သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၀ ႏွစ္သစ္ က်န္းမာေရးျပည့္စုံဖို႔ သံဓိဌာန္


တိုက္႐ိုက္ လင့္ခ္

ၿပီးခဲ့တဲ့ႏွစ္ က်န္းမာေရးအေပၚမူတည္ၿပီး၊ ႏွစ္သစ္မွာ ပိုက်န္းမာစြာေနႏိုင္ေအာင္ စီမံကာ၊ စြဲစြဲၿမဲၿမဲ လုပ္ေဆာင္သင့္တယ္လို႔ က်န္းမာေရးညာရွင္ေတြက အႀကံျပဳေနပါတယ္။ လိုအပ္လွ်င္ လုပ္ႏိုင္တာ အနည္းငယ္ကို ေ႐ြးခ်ယ္ၿပီး ျဖည္းျဖည္းခ်င္း လုပ္ေဆာင္သြားသင့္ပါတယ္။ မႏိုင္မယ့္ဝန္ အမ်ားႀကီးကို တစ္ခါတည္းႀကဳံးလုပ္ၿပီး၊ ခဏေန ျပန္ရပ္လိုက္ရတာမ်ိဳး မျဖစ္ေစဖို႔ပါ။ ရပ္လိုက္ရလွ်င္လည္း အနည္းငယ္ တတ္ႏိုင္တာကေန ျဖည္းျဖည္းခ်င္း ျပန္စလုပ္သင့္ပါတယ္။

အခု ၂၀၂၀ ႏွစ္သစ္မွာ ပိုက်န္းမာေအာင္ အစားအေသာက္နဲ႔ ပတ္သက္ၿပီး လတ္ဆတ္တာေတြကို ေ႐ြးခ်ယ္ စားသုံးသင့္ပါတယ္။ ေစ်းထဲက လတ္ဆတ္တဲ့ ဟင္သီးဟင္း႐ြက္၊ အသီးအႏွံ၊ အခြံမာအသီး အေစ့၊ ငါး၊ အသား စတာေတြကို ေ႐ြးခ်ယ္ဝယ္ယူူ စားသုံးသင့္ၿပီး၊ ၾကာရွည္ခံထားႏိုင္တဲ့အစာနဲ႔ ဆိုးေဆးပါတာေတြကို ေရွာင္က်ဥ္သင့္ပါတယ္။ အခုလို လတ္ဆတ္တာေတြကို ရွာေဖြရာမွာ အစပိုင္း ခက္ႏိုင္ေပမယ့္ ျဖည္းျဖည္းခ်င္း ရွာေဖြသုံးေဆာင္သြားလွ်င္ ေနာက္ပိုင္းမွာ အက်င့္ရ လြယ္ကူသြားကာ၊ က်န္းမာေရးျပည့္စုံတဲ့ အစာအဟာရေတြ ပိုင္ဆိုင္ႏိုင္မွာပါ။

ေသာက္စားမႈနဲ႔ပတ္သက္ၿပီး အခ်ိဳရည္၊ အရက္၊ ေဆးလိပ္နဲ႔ ေဆး႐ြက္ႀကီး (ကြမ္းနဲ႔စားသံုးျခင္း) စတဲ့ ေသာက္စားမႈေတြကို ေလ်ာ့ခ်၊ ေရွာင္က်ဥ္သင့္ပါတယ္။ ျမန္မာႏိုင္ငံမွာ ကိုကာကိုလာအပါအဝင္ အခ်ိဳရည္ေတြကို သိုေလွာင္ၿပီး၊ ေမာလာခ်ိန္ ေသာက္သုံးတာမ်ားလာေနကာ၊ ကေလးေတြကိုပါ အမ်ားအျပားတိုက္ေကြၽးေနတာ က်န္းမာေရးအတြက္ မသင့္ေတာ္ပါဘူး။ ဒါေၾကာင့္ ဓာတ္ဆားရည္မွာပါတဲ့ အခ်ိဳအျပင္၊ အျခားအခ်ိဳရည္မ်ိဳးစုံနဲ႔ ေကာ္ဖီ၊ လၻက္ရည္က အခ်ိဳပါတာေတြပါ ေလ်ာ့ခ် ေသာက္သုံးသင့္ပါတယ္။ ဒါ့အျပင္ အရက္ေၾကာင့္ က်န္းမာေရးထိခိုက္တာ အမ်ားသိထားၿပီးမို႔၊ လက္ေတြ႕ အရက္ကို ေလ်ာ့ေသာက္တာ၊ ျဖစ္ႏိုင္လွ်င္ ျဖတ္ပစ္တာေတြ လုပ္ေဆာင္သင့္ပါတယ္။ ဝိုင္ကို က်န္းမာေရးအတြက္ ေသာက္လွ်င္ေတာင္ အမ်ားႀကီးမေသာက္မိဖို႔ လိုပါတယ္။ ေဆးလိပ္နဲ႔ ေဆး႐ြက္ႀကီးကိုေတာ့ လုံးဝ ျဖတ္သင့္ပါတယ္။

အခုေခတ္မွာ ကားေပၚထိုင္သြား၊ ႐ုံးမွာ ထိုင္လုပ္၊ အိမ္မွာ TV ထိုင္ၾကည့္တာေတြနဲ႔ အထိုင္မ်ားလာတာေၾကာင့္၊ ထိုင္တာေလ်ာ့ၿပီး၊ လႈပ္ရွားမူ ပိုလုပ္ဖို႔ လိုပါတယ္။ ထိုင္တာမ်ားတာေၾကာင့္ ေသြးလွည့္ပတ္မူ ေလ်ာ့နည္းၿပီး၊ က်န္းမာေရး ထိခိုက္ႏိုင္လို႔ပါ။ ဥပမာအားျဖင့္ ႐ုံးမွာ၊ အိမ္မွာ ေန႔လည္စာ စားၿပီး (၁၅) မိနစ္ခန႔္ လမ္းေလွ်ာက္ေပးသင့္ပါတယ္။ ႐ုံးမွာ အလုပ္ထိုင္လုပ္၊ အိမ္မွာ TV ထိုင္ၾကည့္ၿပီး တစ္နာရီတိုင္းမွာ အနည္းဆုံး (၅) မိနစ္ လမ္းထေလွ်ာက္တာမ်ဳိး လုပ္ေပးသင့္ပါတယ္။

လႈပ္ရွားမူ မ်ားလာေအာင္ ကိုယ္လက္ေလ့က်င့္ခန္းပါ တြဲလုပ္ေပးသင့္ပါတယ္။ ေလ့က်င့္ခန္းလည္း ေဆးဖက္ဝင္သည္ (Exercise is Medicine) လို႔ ေခတ္စားလာတာေၾကာင့္ Gym မွာ အားကစားလုပ္သူေတြလည္း ရွိလာခ်ိန္မွာ၊ တစ္ေန႔ကို နာရီဝက္ လမ္းေလွ်ာက္တာ၊ ျခင္းခတ္တာ၊ စက္ဘီးစီးတာ၊ ေရကူးတာ စတာ တစ္ခုခု လုပ္ေပးသင္ပါတယ္။ တစ္ပတ္ (၃) ရက္လမ္းေလွ်ာက္ၿပီး၊ ေနာက္ (၃) ရက္ ျခင္းခတ္တာ (သို႔မဟုတ္) စက္ဘီးစီးတာမ်ိဳး အဆင္ေျပသလို လွည့္လုပ္လို႔လည္းရပါတယ္။

ဒါ့အျပင္ အရည္အေသြးျပည့္ျပည့္ အိပ္စက္ နားေနႏိုင္ဖို႔လည္း အေရးႀကီးပါတယ္။ ျဖစ္သလို မအိပ္သင့္ပါဘူး၊ အိပ္ယာကို သပ္သပ္ရပ္ရပ္ အိပ္ခ်င္စဖြယ္ျဖစ္ေအာင္ ျပင္တာအပါအဝင္ Sleep Hygiene ရွိဖို႔အတြက္၊ ပုံမွန္ အိပ္၊ ပုံမွန္ထတာ၊ အသံမဆူေအာင္၊ အလင္းမမ်ားေအာင္ (အလင္းကိုမွိန္၊ အေမွာင္ခ်ထားတာ) ျပင္ဆင္ထားတာ၊ မအိပ္ခင္ ကပ္ၿပီး TV မၾကည့္တာ စတာေတြ လုပ္ေဆာင္ေပးသင့္ပါတယ္။ ဒါမွသာ အရည္အေသြးျပည့္ျပည့္ (Quality Sleep) ရၿပီး၊ ေကာင္းေကာင္း အပန္းေျပကာ၊ က်န္းမာမွာ ျဖစ္ပါတယ္။

ထမင္းဟင္းကိုလည္း ဆိုင္မွာထက္ အိမ္မွာ ပိုၿပီး ခ်က္ျပဳတ္စားေသာက္သင့္ပါတယ္။ သုေတသနစစ္တမ္းတစ္ခုအရ အိမ္မွာ တပတ္လွ်င္ (၅) ရက္ဆက္တိုက္ ခ်က္စားသူေတြဟာ၊ တပတ္လွ်င္ (၃) ရက္ ခ်က္စားသူေတြထက္၊ အဝလြန္တာ (၂၈)% ေလ်ာ့နည္းတာ ေတြ႔ရွိထားပါတယ္။ ဆိုင္က အစာေတြက အဆီပိုပါႏိုင္ၿပီး၊ အိမ္မွာက ထိန္းထိန္းသိမ္းသိမ္း ခ်က္ႏိုင္လို႔ပါ။

အခုေခတ္မွာ ေနာက္အေရးႀကီးတာတစ္ခုက ဖန္သားျပင္ၾကည့္ခ်ိန္ (Screen Time) ကို ေလ်ာ့ခ်ဖို႔ပါ။ အထူးသျဖင့္ လက္ကိုင္ဖုန္းပြတ္တာ၊ TV ၾကည့္တာ၊ Game ေဆာ့တာ၊ ကြန္ျပဴတာ မလိုဘဲသုံးတာေတြ မ်ားလာေနတာက အထိုင္မ်ားေစတာအျပင္၊ တကိုယ္တည္း အထီးက်န္ၿပီး၊ စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြျဖစ္တဲ့ စိတ္က်ေရာဂါ (Depression)၊ စိုးရိမ္မူလြန္ကဲတဲ့ေရာဂါ (Anxiety) ေတြနဲ႔ ဆက္စပ္ေနတတ္လို႔ပါ။ ဒီ ဖန္သားျပင္ၾကည့္ခ်ိန္မ်ားေနလွ်င္ ဒီစိတ္ျပႆနာေတြ တဝဲလည္လည္နဲ႔ က်န္းမာေရးပိုထိခိုက္ႏိုင္ေစၿပီး၊ ဒီၾကည့္ခ်ိန္ေလ်ာ့ခ်ေပးျခင့္ျဖင့္ စိတ္အာဟာရ ေျပာင္းလဲကာ ျပန္ေကာင္းေစႏိုင္ပါတယ္။

ဒါ့အျပင္ စိတ္ဖိစီးမူမ်ားလာတဲ့ ေခတ္ႀကီးမွာ စိတ္အပန္းေျပမူရေအာင္ အပန္းေျဖ ခရီးထြက္တာ လုပ္ေပးသင့္ပါတယ္။ ၂၀၂၀ ခုႏွစ္အတြင္း (၂) ႀကိမ္၊ သို႔မဟုတ္ (၃) ႀကိမ္ ခရီးထြက္ဖို႔ စီမံသင့္ပါတယ္။ ကားေတြပိတ္၊ ဆူညံသံမ်ား၊ အလုပ္တာေၾကာင့္ စိတ္ဖိစီးေစတဲ့ ပုံမွန္ဝန္းက်င္ကေန အေျပာင္းအလဲျဖစ္ေအာင္ အပန္းေျဖႏိုင္မဲ့ ေနရာမ်ိဳးကို ခရီးထြက္တာမ်ိဳးပါ။ အခုလို ခရီးမထြက္ႏိုင္လွ်င္ေတာင္ အပန္းေျဖႏိုင္တဲ့ ဂီတ၊ စာေပ၊ ပန္းခ်ီ၊ အားကစား စတဲ့ ဝါသနာပါရာ တစ္ခုခုလုပ္တာမ်ိဳးနဲ႔ စိတ္ဖိစီးမူေတြကေန အပန္းေျဖသင့္ပါတယ္။

ေရာဂါရွိထားၿပီးသူျဖစ္လွ်င္လည္း ဒီေရာဂါကို အဆိုးျမင္စိတ္နဲ႔ မျမင္ဘဲ၊ အေကာင္းဖက္က ေတြးယူသင့္ပါတယ္။ ဥပမာ ဆီးခ်ိဳျဖစ္ေနလွ်င္ ဆီးခ်ိဳေၾကာင့္ သူမ်ားလို မစားႏိုင္တာကို စိတ္မပ်က္ေတာ့ဘဲ၊ အစာကို မွန္မွန္ကန္ကန္ ေ႐ြးစားႏိုင္တာေၾကာင့္ ဆီးခ်ိဳထိန္းထားႏိုင္တာကို ဂုဏ္ယူၿပီး၊ အျခားဆီးခ်ိဳရွိသူေတြကိုပါ ကူညီ အႀကံေပးႏိုင္ပါတယ္။ အလားတူ ကင္ဆာျဖစ္လာလွ်င္လည္း ဘဝဆုံးၿပီလို႔ မယူဆဘဲ၊ ပိုမဆိုးေအာင္ လိုက္နာသင့္တာေတြ လိုက္နာထိန္းသိမ္းၿပီး စိတ္ခ်မ္းသာေအာင္ေနျခင္းျဖင့္၊ လူမက်န္းမာေသာ္လည္း ပုံမွန္လူလို စိတ္ခ်မ္းသာကာ၊ ကိုယ္က်န္းမာေရး ပိုမထိခိုက္ေစပါဘူး။

ဒါ့အျပင္ ေရာဂါေတြကို အသက္အ႐ြယ္အလိုက္ ပုံမွန္ ႏွစ္စဥ္ျဖစ္ေစ က်န္းမာေရး စစ္ေဆးသင့္ပါတယ္။ ျမန္မာႏိုင္ငံမွာ အမ်ားစုက အခုလို က်န္းမာေရး စစ္ေဆးတာကို မလုပ္ခ်င္ၾကပါဘူး။ ေရာဂါႀကိဳသိၿပီး စိတ္ဆင္းရဲမွာ စိုးၾကလို႔ပါ။ ဒါေပမဲ့ ေရာဂါႀကိဳသိျခင္းျဖင့္၊ ႀကိဳကုဖို႔ အခ်ိန္မီၿပီး ေပ်ာက္ကင္းေစႏိုင္ပါတယ္။ မဟုတ္လွ်င္ ေရာဂါကြၽမ္းမွ ပိုကုရခက္၊ ကုလို႔မရတဲ့အထိ ျဖစ္သြားႏိုင္ပါတယ္။

ဒီအေၾကာင္းအရာမ်ားကို ပိုမိုသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္း က ျမန္မာႏိုင္ငံဆရာဝန္မ်ားအသင္းရဲ႕ အေထြေထြေရာဂါကုဆရာဝန္မ်ားအဖြဲ႔က ေဒါက္တာျမင့္ဦး ကို ဆက္သြယ္ေမးျမန္းတင္ျပထားပါတယ္။

==Unicode ===

ပြီးခဲ့တဲ့နှစ် ကျန်းမာရေးအပေါ်မူတည်ပြီး၊ နှစ်သစ်မှာ ပိုကျန်းမာစွာနေနိုင်အောင် စီမံကာ၊ စွဲစွဲမြဲမြဲ လုပ်ဆောင်သင့်တယ်လို့ ကျန်းမာရေးညာရှင်တွေက အကြံပြုနေပါတယ်။ လိုအပ်လျှင် လုပ်နိုင်တာ အနည်းငယ်ကို ရွေးချယ်ပြီး ဖြည်းဖြည်းချင်း လုပ်ဆောင်သွားသင့်ပါတယ်။ မနိုင်မယ့်ဝန် အများကြီးကို တစ်ခါတည်းကြုံးလုပ်ပြီး၊ ခဏနေ ပြန်ရပ်လိုက်ရတာမျိုး မဖြစ်စေဖို့ပါ။ ရပ်လိုက်ရလျှင်လည်း အနည်းငယ် တတ်နိုင်တာကနေ ဖြည်းဖြည်းချင်း ပြန်စလုပ်သင့်ပါတယ်။

အခု ၂၀၂၀ နှစ်သစ်မှာ ပိုကျန်းမာအောင် အစားအသောက်နဲ့ ပတ်သက်ပြီး လတ်ဆတ်တာတွေကို ရွေးချယ် စားသုံးသင့်ပါတယ်။ ဈေးထဲက လတ်ဆတ်တဲ့ ဟင်သီးဟင်းရွက်၊ အသီးအနှံ၊ အခွံမာအသီး အစေ့၊ ငါး၊ အသား စတာတွေကို ရွေးချယ်ဝယ်ယူူ စားသုံးသင့်ပြီး၊ ကြာရှည်ခံထားနိုင်တဲ့အစာနဲ့ ဆိုးဆေးပါတာတွေကို ရှောင်ကျဉ်သင့်ပါတယ်။ အခုလို လတ်ဆတ်တာတွေကို ရှာဖွေရာမှာ အစပိုင်း ခက်နိုင်ပေမယ့် ဖြည်းဖြည်းချင်း ရှာဖွေသုံးဆောင်သွားလျှင် နောက်ပိုင်းမှာ အကျင့်ရ လွယ်ကူသွားကာ၊ ကျန်းမာရေးပြည့်စုံတဲ့ အစာအဟာရတွေ ပိုင်ဆိုင်နိုင်မှာပါ။

သောက်စားမှုနဲ့ပတ်သက်ပြီး အချိုရည်၊ အရက်၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီး (ကွမ်းနဲ့စားသုံးခြင်း) စတဲ့ သောက်စားမှုတွေကို လျော့ချ၊ ရှောင်ကျဉ်သင့်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုကာကိုလာအပါအဝင် အချိုရည်တွေကို သိုလှောင်ပြီး၊ မောလာချိန် သောက်သုံးတာများလာနေကာ၊ ကလေးတွေကိုပါ အများအပြားတိုက်ကျွေးနေတာ ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ဒါကြောင့် ဓာတ်ဆားရည်မှာပါတဲ့ အချိုအပြင်၊ အခြားအချိုရည်မျိုးစုံနဲ့ ကော်ဖီ၊ လ္ဘက်ရည်က အချိုပါတာတွေပါ လျော့ချ သောက်သုံးသင့်ပါတယ်။ ဒါ့အပြင် အရက်ကြောင့် ကျန်းမာရေးထိခိုက်တာ အများသိထားပြီးမို့၊ လက်တွေ့ အရက်ကို လျော့သောက်တာ၊ ဖြစ်နိုင်လျှင် ဖြတ်ပစ်တာတွေ လုပ်ဆောင်သင့်ပါတယ်။ ဝိုင်ကို ကျန်းမာရေးအတွက် သောက်လျှင်တောင် အများကြီးမသောက်မိဖို့ လိုပါတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကိုတော့ လုံးဝ ဖြတ်သင့်ပါတယ်။

အခုခေတ်မှာ ကားပေါ်ထိုင်သွား၊ ရုံးမှာ ထိုင်လုပ်၊ အိမ်မှာ TV ထိုင်ကြည့်တာတွေနဲ့ အထိုင်များလာတာကြောင့်၊ ထိုင်တာလျော့ပြီး၊ လှုပ်ရှားမူ ပိုလုပ်ဖို့ လိုပါတယ်။ ထိုင်တာများတာကြောင့် သွေးလှည့်ပတ်မူ လျော့နည်းပြီး၊ ကျန်းမာရေး ထိခိုက်နိုင်လို့ပါ။ ဥပမာအားဖြင့် ရုံးမှာ၊ အိမ်မှာ နေ့လည်စာ စားပြီး (၁၅) မိနစ်ခန့် လမ်းလျှောက်ပေးသင့်ပါတယ်။ ရုံးမှာ အလုပ်ထိုင်လုပ်၊ အိမ်မှာ TV ထိုင်ကြည့်ပြီး တစ်နာရီတိုင်းမှာ အနည်းဆုံး (၅) မိနစ် လမ်းထလျှောက်တာမျိုး လုပ်ပေးသင့်ပါတယ်။

လှုပ်ရှားမူ များလာအောင် ကိုယ်လက်လေ့ကျင့်ခန်းပါ တွဲလုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလည်း ဆေးဖက်ဝင်သည် (Exercise is Medicine) လို့ ခေတ်စားလာတာကြောင့် Gym မှာ အားကစားလုပ်သူတွေလည်း ရှိလာချိန်မှာ၊ တစ်နေ့ကို နာရီဝက် လမ်းလျှောက်တာ၊ ခြင်းခတ်တာ၊ စက်ဘီးစီးတာ၊ ရေကူးတာ စတာ တစ်ခုခု လုပ်ပေးသင်ပါတယ်။ တစ်ပတ် (၃) ရက်လမ်းလျှောက်ပြီး၊ နောက် (၃) ရက် ခြင်းခတ်တာ (သို့မဟုတ်) စက်ဘီးစီးတာမျိုး အဆင်ပြေသလို လှည့်လုပ်လို့လည်းရပါတယ်။

ဒါ့အပြင် အရည်အသွေးပြည့်ပြည့် အိပ်စက် နားနေနိုင်ဖို့လည်း အရေးကြီးပါတယ်။ ဖြစ်သလို မအိပ်သင့်ပါဘူး၊ အိပ်ယာကို သပ်သပ်ရပ်ရပ် အိပ်ချင်စဖွယ်ဖြစ်အောင် ပြင်တာအပါအဝင် Sleep Hygiene ရှိဖို့အတွက်၊ ပုံမှန် အိပ်၊ ပုံမှန်ထတာ၊ အသံမဆူအောင်၊ အလင်းမများအောင် (အလင်းကိုမှိန်၊ အမှောင်ချထားတာ) ပြင်ဆင်ထားတာ၊ မအိပ်ခင် ကပ်ပြီး TV မကြည့်တာ စတာတွေ လုပ်ဆောင်ပေးသင့်ပါတယ်။ ဒါမှသာ အရည်အသွေးပြည့်ပြည့် (Quality Sleep) ရပြီး၊ ကောင်းကောင်း အပန်းပြေကာ၊ ကျန်းမာမှာ ဖြစ်ပါတယ်။

ထမင်းဟင်းကိုလည်း ဆိုင်မှာထက် အိမ်မှာ ပိုပြီး ချက်ပြုတ်စားသောက်သင့်ပါတယ်။ သုတေသနစစ်တမ်းတစ်ခုအရ အိမ်မှာ တပတ်လျှင် (၅) ရက်ဆက်တိုက် ချက်စားသူတွေဟာ၊ တပတ်လျှင် (၃) ရက် ချက်စားသူတွေထက်၊ အဝလွန်တာ (၂၈)% လျော့နည်းတာ တွေ့ရှိထားပါတယ်။ ဆိုင်က အစာတွေက အဆီပိုပါနိုင်ပြီး၊ အိမ်မှာက ထိန်းထိန်းသိမ်းသိမ်း ချက်နိုင်လို့ပါ။

အခုခေတ်မှာ နောက်အရေးကြီးတာတစ်ခုက ဖန်သားပြင်ကြည့်ချိန် (Screen Time) ကို လျော့ချဖို့ပါ။ အထူးသဖြင့် လက်ကိုင်ဖုန်းပွတ်တာ၊ TV ကြည့်တာ၊ Game ဆော့တာ၊ ကွန်ပြူတာ မလိုဘဲသုံးတာတွေ များလာနေတာက အထိုင်များစေတာအပြင်၊ တကိုယ်တည်း အထီးကျန်ပြီး၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ စိတ်ကျရောဂါ (Depression)၊ စိုးရိမ်မူလွန်ကဲတဲ့ရောဂါ (Anxiety) တွေနဲ့ ဆက်စပ်နေတတ်လို့ပါ။ ဒီ ဖန်သားပြင်ကြည့်ချိန်များနေလျှင် ဒီစိတ်ပြဿနာတွေ တဝဲလည်လည်နဲ့ ကျန်းမာရေးပိုထိခိုက်နိုင်စေပြီး၊ ဒီကြည့်ချိန်လျော့ချပေးခြင့်ဖြင့် စိတ်အာဟာရ ပြောင်းလဲကာ ပြန်ကောင်းစေနိုင်ပါတယ်။

ဒါ့အပြင် စိတ်ဖိစီးမူများလာတဲ့ ခေတ်ကြီးမှာ စိတ်အပန်းပြေမူရအောင် အပန်းဖြေ ခရီးထွက်တာ လုပ်ပေးသင့်ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း (၂) ကြိမ်၊ သို့မဟုတ် (၃) ကြိမ် ခရီးထွက်ဖို့ စီမံသင့်ပါတယ်။ ကားတွေပိတ်၊ ဆူညံသံများ၊ အလုပ်တာကြောင့် စိတ်ဖိစီးစေတဲ့ ပုံမှန်ဝန်းကျင်ကနေ အပြောင်းအလဲဖြစ်အောင် အပန်းဖြေနိုင်မဲ့ နေရာမျိုးကို ခရီးထွက်တာမျိုးပါ။ အခုလို ခရီးမထွက်နိုင်လျှင်တောင် အပန်းဖြေနိုင်တဲ့ ဂီတ၊ စာပေ၊ ပန်းချီ၊ အားကစား စတဲ့ ဝါသနာပါရာ တစ်ခုခုလုပ်တာမျိုးနဲ့ စိတ်ဖိစီးမူတွေကနေ အပန်းဖြေသင့်ပါတယ်။

ရောဂါရှိထားပြီးသူဖြစ်လျှင်လည်း ဒီရောဂါကို အဆိုးမြင်စိတ်နဲ့ မမြင်ဘဲ၊ အကောင်းဖက်က တွေးယူသင့်ပါတယ်။ ဥပမာ ဆီးချိုဖြစ်နေလျှင် ဆီးချိုကြောင့် သူများလို မစားနိုင်တာကို စိတ်မပျက်တော့ဘဲ၊ အစာကို မှန်မှန်ကန်ကန် ရွေးစားနိုင်တာကြောင့် ဆီးချိုထိန်းထားနိုင်တာကို ဂုဏ်ယူပြီး၊ အခြားဆီးချိုရှိသူတွေကိုပါ ကူညီ အကြံပေးနိုင်ပါတယ်။ အလားတူ ကင်ဆာဖြစ်လာလျှင်လည်း ဘဝဆုံးပြီလို့ မယူဆဘဲ၊ ပိုမဆိုးအောင် လိုက်နာသင့်တာတွေ လိုက်နာထိန်းသိမ်းပြီး စိတ်ချမ်းသာအောင်နေခြင်းဖြင့်၊ လူမကျန်းမာသော်လည်း ပုံမှန်လူလို စိတ်ချမ်းသာကာ၊ ကိုယ်ကျန်းမာရေး ပိုမထိခိုက်စေပါဘူး။

ဒါ့အပြင် ရောဂါတွေကို အသက်အရွယ်အလိုက် ပုံမှန် နှစ်စဉ်ဖြစ်စေ ကျန်းမာရေး စစ်ဆေးသင့်ပါတယ်။ မြန်မာနိုင်ငံမှာ အများစုက အခုလို ကျန်းမာရေး စစ်ဆေးတာကို မလုပ်ချင်ကြပါဘူး။ ရောဂါကြိုသိပြီး စိတ်ဆင်းရဲမှာ စိုးကြလို့ပါ။ ဒါပေမဲ့ ရောဂါကြိုသိခြင်းဖြင့်၊ ကြိုကုဖို့ အချိန်မီပြီး ပျောက်ကင်းစေနိုင်ပါတယ်။ မဟုတ်လျှင် ရောဂါကျွမ်းမှ ပိုကုရခက်၊ ကုလို့မရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

ဒီအကြောင်းအရာများကို ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG