သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျောက်ကျောက်ရာဂါ စိုးရိမ်မှု


Paciente com mpox recebe tratamento intravenoso em hospital em Bukavu, RDC 24 agosto 2024
Paciente com mpox recebe tratamento intravenoso em hospital em Bukavu, RDC 24 agosto 2024

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီရောဂါကို ပြီးခဲ့တဲ့လ ဩဂုတ်လလယ်က ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာအပြီးနဲ့၊ ထိုင်းနိုင်ငံ အပါအဝင် မြန်မာအိမ်နီးချင်းတွေမှာ ကူးစက်တာစတွေ့တာကနေ၊ မြန်မာမှာလည်း စိုးရိမ်မှုတချို့ရှိလာတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။

မျောက်ကျောက် Mpox ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးဟာ မျောက်ကတဆင့် လူကိုစကူးစက်ခဲ့ပြီး၊ နောက် လူချင်းထိတွေ့တာက ဆက်ကူးစက်ခဲ့တယ်လို့ တွေ့ရှိထားပါတယ်။ ဒီရောဂါဖြစ်သူ အများစုကို စတွေ့ခဲ့တာကတော့ အာဖရိကဒေသက ကွန်ဂိုနိုင်ငံပါ။ ဘေးမဲ့တိရစ္ဆာန်တွေ လွှတ်ထားတဲ့ အပန်းဖြေပန်းခြံ (Safari) ကို သွားလည်သူတွေ အထူးသဖြင့် မျောက်တွေနဲ့ ထိမိခိုက်မိတာတွေ့တာကတဆင့် ကူးစက်ခဲ့တယ်လို့ အရင်က ယူဆထားပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်မှာတော့ အမေရိကန်နဲ့ ဥရောပနိုင်ငံတချို့မှာ ဒီရောဂါစတွေ့ပြီး၊ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေမှာ အများဆုံး ကူးစက်တာ တွေ့ခဲ့ရပါတယ်။

Mpox ရောဂါရဲ့ လက္ခဏာတွေကတော့ အရေပြား အနာလုံး (Rash) တွေ မျက်နှာ၊ ခြေထောက်၊ လက်အပြင် ပါးစပ်ထဲ၊ လိင်အင်္ဂါတဝိုက်မှာ မပေါ်ခင်၊ ဖျားတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ အားအင်မရှိတာ၊ အကြိတ် (ပေါင်ခြံ၊ ဂျိုင်း၊ လည်ပင်းအောက်ရှိတာ) တွေ ရောင်ကိုင်းတာပါ။ လူအများကို အလွယ်တကူ ကူးစက်မှာ သိပ်မစိုးရိမ်ရတာကတော့ ရောဂါရှိသူနဲ့ တိရစ္ဆာန်တွေ ထိမိကိုင်မိတာ၊ ရောဂါဖြစ်သူအနာက စိုနေပြီး ဒီစိုစွတ်ရည်ထိထားတဲ့နေရာကို သွားထိမိတဲ့ (ဥပမာ အိမ်သာတလှည့်စီ ထိုင်တာကနေ) နောက်တဦးကိုသာ ကူးစက်နိုင်တာကြောင့်ပါ။ ဒါပေမဲ့ အခုနောက်ပိုင်း တခါတရံမှာတော့ လိင်ဆက်ဆံမှု မရှိဘဲ၊ ပွေ့ဖက်တာကနေ ကူးစက်နိုင်တာကိုလည်း တွေ့ထားပါတယ်။

Mpox ရောဂါလက္ခဏာတွေ ပေါ်လာလျှင် သွေးစစ်အတည်ပြုဖို့ လိုပါတယ်။ ရောဂါဖြစ်တာနဲ့ တခြားသူတွေကို မကူးစက်အောင် အလုပ်မသွားဘဲ အနာတွေကျက်ပြီး လုံးဝမခြောက်သရွေ့ အိမ်ထဲမှာပဲနေဖို့ အရေးကြီးဆုံးပါ။ အိမ်မှာလည်း ပစ္စည်းတွေ မကိုင်ခင် လက်ကို ဆပ်ပြာ၊ လက်ဆေးရည် (Hand Sanitizer) နဲ့ ဆေးပြီး၊ အနာတွေကို ဖုံးကာ (မျက်နှာအနာအတွက် မျက်နှာဖုံး Mask နဲ့၊ တခြားနေရာမှာ အဝတ်အစားနဲ့) အုပ်ထားသင့်ပါတယ်။ ဒီအနာတွေကို သွားထိ ကုတ်မိ ဖောက်မိတာ မလုပ်ဖို့ လိုပါတယ်။ တကယ်လို့ ယားတာအတွက် သွားထိ ကုတ်မိ ဖောက်မိခဲ့လျှင်လည်း၊ ချက်ချင်း လက်ကို သေသေချာချာ ပြန်ဆေးပြီး တခြားနေရာနဲ့ လူတွေကို မထိမိအောင် ဂရုစိုက်ဖို့ အရေးကြီးပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံ အထွေထွေရောဂါကုဌာန ဒု-ဆေးရုံအုပ်ကြီးနဲ့၊ မြန်မာလူနာတွေကို အင်တာနက်ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို မေးထားပါတယ်။

Forum

XS
SM
MD
LG