဆုံး႐ုံးတာမ်ားၿပီး၊ ပထမအဆင့္ ႏုံးေခြတာ (Heat Exhaustion) ျဖစ္ႏိုင္ပါတယ္။ ႀကိဳသတိျပဳႏိုင္တဲ့ လကၡဏာေတြကေတာ့ ေခြၽးထြက္မ်ား ႏုံးေခြတာအျပင္၊ ပင္ပန္းႏြမ္းႏြယ္လာတာ၊ အားနည္းလာတာ၊ မလုပ္ခ်င္ မကိုင္ခ်င္ျဖစ္တာ၊ ေသြးေပါင္ခ်ိန္က်တာေတြပါ။ ဒီအတြက္ ေရနဲ႔ဆားျပန္ျဖည့္ေပးဖို႔ ေရနဲ႔ဆား ေရာေသာက္တာ၊ ထမင္းရည္ ဆားခတ္ေသာက္တာ၊ အခ်ိဳရည္ဆားခတ္ေသာက္တာ စတာေတြနဲ႔ သက္သာေအာင္ ျပဳစုကာကြယ္ေပးႏိုင္ပါတယ္။ ပူလာခ်ိန္ ေသာက္ေရေဆာင္ထားၿပီး၊ မ်ားမ်ားေသာက္တာ၊ ဆားနဲ႔ပါေရာေသာက္တာေတြနဲ႔ ႀကိဳကာကြယ္ထားႏိုင္ပါတယ္။

ဒီထက္ပိုဆိုးလာလွ်င္ေတာ့ ေခြၽးထြက္ႏိုင္တဲ့ ပမာဏနည္းလာၿပီး ဒုတိယတဆင့္ျဖစ္တဲ့ အပူေၾကာင့္ အဖ်ားတက္တာ (Heat Hyperpyrexia) ျဖစ္လာတတ္ပါတယ္။ အထူးသျဖင့္ ပူတဲ့အခ်ိန္ၾကာလာၿပီး ေခြၽးကလိုက္မထြက္ႏိုင္ဘဲ ေခြၽးခမ္းလာကာ၊ အျပင္ပတ္ဝန္းက်င္က အပူခ်ိန္ကို ကိုယ္ခႏၶာမွာ ျပန္ခ်မေပးႏိုင္ေတာ့ဘဲ အျပင္အပူခ်ိန္အတိုင္း လိုက္ပူလာတတ္တာပါ။ ဒါကို ေရာဂါပိုးဝင္တဲ့ တျခား ဖ်ားနာတာနဲ႔ မွားယြင္း ယူဆမိႏိုင္ပါတယ္။ ခြဲျခားႏိုင္တဲ့ လကၡဏာက တျခား ဖ်ားနာလကၡဏာ (ဥပမာ ႏွာေစး ေခ်ာင္းဆိုး နာက်င္တာမ်ိဳး) မရွိဘဲ၊ ေခြၽးထြက္နည္းကာ၊ လူက အေျခာက္တိုက္ အျပင္ကပူတိုင္း အပူခ်ိန္လိုက္ ျမင့္တက္လာတာပါ။ ဒီအတြက္ ပိုးသတ္ေဆးေပးစရာ မလိုဘဲ၊ လူနဲ႔ပတ္ဝန္းက်င္အပူခ်ိန္ကို ျပန္ေအးေအာင္ အျမန္လုပ္ေပးဖို႔သာ အေရးႀကီးပါတယ္။ အဓိကအားျဖင့္ လွ်ပ္စစ္မီးရလို႔ ေလေအးစက္ (Aircon) ရွိလွ်င္ ဖြင့္ေပးႏိုင္ပါတယ္။ မျဖစ္ႏိုင္လွ်င္ေတာ့ အရိပ္ေကာင္းေကာင္းရွိၿပီး ပိုေအးရာ (သစ္ပင္ရိပ္၊ ဘုရားေက်ာင္းကန္ အေဆာက္အဦး ႀကီးႀကီမားမား အရိပ္ေအာက္မ်ိဳး) ကိုေ႐ြ ႔ကာ၊ အေဆာက္အဦးထဲ ျဖစ္လွ်င္လည္း ေလဝင္ေလထြက္ေကာင္းေအာင္ (ဥပမာ ျပဴတင္းေပါက္နဲ႔ တံခါးေတြအကုန္ဖြင့္) စီမံၿပီး၊ ေခြၽးထြက္ေနေသးလွ်င္ ဆက္ထြက္ေစကာ မသုတ္ပစ္သင့္ပါဘူး။ ေရခ်ိဳးၿပီး အျမန္အပူခ်ိန္ခ်ႏိုင္ေပမဲ့ ပူလြန္းခ်ိန္မွာ ေခြၽးအမ်ားႀကီး ဆက္ထြက္ေနေသးလွ်င္ေတာ့ ခ်က္ခ်င္းမခ်ိဳးသင့္ပါဘူး၊ ေခြၽးထြက္တာ ျပန္တိတ္သြားေစၿပီး ဆက္ပူကာ တက္တာ (သတိလစ္တာ) အထိပါျဖစ္မွာ စိုးရိမ္ရလို႔ပါ။ ဒါေပမဲ့ ပူလာခ်ိန္ အခုလိုမဖ်ားေရး ႀကိဳတင္ကာကြယ္ဖို႔ေတာ့ မနက္ တစ္ႀကိမ္ ညေန တစ္ႀကိမ္ ပုံမွန္ ေရခ်ိဳးေပးသင့္ကာ၊ ေခြၽးထြက္ခ်ိန္မွာလည္း မသုတ္ပစ္သင့္ပါဘူး။

ဒီအေၾကာင္း ပိုမိုသိရိွႏိုင္ဖို႔ ကိုဝင္းမင္းက ကေလးအထူးကုနဲ႔ ေဆးတကၠသိုလ္ (၁) ကေလးက်န္းမာပညာဌာန အၿငိမ္းစား ဌာနမႉး ပါေမာကၡ ေဒါက္တာေစာဝင္းကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==Unicode==

မြန်မာနိုင်ငံထဲ ပူပြင်းတဲ့ နွေရာသီ ဝင်လာချိန်မှာ ဒီနှစ်အတွင်း မီးနဲ့ရေ ပိုပြတ်လာတာကြောင့်၊ အပူဒဏ် ပိုခံရလာနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ကြိုတင်သတိပေးနေပါတယ်။

အခုလို ရာသီဥတုပူလာတာနဲ့အမျှ မီးပျက်ရေပျက် ပိုဖြစ်လာချိန်မှာ အပူဒဏ်ကြောင့်ဖြစ်တဲ့ ရောဂါတွေ စဖြစ်လာကြမှာကို စိုးရိမ်ရပါတယ်။ ပထမအဆင့်ကတာ့ အပူကြောင့် နုံးချည့်တာဖြစ်ပြီး၊ ဒုတိယအဆင့်ကတော့ အပူကြောင့် ကိုယ်အပူချိန်တိုး၊ အဖျားတက်တာပါ။ အပူချိန်ပိုများတဲ့ အပူပိုင်းဒေသ မြန်မာနိုင်ငံအလယ်ပိုင်းတွေမှာ ပိုစိုးရိမ်ရပါတယ်။ ဒီအပူဒဏ်ကို သက်ကြီးတွေနဲ့ ခန္ဓာကိုယ်အပူချိန်ထိန်းတာ (Thermoregulation)၊ အားနည်းတဲ့ ကလေးတွေမှာ ပိုခံစားရလေ့ရှိတာမို့ ပိုအထူးဂရုစိုက်ပေးသင့်ပါတယ်။ အထူးသဖြင့် ပူတဲ့နေရာတွေဖြစ်တဲ့ နေပူထဲ အလုပ်လုပ်ရသူတွေနဲ့ တိုက်ခန်းတွေမှာ နေရသူတွေ ပိုခံစားရနိုင်ပါတယ်။

အပြင်ပတ်ဝန်းကျင် အပူချိန်မြင့်လာချိန်မှာ ကိုယ်တွင်းအပူချိန်ကိုတော့ လိုက်မပူအောင် ချွေးထွက်တဲ့စနစ်နဲ့ ထိန်းကြောင်းပေးတာပါ။ အပြင် ပတ်ဝန်းကျင်မှာ အပူချိန် ဘယ်လောက်တက်တက် ကိုယ်တွင်းအပူချိန်ကို ပုံမှန်ဖြစ်တဲ့ ၉၈.၆ ဒီဂရီ ဖာရင်ဟိုက်တဝိုက်မှာ ချွေးအရည်ကအငွေ့ပျံပြီး ကိုယ်ထဲက အပူစုပ်ယူလိုက်တဲ့နည်းနဲ့ ပြန်အေးသွားအောင် ထိန်းပေးထားတာပါ။ အလားတူ သဘာဝအားဖြင့် ပတ်ဝန်းကျင်မှာ တိုက်နေတဲ့လေကလည်း ကိုယ်ခန္ဓာအပူကို စုပ်ယူပြီး ပြန်လျှော့ချပေးနိုင်ပါတယ်။ ဒါပေမဲ့ အပူဒဏ်များပြီး ချွေးများများ ထွက်ပေးရတာကြောင့်တော့ ကိုယ်ထဲက ရေဓာတ် ဆားဓာတ်တွေ ဆုံးရုံးတာများပြီး၊ ပထမအဆင့် နုံးခွေတာ (Heat Exhaustion) ဖြစ်နိုင်ပါတယ်။ ကြိုသတိပြုနိုင်တဲ့ လက္ခဏာတွေကတော့ ချွေးထွက်များ နုံးခွေတာအပြင်၊ ပင်ပန်းနွမ်းနွယ်လာတာ၊ အားနည်းလာတာ၊ မလုပ်ချင် မကိုင်ချင်ဖြစ်တာ၊ သွေးပေါင်ချိန်ကျတာတွေပါ။ ဒီအတွက် ရေနဲ့ဆားပြန်ဖြည့်ပေးဖို့ ရေနဲ့ဆား ရောသောက်တာ၊ ထမင်းရည် ဆားခတ်သောက်တာ၊ အချိုရည်ဆားခတ်သောက်တာ စတာတွေနဲ့ သက်သာအောင် ပြုစုကာကွယ်ပေးနိုင်ပါတယ်။ ပူလာချိန် သောက်ရေဆောင်ထားပြီး၊ များများသောက်တာ၊ ဆားနဲ့ပါရောသောက်တာတွေနဲ့ ကြိုကာကွယ်ထားနိုင်ပါတယ်။

ဒီထက်ပိုဆိုးလာလျှင်တော့ ချွေးထွက်နိုင်တဲ့ ပမာဏနည်းလာပြီး ဒုတိယတဆင့်ဖြစ်တဲ့ အပူကြောင့် အဖျားတက်တာ (Heat Hyperpyrexia) ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် ပူတဲ့အချိန်ကြာလာပြီး ချွေးကလိုက်မထွက်နိုင်ဘဲ ချွေးခမ်းလာကာ၊ အပြင်ပတ်ဝန်းကျင်က အပူချိန်ကို ကိုယ်ခန္ဓာမှာ ပြန်ချမပေးနိုင်တော့ဘဲ အပြင်အပူချိန်အတိုင်း လိုက်ပူလာတတ်တာပါ။ ဒါကို ရောဂါပိုးဝင်တဲ့ တခြား ဖျားနာတာနဲ့ မှားယွင်း ယူဆမိနိုင်ပါတယ်။ ခွဲခြားနိုင်တဲ့ လက္ခဏာက တခြား ဖျားနာလက္ခဏာ (ဥပမာ နှာစေး ချောင်းဆိုး နာကျင်တာမျိုး) မရှိဘဲ၊ ချွေးထွက်နည်းကာ၊ လူက အခြောက်တိုက် အပြင်ကပူတိုင်း အပူချိန်လိုက် မြင့်တက်လာတာပါ။ ဒီအတွက် ပိုးသတ်ဆေးပေးစရာ မလိုဘဲ၊ လူနဲ့ပတ်ဝန်းကျင်အပူချိန်ကို ပြန်အေးအောင် အမြန်လုပ်ပေးဖို့သာ အရေးကြီးပါတယ်။ အဓိကအားဖြင့် လျှပ်စစ်မီးရလို့ လေအေးစက် (Aircon) ရှိလျှင် ဖွင့်ပေးနိုင်ပါတယ်။ မဖြစ်နိုင်လျှင်တော့ အရိပ်ကောင်းကောင်းရှိပြီး ပိုအေးရာ (သစ်ပင်ရိပ်၊ ဘုရားကျောင်းကန် အဆောက်အဦး ကြီးကြီမားမား အရိပ်အောက်မျိုး) ကိုရွေ့ကာ၊ အဆောက်အဦးထဲ ဖြစ်လျှင်လည်း လေဝင်လေထွက်ကောင်းအောင် (ဥပမာ ပြူတင်းပေါက်နဲ့ တံခါးတွေအကုန်ဖွင့်) စီမံပြီး၊ ချွေးထွက်နေသေးလျှင် ဆက်ထွက်စေကာ မသုတ်ပစ်သင့်ပါဘူး။ ရေချိုးပြီး အမြန်အပူချိန်ချနိုင်ပေမဲ့ ပူလွန်းချိန်မှာ ချွေးအများကြီး ဆက်ထွက်နေသေးလျှင်တော့ ချက်ချင်းမချိုးသင့်ပါဘူး၊ ချွေးထွက်တာ ပြန်တိတ်သွားစေပြီး ဆက်ပူကာ တက်တာ (သတိလစ်တာ) အထိပါဖြစ်မှာ စိုးရိမ်ရလို့ပါ။ ဒါပေမဲ့ ပူလာချိန် အခုလိုမဖျားရေး ကြိုတင်ကာကွယ်ဖို့တော့ မနက် တစ်ကြိမ် ညနေ တစ်ကြိမ် ပုံမှန် ရေချိုးပေးသင့်ကာ၊ ချွေးထွက်ချိန်မှာလည်း မသုတ်ပစ်သင့်ပါဘူး။

ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်းက ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG