သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အစာနဲ႔ စားေသာက္ပုံ အာဟာရျဖစ္ႏိုင္မႈ


Food Healthy Lentil and Salmon Salad

ျမန္မာႏိုင္ငံမွာ က်န္းမာေရးနဲ႔ သင့္ေတာ္တဲ့ အစာရႏိုင္ေပမဲ့၊ စားေသာက္ပုံမွာေတာ့ အာဟာရနဲ႔ မညီၫြတ္တာတခ်ဳိ ႔ ႐ွိေနတယ္လို႔ အာဟာရပညာ႐ွင္ေတြက ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ေရေျမရာသီဥတုေကာင္းတာမို႔ အာဟာရျဖစ္တဲ့အစာေတြ စိုက္ပ်ိဳးထုတ္လုပ္ႏိုင္ေပမဲ့၊ စားပုံေသာက္ပုံမွာေတာ့ အမ်ားစုက အရသာကို အဓိကထားတာေၾကာင့္ အာဟာရျဖစ္ဖို႔ လမ္းလြဲသြားရတယ္လို႔ အာဟာရပညာ႐ွင္ေတြက ေထာက္ျပပါတယ္။ ဥပမာအားျဖင့္ အဟာရ႐ွိၿပီးသား အစားအေသာက္ေတြထဲ ပိုအရသာ႐ွိေအာင္ ဆီ၊ ငံျပာရည္၊ ဟင္းခ်ဳိမႈန္႔ စတာေတြကို အမ်ားႀကီးထည့္သုံးမိတာေၾကာင့္ အာဟာရအားနည္းသြားတာပါ။ ဒါ့အျပင္ အဆီ၊ အငန္ အခ်ဳိ စားတာမ်ားလာတာေၾကာင့္လည္း ခႏၶာကိုယ္မွာ မလိုဘဲ ဒုကၡေပးႏိုင္တာေတြ စုပုံလာၿပီး၊ အျဖစ္မ်ားလာေနတဲ့ ဆီးခ်ဳိအပါအဝင္ ေနာက္ဆက္တြဲ ေရာဂါေတြကို ခ်က္ခ်င္းမျမင္ရေပမဲ့၊ ကာလတစ္ခုအၾကာမွာ ခံစားလာရၿပီး အ႐ြယ္မတိုင္ခင္ က်န္းမာေရး ထိခိုက္ကုန္ၾကရပါတယ္။ တခ်ဳိ ႔ကေတာ့ ဒီျပႆနာကို သိေပမဲ့၊ စိတ္အလိုလိုက္ၿပီး လက္ေတြ႔ဆင္ျခင္ စားသုံးမႈ အားနည္းတတ္ေလ့ ႐ွိပါတယ္။

ေနာက္တစ္ခုက အရသာအျပင္ အသြင္အျပင္အတြက္ပါ စားေသာက္ပုံ မွားသြားတာပါ။ ထမင္းျဖဴစားတာမ်ားလြန္းၿပီး၊ အာဟာရျဖစ္ေအာင္ အစာေခ်ဖို႔ လိုအပ္တဲ့ အမွ်င္ (Fiber) ဓာတ္ပါတဲ့ အစာေတြ စားသုံးမႈ နည္းလြန္းတာေၾကာင့္ အလားတူ မလိုအပ္ဘဲ ဒုကၡေပးႏိုင္တဲ့ ကဆီဓာတ္ စုပုံလာျပန္ပါတယ္။ အဓိကအားျဖင့္ အမွ်င္ဓာတ္မ်ားတဲ့ ဆန္လုံးညိဳ မႀကိဳက္တာနဲ႔ ဟင္းသီးဟင္း႐ြက္စားတာမွာ အခြံအကုန္ ႏႊာပစ္လိုက္ၿပီး အမွ်င္ဓာတ္ ကုန္သြားေစတာပါ။ ဆီးခ်ိဳေရာဂါ႐ွိသူေတြေတာင္ ဆီးခ်ိဳေပါင္မုန္႔လို႔လူသိမ်ားတဲ့ အမွ်င္ဓာတ္မ်ားၿပီး ဂ်ံဳအညိဳနဲ႔လုပ္တဲ့ေပါင္မုန္႔ စားၾကေပမဲ့၊ ျမန္မာႏိုင္ငံထြက္ အမွ်င္ဓာတ္ႂကြယ္ဝတဲ့ ဆန္လုံးညိဳကိုေတာ့ အညံ့စား ဆန္ၾကမ္းလို႔ယူဆၿပီး အာဟာရျဖစ္လွ်င္ေတာင္ မစားခ်င္ၾကပါဘူး။ ဒါ့အျပင္ အသီးေတြ (ပန္းသီး၊ သရက္သီး) နဲ႔ ငပိရည္တို႔စရာအသီးအ႐ြက္ (သခြားသီး၊ ဗူးၫႊန္႔ စတာ) ေတြ ျပင္ဆင္ရာမွာ အမွ်င္ဓာတ္မ်ားတဲ့ အခြံေတြကို အကုန္ႏႊာပစ္လိုက္ျပန္ပါတယ္။

ဒါေၾကာင့္ အရသာပိုျပင္းေအာင္ အဆီ အငန္ အခ်ိဳထည့္တာနဲ႔ ထမင္းျဖဴစားတာေတြ ေလွ်ာ့ၿပီး၊ အမွ်င္ဓာတ္မ်ားတဲ့ ဆန္လုံးညိဳတြဲစားတာ လုပ္သင့္ပါတယ္။ အကယ္၍ ဒီဆန္လုံးညိဳ မစားခ်င္လွ်င္ေတာင္၊ စားေနက် အသီးအ႐ြက္ေတြကို အခြံအကုန္မႏႊာဘဲ ျပင္ဆင္စားသုံးသင့္ပါတယ္။ ဥပမာ ဟင္း႐ြက္ၾကမ္းေတြျဖစ္တဲ့ ဗူးၫႊန္႔ ေဂၚရခါးၫႊန္႔စတာမ်ိဳးေတြက အမွ်င္ဓာတ္မ်ားလို႔ ၾကမ္းေနတာမို႔၊ ဒီအခြံႏႊာလွ်င္ေတာင္ အကုန္မႏႊာဘဲ ပါးပါးသာႏႊာၿပီး စားသင့္ပါတယ္။ ဒါ့အျပင္ ပိႏၷဲသီးစိမ္း၊ သေဘၤာသီးစီမ္း၊ သရက္သီးစိမ္း၊ ေဂၚရခါးသီးစတာေတြကိုလည္း အလားတူ အခြံအကုန္မႏႊာဘဲ ျပင္ဆင္စားသုံးသင့္ပါတယ္။ တကယ္ေတာ့ အခုလို အာဟာရအတြက္ အစာေခ်ႏိုင္ေအာင္ စနစ္တက် စားတာမ်ိဳးက ျမန္မာႏိုင္ငံမွာ နည္းလြန္းၿပီး၊ စိတ္အလိုလိုက္ အစားလြန္ၿပီးကာမွ ရက္ဆားစား အစာေခ်ခ်င္တာမ်ိဳးက မလိုအပ္ဘဲ ပိုမ်ားေနတာကို ေတြ႔႐ွိထားပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ ႔ Cornell တကၠသိုလ္က အျပည္ျပည္ဆိုင္ရာ အစာအာဟာရဆိုင္ရာ ပါေမာကၡ ေဒါက္တာခင္မာခ်ိဳ ကို ဆက္သြယ္ေမးျမန္းခဲ့ပါတယ္။

===== Unicode ====

မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ သင့်တော်တဲ့ အစာရနိုင်ပေမဲ့၊ စားသောက်ပုံမှာတော့ အာဟာရနဲ့ မညီညွတ်တာတချို့ ရှိနေတယ်လို့ အာဟာရပညာရှင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရေမြေရာသီဥတုကောင်းတာမို့ အာဟာရဖြစ်တဲ့အစာတွေ စိုက်ပျိုးထုတ်လုပ်နိုင်ပေမဲ့၊ စားပုံသောက်ပုံမှာတော့ အများစုက အရသာကို အဓိကထားတာကြောင့် အာဟာရဖြစ်ဖို့ လမ်းလွဲသွားရတယ်လို့ အာဟာရပညာရှင်တွေက ထောက်ပြပါတယ်။ ဥပမာအားဖြင့် အဟာရရှိပြီးသား အစားအသောက်တွေထဲ ပိုအရသာရှိအောင် ဆီ၊ ငံပြာရည်၊ ဟင်းချိုမှုန့် စတာတွေကို အများကြီးထည့်သုံးမိတာကြောင့် အာဟာရအားနည်းသွားတာပါ။ ဒါ့အပြင် အဆီ၊ အငန် အချို စားတာများလာတာကြောင့်လည်း ခန္ဓာကိုယ်မှာ မလိုဘဲ ဒုက္ခပေးနိုင်တာတွေ စုပုံလာပြီး၊ အဖြစ်များလာနေတဲ့ ဆီးချိုအပါအဝင် နောက်ဆက်တွဲ ရောဂါတွေကို ချက်ချင်းမမြင်ရပေမဲ့၊ ကာလတစ်ခုအကြာမှာ ခံစားလာရပြီး အရွယ်မတိုင်ခင် ကျန်းမာရေး ထိခိုက်ကုန်ကြရပါတယ်။ တချို့ကတော့ ဒီပြဿနာကို သိပေမဲ့၊ စိတ်အလိုလိုက်ပြီး လက်တွေ့ဆင်ခြင် စားသုံးမှု အားနည်းတတ်လေ့ ရှိပါတယ်။

နောက်တစ်ခုက အရသာအပြင် အသွင်အပြင်အတွက်ပါ စားသောက်ပုံ မှားသွားတာပါ။ ထမင်းဖြူစားတာများလွန်းပြီး၊ အာဟာရဖြစ်အောင် အစာချေဖို့ လိုအပ်တဲ့ အမျှင် (Fiber) ဓာတ်ပါတဲ့ အစာတွေ စားသုံးမှု နည်းလွန်းတာကြောင့် အလားတူ မလိုအပ်ဘဲ ဒုက္ခပေးနိုင်တဲ့ ကဆီဓာတ် စုပုံလာပြန်ပါတယ်။ အဓိကအားဖြင့် အမျှင်ဓာတ်များတဲ့ ဆန်လုံးညို မကြိုက်တာနဲ့ ဟင်းသီးဟင်းရွက်စားတာမှာ အခွံအကုန် နွှာပစ်လိုက်ပြီး အမျှင်ဓာတ် ကုန်သွားစေတာပါ။ ဆီးချိုရောဂါရှိသူတွေတောင် ဆီးချိုပေါင်မုန့်လို့လူသိများတဲ့ အမျှင်ဓာတ်များပြီး ဂျုံအညိုနဲ့လုပ်တဲ့ပေါင်မုန့် စားကြပေမဲ့၊ မြန်မာနိုင်ငံထွက် အမျှင်ဓာတ်ကြွယ်ဝတဲ့ ဆန်လုံးညိုကိုတော့ အညံ့စား ဆန်ကြမ်းလို့ယူဆပြီး အာဟာရဖြစ်လျှင်တောင် မစားချင်ကြပါဘူး။ ဒါ့အပြင် အသီးတွေ (ပန်းသီး၊ သရက်သီး) နဲ့ ငပိရည်တို့စရာအသီးအရွက် (သခွားသီး၊ ဗူးညွှန့် စတာ) တွေ ပြင်ဆင်ရာမှာ အမျှင်ဓာတ်များတဲ့ အခွံတွေကို အကုန်နွှာပစ်လိုက်ပြန်ပါတယ်။

ဒါကြောင့် အရသာပိုပြင်းအောင် အဆီ အငန် အချိုထည့်တာနဲ့ ထမင်းဖြူစားတာတွေ လျှော့ပြီး၊ အမျှင်ဓာတ်များတဲ့ ဆန်လုံးညိုတွဲစားတာ လုပ်သင့်ပါတယ်။ အကယ်၍ ဒီဆန်လုံးညို မစားချင်လျှင်တောင်၊ စားနေကျ အသီးအရွက်တွေကို အခွံအကုန်မနွှာဘဲ ပြင်ဆင်စားသုံးသင့်ပါတယ်။ ဥပမာ ဟင်းရွက်ကြမ်းတွေဖြစ်တဲ့ ဗူးညွှန့် ဂေါ်ရခါးညွှန့်စတာမျိုးတွေက အမျှင်ဓာတ်များလို့ ကြမ်းနေတာမို့၊ ဒီအခွံနွှာလျှင်တောင် အကုန်မနွှာဘဲ ပါးပါးသာနွှာပြီး စားသင့်ပါတယ်။ ဒါ့အပြင် ပိန္နဲသီးစိမ်း၊ သင်္ဘောသီးစီမ်း၊ သရက်သီးစိမ်း၊ ဂေါ်ရခါးသီးစတာတွေကိုလည်း အလားတူ အခွံအကုန်မနွှာဘဲ ပြင်ဆင်စားသုံးသင့်ပါတယ်။ တကယ်တော့ အခုလို အာဟာရအတွက် အစာချေနိုင်အောင် စနစ်တကျ စားတာမျိုးက မြန်မာနိုင်ငံမှာ နည်းလွန်းပြီး၊ စိတ်အလိုလိုက် အစားလွန်ပြီးကာမှ ရက်ဆားစား အစာချေချင်တာမျိုးက မလိုအပ်ဘဲ ပိုများနေတာကို တွေ့ရှိထားပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Cornell တက္ကသိုလ်က အပြည်ပြည်ဆိုင်ရာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာခင်မာချို ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

XS
SM
MD
LG