သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္နဲ႔ယွဥ္တြဲေနရမဲ့ႏွစ္သစ္ က်န္းမာေရးသံဓိဌာန္


ကိုဗစ္ကပ္နဲ႔ ႏွစ္သစ္ကူးရတာ ၃ ႏွစ္ထဲေရာက္လာခ်ိန္မွာ၊ ကိုဗစ္ကာကြယ္ေဆးအျပင္၊ တုပ္ေကြး (Flu) အတြက္လည္း ျဖစ္ႏိုင္လွ်င္ ကာကြယ္ေဆးထိုးေရး သံဓိဌာန္ခ်ဖို႔ က်န္းမာေရးပညာ႐ွင္ေတြက အၾကံျပဳၾကပါတယ္။

ကိုဗစ္-19 ကမၻာကိုကူးစက္တာ စေတြ႔ခဲ့တဲ့ ၂၀၂၀ ခုႏွစ္မွာ အမ်ားစု ကိုဗစ္ကာကြယ္ေဆး မရခဲ့ဘဲ၊ ေနာက္ႏွစ္ ၂၀၂၁ မွာ လူအမ်ား စရလာခဲ့အၿပီး၊ မ်ိဳးကြဲသစ္ေတြ ဆက္ေပၚလာေပမဲ့ ေသဆုံးမႈကေတာ့ က်ဆင္းသြားခဲ့ပါတယ္။ အခုေလာေလာဆယ္မွာေတာ့ အေမရိကန္ႏိုင္ငံမွာ စစ္ေဆးကုသမႈေတြအရ ပုံမွန္ႏွစ္စဥ္ျဖစ္တဲ့ တုပ္ေကြး (Flu ေခၚ Influenza) က၊ ကိုဗစ္ထက္ ပိုမ်ားလာတာနဲ႔ ေဆး႐ုံတက္ရမႈေတြပါ မ်ားလာေစတာ ေတြ႔႐ွိထားပါတယ္။ တခ်ိန္ထဲမွာ RSV (Respiratory Syncytial Virus) ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္တဲ့ အသက္႐ွဳလမ္းေၾကာင္းဆိုင္ရာ ေရာဂါကလည္း၊ အရင္ ကေလးေတြမွာ သာမန္ႏွာေစးေခ်ာင္းဆိုးေစတာကေန၊ အခုေတာ့ ေဆး႐ုံတက္ရမႈ ေသဆုံးမႈေတြပါ ျဖစ္ေစတာနဲ႔ လူႀကီးေတြမွာပါ ျဖစ္လာတာေတြကို အေမရိကန္မွာ ေတြ႔လာေနရပါတယ္။ ဒါ့အျပင္ ဒီ RSV ဗိုင္းရပ္စ္ပိုးကူးစက္မႈကလည္း ကိုဗစ္ထက္ လက္႐ွိမ်ားေနၿပီး၊ ပထမအမ်ားဆုံးစစ္ေဆးေတြ႔႐ွိထားတဲ့ တုပ္ေကြးၿပီးလွ်င္ အေမရိကန္မွာ ဒုတိယလိုက္ေနတာ ေတြ႔ထားပါတယ္။ ဒါေပမဲ့လည္း ကိုဗစ္ျဖစ္လာအၿပီး အရင္အထိုးနည္းခဲ့တဲ့ တုပ္ေကြးကာကြယ္ေဆး အေမရိကန္မွာ ပိုထိုးလာၾကတာေၾကာင့္ေတာ့၊ အရင္လို ပုံမွန္ေဆာင္းတြင္းကူးစက္မူ သေဘာျပန္ျဖစ္လာေနၿပီလို႔ က်န္းမာေရးပညာ႐ွင္ေတြက ခံယူထားၾကပါတယ္။

အခုလို အေမရိကန္မွာ ပုံမွန္တုပ္ေကြးက ကိုဗစ္ထက္ အျဖစ္မ်ားလာတာေတြ႔လာၿပီး၊ ဒီကူးစက္ေရာဂါေတြကို ပုံမွန္ေဆာင္းတြင္းသေဘာ ျပန္ျဖစ္လာတာမ်ိဳး ေတြ႔႐ွိလိုက္တာက၊ တျခား ကမၻာ့ႏိုင္ငံေတြမွာလည္း အလားတူျဖစ္ႏိုင္ေျခမ်ားတာေၾကာင့္၊ ကိုဗစ္ကာကြယ္ေဆးအျပင္ တုပ္ေကြးကာကြယ္ေဆးပါ ပိုထိုးဖို႔ က်န္းမာေရးပညာ႐ွင္ေတြက တိုက္တြန္းေနပါတယ္။ ကမၻာ့ႏိုင္ငံတခ်ဳိ ႔နဲ႔ ျမန္မာႏိုင္ငံမွာလည္း ဒီကူးစက္ေရာဂါဆိုင္ရာ ေဆးစစ္မႈ အမ်ားစုမလုပ္ႏိုင္တာေၾကာင့္ ဘယ္ပိုးေၾကာင့္ ဖ်ားနာမႈေတြ ျဖစ္ေနရတာကို အေသအခ်ာသိဖို႔ ခက္ခဲႏိုင္ပါတယ္။ အခုလိုအေျခအေနမွာ ျမန္မာမွာလည္း ကမၻာ့ႏုိင္ငံေတြနည္းတူ လူအမ်ားစုမွာ ကိုဗစ္ျဖစ္ခဲ့ၿပီးရလာတဲ့ ကိုယ္ခံအားနဲ႔ ကိုဗစ္ကာကြယ္ေဆး ဆက္ထိုးေနတာေၾကာင့္ ရလာတဲ့ ကိုယ္ခံအားေတြနဲ႔အတူ၊ ကိုဗစ္ေၾကာင့္ ျပင္းျပင္းထန္ထန္ျဖစ္မႈ ေသဆုံးမႈေတြ က်ဆင္းလာတဲ့သေဘာ ေတြ႔ေနရပါတယ္။ အခုလိုအခ်ိန္မွာ ျမန္မာႏိုင္ငံအတြက္ တုပ္ေကြးကာကြယ္ေဆးက အရင္ျပင္းျပင္းထန္ထန္ျဖစ္ေစခဲ့တဲ့ ကိုဗစ္အတြက္ကာကြယ္ေဆးေလာက္ လူအမ်ားစိတ္ဝင္စားမႈ ႐ွိပုံမရေသးေပမဲ့၊ တုပ္ေကြးျပင္းထန္လာႏိုင္ေျခ႐ွိေနတဲ့ အခု ႏွစ္သစ္အတြက္ေတာ့ အခြင့္အေရးရလွ်င္၊ ျမန္မာအတြက္သင့္ေတာ္ႏိုင္မဲ့ တုတ္ေကြးပိုးအမ်ိဳးအစား (Strain) ဆိုင္ရာကာကြယ္ေဆးပါ ထိုးထားသင့္ပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏုိင္ဖုိ႔ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ ႔ Wyckoff Heights ေဆး႐ုံက ၫြန္ၾကားေရးမွဴးနဲ႔ ျမန္မာကိုဗစ္လူနာေတြကိုလည္း ဖုန္းကတဆင့္ ကူညီကုသေပးေနတဲ့၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==== Unicode ====

ကိုဗစ်ကပ်နဲ့ နှစ်သစ်ကူးရတာ ၃ နှစ်ထဲရောက်လာချိန်မှာ၊ ကိုဗစ်ကာကွယ်ဆေးအပြင်၊ တုပ်ကွေး (Flu) အတွက်လည်း ဖြစ်နိုင်လျှင် ကာကွယ်ဆေးထိုးရေး သံဓိဌာန်ချဖို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုကြပါတယ်။

ကိုဗစ်-19 ကမ္ဘာကိုကူးစက်တာ စတွေ့ခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ အများစု ကိုဗစ်ကာကွယ်ဆေး မရခဲ့ဘဲ၊ နောက်နှစ် ၂၀၂၁ မှာ လူအများ စရလာခဲ့အပြီး၊ မျိုးကွဲသစ်တွေ ဆက်ပေါ်လာပေမဲ့ သေဆုံးမှုကတော့ ကျဆင်းသွားခဲ့ပါတယ်။ အခုလောလောဆယ်မှာတော့ အမေရိကန်နိုင်ငံမှာ စစ်ဆေးကုသမှုတွေအရ ပုံမှန်နှစ်စဉ်ဖြစ်တဲ့ တုပ်ကွေး (Flu ခေါ် Influenza) က၊ ကိုဗစ်ထက် ပိုများလာတာနဲ့ ဆေးရုံတက်ရမှုတွေပါ များလာစေတာ တွေ့ရှိထားပါတယ်။ တချိန်ထဲမှာ RSV (Respiratory Syncytial Virus) ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကလည်း၊ အရင် ကလေးတွေမှာ သာမန်နှာစေးချောင်းဆိုးစေတာကနေ၊ အခုတော့ ဆေးရုံတက်ရမှု သေဆုံးမှုတွေပါ ဖြစ်စေတာနဲ့ လူကြီးတွေမှာပါ ဖြစ်လာတာတွေကို အမေရိကန်မှာ တွေ့လာနေရပါတယ်။ ဒါ့အပြင် ဒီ RSV ဗိုင်းရပ်စ်ပိုးကူးစက်မှုကလည်း ကိုဗစ်ထက် လက်ရှိများနေပြီး၊ ပထမအများဆုံးစစ်ဆေးတွေ့ရှိထားတဲ့ တုပ်ကွေးပြီးလျှင် အမေရိကန်မှာ ဒုတိယလိုက်နေတာ တွေ့ထားပါတယ်။ ဒါပေမဲ့လည်း ကိုဗစ်ဖြစ်လာအပြီး အရင်အထိုးနည်းခဲ့တဲ့ တုပ်ကွေးကာကွယ်ဆေး အမေရိကန်မှာ ပိုထိုးလာကြတာကြောင့်တော့၊ အရင်လို ပုံမှန်ဆောင်းတွင်းကူးစက်မူ သဘောပြန်ဖြစ်လာနေပြီလို့ ကျန်းမာရေးပညာရှင်တွေက ခံယူထားကြပါတယ်။

အခုလို အမေရိကန်မှာ ပုံမှန်တုပ်ကွေးက ကိုဗစ်ထက် အဖြစ်များလာတာတွေ့လာပြီး၊ ဒီကူးစက်ရောဂါတွေကို ပုံမှန်ဆောင်းတွင်းသဘော ပြန်ဖြစ်လာတာမျိုး တွေ့ရှိလိုက်တာက၊ တခြား ကမ္ဘာ့နိုင်ငံတွေမှာလည်း အလားတူဖြစ်နိုင်ခြေများတာကြောင့်၊ ကိုဗစ်ကာကွယ်ဆေးအပြင် တုပ်ကွေးကာကွယ်ဆေးပါ ပိုထိုးဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းနေပါတယ်။ ကမ္ဘာ့နိုင်ငံတချို့နဲ့ မြန်မာနိုင်ငံမှာလည်း ဒီကူးစက်ရောဂါဆိုင်ရာ ဆေးစစ်မှု အများစုမလုပ်နိုင်တာကြောင့် ဘယ်ပိုးကြောင့် ဖျားနာမှုတွေ ဖြစ်နေရတာကို အသေအချာသိဖို့ ခက်ခဲနိုင်ပါတယ်။ အခုလိုအခြေအနေမှာ မြန်မာမှာလည်း ကမ္ဘာ့နိုင်ငံတွေနည်းတူ လူအများစုမှာ ကိုဗစ်ဖြစ်ခဲ့ပြီးရလာတဲ့ ကိုယ်ခံအားနဲ့ ကိုဗစ်ကာကွယ်ဆေး ဆက်ထိုးနေတာကြောင့် ရလာတဲ့ ကိုယ်ခံအားတွေနဲ့အတူ၊ ကိုဗစ်ကြောင့် ပြင်းပြင်းထန်ထန်ဖြစ်မှု သေဆုံးမှုတွေ ကျဆင်းလာတဲ့သဘော တွေ့နေရပါတယ်။ အခုလိုအချိန်မှာ မြန်မာနိုင်ငံအတွက် တုပ်ကွေးကာကွယ်ဆေးက အရင်ပြင်းပြင်းထန်ထန်ဖြစ်စေခဲ့တဲ့ ကိုဗစ်အတွက်ကာကွယ်ဆေးလောက် လူအများစိတ်ဝင်စားမှု ရှိပုံမရသေးပေမဲ့၊ တုပ်ကွေးပြင်းထန်လာနိုင်ခြေရှိနေတဲ့ အခု နှစ်သစ်အတွက်တော့ အခွင့်အရေးရလျှင်၊ မြန်မာအတွက်သင့်တော်နိုင်မဲ့ တုတ်ကွေးပိုးအမျိုးအစား (Strain) ဆိုင်ရာကာကွယ်ဆေးပါ ထိုးထားသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ မြန်မာကိုဗစ်လူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG