သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

က်န္းမာေရးနဲ႔ ညီၫြတ္တဲ့အစာ ရ႐ွိႏိုင္မႈဆိုင္ရာ ျပႆနာ


Healthy Diet food group, proteins, include meat (chicken or turkey), cheese, eggs and nuts.

က်န္းမာေရးေကာင္းဖို႔ အာဟာရျပည့္ဝစာဆိုင္ရာ ပညာေပးမႈေတြ ႐ွိလာေပမဲ့၊ ဒီအစားအစာေတြ လက္ေတြ႔ရ႐ွိႏိုင္မႈက ကိုဗစ္ေရာဂါ၊ ပဋိပကၡ၊ ဥတုရာသီနဲ႔ စီးပြားေရး ျပႆနာေတြေၾကာင့္ အကန္႔အသတ္ျဖစ္ေနတယ္လို႔ အာဟာရပညာ႐ွင္ေတြက သံုးသပ္ေျပာဆိုၾကပါတယ္။

အခုလို က်န္းမာေရးနဲ႔ ညီၫြတ္တဲ့အစာေတြ ရရိွႏိုင္ေရး၊ စားနပ္ရိကၡာဖူလုံဖို႔ အဆိုးဝါးဆုံးအခက္ၾကဳံေနရသူက ကမၻာေပၚမွာ သန္းေပါင္း ၂၀၀ နီးပါးအထိ ႐ွိေနၿပီး၊ ဒီအထဲ ျမန္မာႏိုင္ငံက ျပည္သူေတြလည္း ပါဝင္ေနပါတယ္။ အစာေရစာ မဖူလုံသူေတြထဲ ေက်းလက္ေဒသက အစားအစာထုတ္လုပ္သူေတြျဖစ္တဲ့ ေတာင္သူလယ္သမားေတြနဲ႔ ေမြးျမဴေရးလုပ္သားေတြ ကိုယ္တိုင္လည္း အမ်ားႀကီးပါဝင္ေနပါတယ္။ ဒါ့အျပင္ အမ်ိဳးသမီးေတြမွာ အမ်ိဳးသားေတြထက္ အာဟာရခ်ဳိ ႔တဲ့မႈ ပိုၾကဳံေနရၿပီး၊ ကေလးသူငယ္ေတြပါ ဝမ္းေရးအတြက္ သန္းခ်ီ အလုပ္ထြက္လုပ္ေနၾကရပါတယ္။ တကယ္ေတာ့ ကမၻာ့လူဦးေရစုစုေပါင္းရဲ႕ ၄၀% ျဖစ္တဲ့ လူသန္းေပါင္းေထာင္ခ်ီဟာ ဒီက်န္းမာေရးေကာင္းေစတဲ့ အာဟာရျပည့္ဝစာေတြကို လက္လွမ္းမမီႏိုင္တာ သုေတသနေတြမွာ ေတြ႔႐ွိထားပါတယ္။

အခုလို လက္လွမ္းမမီတဲ့ေနရာမွာ၊ အစားအေသာက္ ထုတ္လုပ္ရာေဒသေတြကေန တျခားလိုအပ္တဲ့ေနရာေတြကို ကိုဗစ္ကန္႔သတ္မႈနဲ႔ စစ္ပြဲပဋိပကၡအတားအဆီးေတြေၾကာင့္ လုံေလာက္ေအာင္ မပို႔ေဆာင္ေပးႏိုင္ခဲ့တာကိုလည္း ေလ့လာေတြ႔႐ွိခဲ့ရပါတယ္။ ဒါေၾကာင့္ ျမန္မာအပါအဝင္ ကမၻာေပၚမွာ အာဟာရျပည့္ဝစာဝယ္ဖို႔ ဝင္ေငြနည္းၿပီး၊ ေငြေၾကးမတတ္ႏိုင္သူေတြအျပင္၊ ေငြ႐ွိသူေတြတခ်ဳိ ႔ေတာင္ ဝယ္စရာမ႐ွိတာမ်ိဳးေတြ ၾကဳံလာေနရပါတယ္။ ဒီအတြက္ ဘယ္လိုအစားအစာေတြက အာဟာရျပည့္ဝတာနဲ႔ ဘယ္လိုစနစ္တက်ခ်က္ျပဳတ္ရတာေတြ သိဖို႔အျပင္၊ ဒီအစာေတြကို မဝယ္ႏိုင္လွ်င္ေတာင္ လက္လွမ္းမီႏိုင္ေအာင္၊ တပိုင္တႏိုင္ စိုက္ပ်ိဳးထုတ္လုပ္တာမ်ိဳး လုပ္ႏိုင္ေအာင္ စႀကိဳးစားၾကည့္ႏိုင္ပါတယ္။ အေၾကာင္းက လတ္တေလာ ကမၻာလုံးဆိုင္ရာနဲ႔ ႏိုင္ငံအလိုက္ အာဟာရျပည့္ဝစာေတြအတြက္ မဟာဗ်ဳဟာေတြ ခ်လုပ္ေနၾကေပမဲ့၊ လက္ေတြ႔မွာ မထိေရာက္တာေတြ ဆက္ၾကဳံေနရခ်ိန္မို႔ပါ။

အခုလို မထိေရာက္မႈေတြကို ေအာက္ေျခမိသားစုေတြမွာ ေလ့လာထားတဲ့ စစ္တမ္းေတြထဲ၊ အာဟာရခ်ဳိ ႔တဲ့မႈ ဆက္ၿပီးႀကီးႀကီးမားမား ႐ွိေနတာေတြက သက္ေသျပေနပါတယ္။ လကၡဏာေတြအေနနဲ႔ တခ်ဳိ ႔မွာ ပိန္လြန္းတာ၊ တခ်ဳိ ႔မွာေတာ့ အဝလြန္တာ၊ တခ်ဳိ ႔အရပ္ပုေနတာ၊ အသားအေရ မြဲေျခာက္ေနတာ၊ မ်က္လုံးေတြလည္း မြဲျပာျပာျဖစ္ေနတာ၊ သြားေတြနာေနတာ၊ အ႐ြယ္မတိုင္ခင္ အေရျပားတြန္႔လာတာစတဲ့ ႐ုပ္ပိုင္းဆိုင္ရာလကၡဏာေတြကို ေတြ႔႐ွိထားပါတယ္။ ဒါ့အျပင္ စိတ္ပိုင္းဆိုင္ရာအရလည္း အာဟာရျပည့္ဝစာ မရႏိုင္မႈေၾကာင့္ စိတ္ဓာတ္က်ဆင္းမႈ႐ွိေနသလို၊၊ တျခားေသာ ပဋိပကၡနဲ႔ ျပႆနာေတြေၾကာင့္လည္း စိတ္ဓာတ္က်ကာ မစားႏိုင္မေသာက္ႏိုင္ျဖစ္ၿပီး အာဟာရခ်ဳိ ႔တဲ့လာတာမ်ိဳးလည္း ေတြ႔႐ွိထားပါတယ္။ အခုလို အာဟာရခ်ဳိ ႔တဲ့မႈ အခ်ိန္ၾကာလာတာနဲ႔အမွ်၊ ကိုယ္တြင္းအဂၤါနဲ႔ က်န္းမာေရးထိခိုက္မႈေတြ ျဖစ္လာၿပီး၊ အခ်ိန္မီလည္း မကုသႏိုင္ကာ၊ ေရာဂါျပင္းထန္မွ ေဆး႐ုံေရာက္လာၿပီး၊ ေငြေၾကးဒုကၡ ၾကဳံလာရတာေတြ အမ်ားအျပားကိုလည္း ေတြ႔႐ွိထားပါတယ္။ ဒီအထဲ အသက္အ႐ြယ္ရလာသူေတြအျပင္၊ အနာဂတ္ေခါင္းေဆာင္ေတြျဖစ္မဲ့ အသက္ငယ္႐ြယ္သူေတြပါ ပါလာေနတာကို ေတြ႔႐ွိထားပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏုိုင္ဖို႔ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ ႔ Cornell တကၠသိုလ္က အျပည္ျပည္ဆိုင္ရာ အစာအာဟာရဆိုင္ရာ ပါေမာကၡ ေဒါက္တာခင္မာခ်ိဳ ကို ဆက္သြယ္ေမးျမန္းခဲ့တာ ျဖစ္ပါတယ္။

==== Unicode ====

ကျန်းမာရေးကောင်းဖို့ အာဟာရပြည့်ဝစာဆိုင်ရာ ပညာပေးမှုတွေ ရှိလာပေမဲ့၊ ဒီအစားအစာတွေ လက်တွေ့ရရှိနိုင်မှုက ကိုဗစ်ရောဂါ၊ ပဋိပက္ခ၊ ဥတုရာသီနဲ့ စီးပွားရေး ပြဿနာတွေကြောင့် အကန့်အသတ်ဖြစ်နေတယ်လို့ အာဟာရပညာရှင်တွေက သုံးသပ်ပြောဆိုကြပါတယ်။

အခုလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေ ရရှိနိုင်ရေး၊ စားနပ်ရိက္ခာဖူလုံဖို့ အဆိုးဝါးဆုံးအခက်ကြုံနေရသူက ကမ္ဘာပေါ်မှာ သန်းပေါင်း ၂၀၀ နီးပါးအထိ ရှိနေပြီး၊ ဒီအထဲ မြန်မာနိုင်ငံက ပြည်သူတွေလည်း ပါဝင်နေပါတယ်။ အစာရေစာ မဖူလုံသူတွေထဲ ကျေးလက်ဒေသက အစားအစာထုတ်လုပ်သူတွေဖြစ်တဲ့ တောင်သူလယ်သမားတွေနဲ့ မွေးမြူရေးလုပ်သားတွေ ကိုယ်တိုင်လည်း အများကြီးပါဝင်နေပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေမှာ အမျိုးသားတွေထက် အာဟာရချို့တဲ့မှု ပိုကြုံနေရပြီး၊ ကလေးသူငယ်တွေပါ ဝမ်းရေးအတွက် သန်းချီ အလုပ်ထွက်လုပ်နေကြရပါတယ်။ တကယ်တော့ ကမ္ဘာ့လူဦးရေစုစုပေါင်းရဲ့ ၄၀% ဖြစ်တဲ့ လူသန်းပေါင်းထောင်ချီဟာ ဒီကျန်းမာရေးကောင်းစေတဲ့ အာဟာရပြည့်ဝစာတွေကို လက်လှမ်းမမီနိုင်တာ သုတေသနတွေမှာ တွေ့ရှိထားပါတယ်။

အခုလို လက်လှမ်းမမီတဲ့နေရာမှာ၊ အစားအသောက် ထုတ်လုပ်ရာဒေသတွေကနေ တခြားလိုအပ်တဲ့နေရာတွေကို ကိုဗစ်ကန့်သတ်မှုနဲ့ စစ်ပွဲပဋိပက္ခအတားအဆီးတွေကြောင့် လုံလောက်အောင် မပို့ဆောင်ပေးနိုင်ခဲ့တာကိုလည်း လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် မြန်မာအပါအဝင် ကမ္ဘာပေါ်မှာ အာဟာရပြည့်ဝစာဝယ်ဖို့ ဝင်ငွေနည်းပြီး၊ ငွေကြေးမတတ်နိုင်သူတွေအပြင်၊ ငွေရှိသူတွေတချို့တောင် ဝယ်စရာမရှိတာမျိုးတွေ ကြုံလာနေရပါတယ်။ ဒီအတွက် ဘယ်လိုအစားအစာတွေက အာဟာရပြည့်ဝတာနဲ့ ဘယ်လိုစနစ်တကျချက်ပြုတ်ရတာတွေ သိဖို့အပြင်၊ ဒီအစာတွေကို မဝယ်နိုင်လျှင်တောင် လက်လှမ်းမီနိုင်အောင်၊ တပိုင်တနိုင် စိုက်ပျိုးထုတ်လုပ်တာမျိုး လုပ်နိုင်အောင် စကြိုးစားကြည့်နိုင်ပါတယ်။ အကြောင်းက လတ်တလော ကမ္ဘာလုံးဆိုင်ရာနဲ့ နိုင်ငံအလိုက် အာဟာရပြည့်ဝစာတွေအတွက် မဟာဗျုဟာတွေ ချလုပ်နေကြပေမဲ့၊ လက်တွေ့မှာ မထိရောက်တာတွေ ဆက်ကြုံနေရချိန်မို့ပါ။

အခုလို မထိရောက်မှုတွေကို အောက်ခြေမိသားစုတွေမှာ လေ့လာထားတဲ့ စစ်တမ်းတွေထဲ၊ အာဟာရချို့တဲ့မှု ဆက်ပြီးကြီးကြီးမားမား ရှိနေတာတွေက သက်သေပြနေပါတယ်။ လက္ခဏာတွေအနေနဲ့ တချို့မှာ ပိန်လွန်းတာ၊ တချို့မှာတော့ အဝလွန်တာ၊ တချို့အရပ်ပုနေတာ၊ အသားအရေ မွဲခြောက်နေတာ၊ မျက်လုံးတွေလည်း မွဲပြာပြာဖြစ်နေတာ၊ သွားတွေနာနေတာ၊ အရွယ်မတိုင်ခင် အရေပြားတွန့်လာတာစတဲ့ ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေကို တွေ့ရှိထားပါတယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာအရလည်း အာဟာရပြည့်ဝစာ မရနိုင်မှုကြောင့် စိတ်ဓာတ်ကျဆင်းမှုရှိနေသလို၊၊ တခြားသော ပဋိပက္ခနဲ့ ပြဿနာတွေကြောင့်လည်း စိတ်ဓာတ်ကျကာ မစားနိုင်မသောက်နိုင်ဖြစ်ပြီး အာဟာရချို့တဲ့လာတာမျိုးလည်း တွေ့ရှိထားပါတယ်။ အခုလို အာဟာရချို့တဲ့မှု အချိန်ကြာလာတာနဲ့အမျှ၊ ကိုယ်တွင်းအင်္ဂါနဲ့ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်လာပြီး၊ အချိန်မီလည်း မကုသနိုင်ကာ၊ ရောဂါပြင်းထန်မှ ဆေးရုံရောက်လာပြီး၊ ငွေကြေးဒုက္ခ ကြုံလာရတာတွေ အများအပြားကိုလည်း တွေ့ရှိထားပါတယ်။ ဒီအထဲ အသက်အရွယ်ရလာသူတွေအပြင်၊ အနာဂတ်ခေါင်းဆောင်တွေဖြစ်မဲ့ အသက်ငယ်ရွယ်သူတွေပါ ပါလာနေတာကို တွေ့ရှိထားပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Cornell တက္ကသိုလ်က အပြည်ပြည်ဆိုင်ရာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာခင်မာချို ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG