သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုယ့္ကိုယ္ကိုအဆုံးစီရင္မႈ လကၡဏာနဲ႔ ကိုင္တြယ္သင့္ပုံ


depression, anxiety, mental health, teenagers, teens, suicide

ကိုယ့္ကိုယ္ကိုအဆုံးစီရင္မႈကို ကာကြယ္ရာမွာ ကာယကံရွင္ထက္ ေဘးကေန ကူညီေပးႏိုင္တာက ပိုအေရးပါႏိုင္တာမို႔၊ ေဘးကေန ႀကိဳသိႏိုင္မဲ့လကၡဏာေတြကို ေစာင့္ၾကည့္ေပးဖို႔ စိတ္က်န္းမာေရးပညာရွင္ေတြက အႀကံျပဳၾကပါတယ္။

ေစာင့္ၾကည့္သင့္တဲ့ အဓိက လကၡဏာေတြကေတာ့ စိတ္ေနစိတ္ထား ေျပာင္းလဲလာၿပီး၊ အားလုံးကို အဆိုးျမင္လာတာ (Negative Attitude)၊ လက္ေတြ႔အဆုံးစီရင္ဖို႔ စျပင္ဆင္လာတာနဲ႔ ေမွ်ာ္လင့္ခ်က္အားလုံး ဆုံးရွံဳးၿပီး အဆုံးစီရင္တာကလြဲလို႔ တျခားနည္း မျမင္ႏိုင္ေတာ့တာေတြပါ။ စိတ္ေနစိတ္ထား ေျပာင္းလာတာအတြက္ သိသာတာက၊ အေစာပိုင္း အေကာင္းျမင္ေတြးေခၚမႈ (Positive Attitude) ရွိသူ၊ တက္ႂကြၿပီး လန္းလန္းဆန္းဆန္းရွိသူမ်ိဳးဟာ၊ ေနာက္ပိုင္း သူ႔ကိုယ္သူအေပၚေရာ၊ ပတ္ဝန္းက်င္အေပၚမွာပါ အဆိုးျမင္ေတြးေခၚမႈ (Negative Attitude) ဘက္ကို ေျပာင္းသြားၿပီး ေမွာင္မိုက္တဲ့ေနရာမွာ ေနရသလို ခံစားသြားရတာပါ။ ဒီအတြက္ လက္ေတြ႔မစားခ်င္၊ မေသာက္ခ်င္ျဖစ္တဲ့ လကၡဏာအျပင္၊ သူ႔ရဲ႕ ေနပုံထိုင္ပုံ ဟန္အမူအယာကပါ လိုက္ေျပာင္းလာကာ၊ ဒီ အဆိုးျမင္အေတြးနဲ႔ပဲ နစ္ေမ်ာေနတတ္တာပါ။ သူ႔အေတြးကို တျခားသူေတြ နားလည္မွာမဟုတ္ဘူး၊ ယူဆက ေဘးကလူေတြကို သူ စကားမေျပာျပေတာ့ ျဖစ္လာပါတယ္။ အခုလိုျဖစ္လာလွ်င္ သူ႔ကို ထိေတြ႔ဆက္ဆံတာ (Engage) လုပ္ၿပီး၊ သူ႔ေဘးနားကေန သူ႔ခံစားခ်က္ကို ေမးျမန္း၊ နားလည္ ပံ့ပိုးကူညီေပးဖို႔က ပိုအေရးႀကီးလာပါတယ္။

ေနာက္တခုက ေစာင့္ၾကည့္သင့္တဲ့ လက္ေတြ႔အဆုံးစီရင္ဖို႔ စျပင္ဆင္တာအတြက္ေတာ့၊ အထက္ပါအတိုင္း ထိေတြ႔ဆက္ဆံၿပီး ရင္းႏွီးမႈရလာတာနဲ႔အမွ် သူ ဘာေၾကာင့္ အခုလို အဆိုးျမင္ ေမွ်ာ္လင့္ခ်က္ကုန္တာမ်ိဳး ေတြးလာရတာကို စေမးၿပီး၊ ေနာက္မွာ ဘယ္ေလာက္အထိ လက္ေတြ႔အဆုံးစီရင္ဖို႔ ေတြးထားတာကိုပါ ဆက္ေမးႏိုင္ပါတယ္။ ဒီလို အဆိုးျမင္ ေမွ်ာ္လင့္ခ်က္ကုန္တာမ်ိဳးကို မွားတာမ်ိဳးလို႔ ခ်က္ခ်င္း ေထာက္ျပတာမ်ိဳး မဟုတ္ဘဲ၊ အခ်ိန္အနည္းငယ္ယူ ထိေတြ႔ဆက္ဆံကာ၊ သူေျပာတာေတြကို ျဖည္းျဖည္းခ်င္း နားေထာင္ခံစားေပးၿပီး ရင္းႏွီးလာမွသာ အခုလို ဆက္ေမးသင့္တာပါ။ ဒီလို နားလည္ရင္းႏွီးမႈရွိလာတာနဲ႔အမွ် အဆုံးစီရင္ဖို႔ စဥ္းစားခ်က္ (Suicidal Idea) သူ႔ဘက္ကလည္း ဖြင့္ေျပာလာတတ္ပါတယ္။ ေနာက္ဆုံး အဆုံးစီရင္ဖို႔ လက္ေတြ႔ျပင္ထားျခင္း (Suicidal Planning) ကိုပါ ဆက္လက္ရွာေဖြ ေမးၾကည့္သင့္ပါတယ္။ လက္ေတြ႔အဆုံးစီရင္ဖို႔ ဥပမာ ေဆးအလြန္အကြၽံသုံးမယ္ဆိုလွ်င္ ေဆးေတြ အမ်ားႀကီး ေဆာင္လာတာမ်ိဳးေတြ ျဖစ္လာတတ္ပါတယ္။ အခုလို ပုံမွန္မဟုတ္တဲ့ အျပဳအမူမ်ိဳးကိုလည္း သူ ဖြင့္ေျပာလာႏိုင္ပါတယ္။ အခုလို အေနအထားေရာက္လွ်င္လည္း အဆုံးစီရင္ဖို႔ ျပင္ဆင္ထားတာေတြကို ဖယ္ရွားပစ္ၿပီး၊ သူ႔ကို ေစာင့္ၾကည့္ေပးကာ သက္ေတာင့္သက္သာ ျဖစ္လာေအာင္လည္း ေဆြးေႏြးတိုင္ပင္မႈ ကုထုံး စေပးဖို႔လိုပါတယ္။

ဒါ့အျပင္ ေမွ်ာ္လင့္ခ်က္အားလုံး ဆုံးရႈံးတာမ်ဳိး (Sense of Hopelessness) မွာလည္း၊ ဒီ အေမွာင္ထုတြင္းနက္ႀကီးထဲကေန ႐ုန္းမထြက္ႏိုင္ေတာ့ဘူးလို႔ ေတြးကာ၊ အဆုံးစီရင္တဲ့နည္းပဲ ရွိေတာ့တယ္လို႔ ေျပာလာတာေတြက လက္ေတြ႔အဆုံးစီရင္ဖို႔ နီးလာခ်ိန္မွာ ျဖစ္လာတတ္ပါတယ္။ အထူးသျဖင့္ သူ႔ခံစားခ်က္ကို အေပၚကအတိုင္း နားေထာင္ မွ်ေဝခံစားေပးလာၿပီး ရင္းႏွီးမႈရွိလာလွ်င္၊ အခုလို ေမွ်ာ္လင့္ခ်က္ကုန္ ဘဝကို အရႈံးေပးပါၿပီဆိုတာမ်ိဳးလည္း သူထုတ္ေျပာလာတတ္ပါတယ္။ အခုလိုျဖစ္လာလွ်င္ ဒီ ေမွ်ာ္လင့္ခ်က္ကုန္သြားတဲ့ အေတြးမ်ိဳးဟာ တခါတရံမွ ေပၚလာတာလား၊ တေန႔ကို သုံးေလးခါျဖစ္တာလား၊ တခ်ိန္လုံး ျဖစ္ေနတာလားဆိုတာပါ ဆက္ေမးသင့္ပါတယ္။ တခ်ိန္လုံးျဖစ္ေနလွ်င္ေတာ့ အႏၲရာယ္ပိုႀကီးသြားပါၿပီ။ တခ်ဳိ ႔ကလည္း ေသေၾကာင္းႀကံစီမႈဆိုင္ရာ အမွာစကား၊ မွာတမ္းေခြၽဖို႔ (Suicidal Note) စေရးလာတာမ်ိဳး လုပ္လာတတ္ပါတယ္။ အခုလိုျဖစ္လာလွ်င္ေတာ့ ကုသမႈခံယူဖို႔ လိုအပ္လာၿပီမို႔၊ အႏၲရာယ္မေရာက္ေအာင္ စနစ္တက် ေစာင့္ၾကည့္ကာကြယ္ေပးႏိုင္မဲ့ ေနရာမ်ိဳး (စိတ္ေရာဂါ ေဆး႐ုံ ေဆးခန္း) မ်ိဳးကို ပို႔ေပးဖို႔ အေရးႀကီးသြားပါၿပီ။

ဒီေနရာမွာ ကိုယ့္ကိုယ္ကို အဆုံးစီရင္မႈကို ျဖစ္လာေစႏိုင္တဲ့ စိတ္ဖိစီးမႈဒဏ္ရာမ်ိဳးက လက္ရွိ ျမန္မာႏိုင္ငံထဲမွာ ႀကဳံေနရတဲ့ အက်ပ္အတည္းမ်ိဳးကေန အမ်ားကို ထိခိုက္ေစႏိုင္တဲ့ အေနအထားမ်ိဳးျဖစ္မွာ စိုးရိမ္ရပါတယ္။ လက္ရွိ စစ္ေဘးဒဏ္ကို ကိုယ္တိုင္ႀကဳံေတြ႔ ခံစားေနရသူေတြေရာ၊ တဆင့္ အႀကိမ္ႀကိမ္ ၾကားသိရသူေတြပါ လူအမ်ား အခုလို စိတ္ဒဏ္ရာႀကီးေတြ ရလာႏိုင္ပါတယ္။ ဒီစိတ္ဒဏ္ရာေတြကို အဖန္တလဲ ျပန္ခံစားရကာ၊ ညဘက္မွာ အိပ္မက္ဆိုးေတြ မက္တာမ်ိဳးလည္း ျဖစ္လာႏိုင္ပါတယ္။ အထူးသျဖင့္ အ႐ြယ္နဲ႔မမွ် စစ္ဒဏ္ေတြ (ေသေက်ထိခိုက္ မီးေလာင္ပ်က္စီးတာေတြ) ကို ကိုယ္တိုင္ ေတြ႔ျမင္ခံစားေနရတာ၊ ဒါမွမဟုတ္ ကိုယ္ခ်စ္ခင္တဲ့ မိသားစုဝင္ မိတ္ေဆြေတြ ခံစားလာရၿပီး၊ ဘယ္လို ေရွ ႔ဆက္ဖို႔နဲ႔ ကူညီေပးရမွန္း မသိေအာင္၊ ေမွ်ာ္လင့္ခ်က္မဲ့တဲ့အထိ ျဖစ္လာတာေတြ ႀကဳံရႏိုင္ပါတယ္။ ဒါမ်ိဳး တစ္ဦးခ်င္း ခံစားရတာေရာ အမ်ားနဲ႔ခံစားရတဲ့ စိတ္ေဝဒနာႀကီး (Collective Trauma) အတြက္ပါ၊ အခ်င္းခ်င္း႐ိုင္းပင္း နားေထာင္ေပးကာ မွ်ေဝခံစား ပံ့ပိုးကူညီေပးၾကဖို႔ အေရးႀကီးလာပါတယ္။ အခုလို လုပ္ေပးျခင္းျဖင့္ လက္ရွိစစ္ေဘးဒဏ္ႀကဳံေနရတာကေန တခ်ိန္လြတ္ေျမာက္ႏိုင္မွာကို ေတြးၿပီး၊ ဆက္ႀကံႀကံခံသြားႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြ ျဖစ္လာႏိုင္ပါတယ္။ တကယ္ေတာ့ လူေတြမွာ အခုလို ေဘးဒဏ္ႀကဳံလာလွ်င္ ႀကံႀကံခံႏိုင္စြမ္း (Resilience) ရွိထားၿပီးသား (ဥပမာ နာဂစ္မုန္တိုင္းမွာ ရင္ဆိုင္ႏိုင္ခဲ့တာ) မို႔၊ အခ်င္းခ်င္းနားလည္ ေဖးမ႐ိုင္းပင္းၿပီး ျပန္ပ်ိဳးေထာင္ေပးႏိုင္ပါတယ္။ ဘာသာေရးလုပ္ေဆာင္မႈေတြနဲ႔လည္း အရင္ အဆိုးျမင္ (Negative Attitude) ျဖစ္ခဲ့တာကေန၊ အေကာင္းျမင္ (Positive Attitude) ေမွ်ာ္လင့္ခ်က္မ်ိဳးကို ျပန္ေမြးဖြားရွင္သန္ေစႏိုင္ပါတယ္။

ဒီေရာဂါဆိုင္ရာအေၾကာင္း ပိုမုိသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္းက ၾသစေတ်းလ်အေျခစိုက္ စိတ္က်န္းမာေရး အထူးကုသမားေတာ္ႀကီးနဲ႔၊ ျမန္မာေဆးတကၠသိုလ္ေတြရဲ႕ ဂုဏ္ထူးေဆာင္ပါေမာကၡ ေဒါက္တာ Raymond တင့္ေဝ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==== Unicode =====

ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုကို ကာကွယ်ရာမှာ ကာယကံရှင်ထက် ဘေးကနေ ကူညီပေးနိုင်တာက ပိုအရေးပါနိုင်တာမို့၊ ဘေးကနေ ကြိုသိနိုင်မဲ့လက္ခဏာတွေကို စောင့်ကြည့်ပေးဖို့ စိတ်ကျန်းမာရေးပညာရှင်တွေက အကြံပြုကြပါတယ်။

စောင့်ကြည့်သင့်တဲ့ အဓိက လက္ခဏာတွေကတော့ စိတ်နေစိတ်ထား ပြောင်းလဲလာပြီး၊ အားလုံးကို အဆိုးမြင်လာတာ (Negative Attitude)၊ လက်တွေ့အဆုံးစီရင်ဖို့ စပြင်ဆင်လာတာနဲ့ မျှော်လင့်ချက်အားလုံး ဆုံးရှုံးပြီး အဆုံးစီရင်တာကလွဲလို့ တခြားနည်း မမြင်နိုင်တော့တာတွေပါ။ စိတ်နေစိတ်ထား ပြောင်းလာတာအတွက် သိသာတာက၊ အစောပိုင်း အကောင်းမြင်တွေးခေါ်မှု (Positive Attitude) ရှိသူ၊ တက်ကြွပြီး လန်းလန်းဆန်းဆန်းရှိသူမျိုးဟာ၊ နောက်ပိုင်း သူ့ကိုယ်သူအပေါ်ရော၊ ပတ်ဝန်းကျင်အပေါ်မှာပါ အဆိုးမြင်တွေးခေါ်မှု (Negative Attitude) ဘက်ကို ပြောင်းသွားပြီး မှောင်မိုက်တဲ့နေရာမှာ နေရသလို ခံစားသွားရတာပါ။ ဒီအတွက် လက်တွေ့မစားချင်၊ မသောက်ချင်ဖြစ်တဲ့ လက္ခဏာအပြင်၊ သူ့ရဲ့ နေပုံထိုင်ပုံ ဟန်အမူအယာကပါ လိုက်ပြောင်းလာကာ၊ ဒီ အဆိုးမြင်အတွေးနဲ့ပဲ နစ်မျောနေတတ်တာပါ။ သူ့အတွေးကို တခြားသူတွေ နားလည်မှာမဟုတ်ဘူး၊ ယူဆက ဘေးကလူတွေကို သူ စကားမပြောပြတော့ ဖြစ်လာပါတယ်။ အခုလိုဖြစ်လာလျှင် သူ့ကို ထိတွေ့ဆက်ဆံတာ (Engage) လုပ်ပြီး၊ သူ့ဘေးနားကနေ သူ့ခံစားချက်ကို မေးမြန်း၊ နားလည် ပံ့ပိုးကူညီပေးဖို့က ပိုအရေးကြီးလာပါတယ်။

နောက်တခုက စောင့်ကြည့်သင့်တဲ့ လက်တွေ့အဆုံးစီရင်ဖို့ စပြင်ဆင်တာအတွက်တော့၊ အထက်ပါအတိုင်း ထိတွေ့ဆက်ဆံပြီး ရင်းနှီးမှုရလာတာနဲ့အမျှ သူ ဘာကြောင့် အခုလို အဆိုးမြင် မျှော်လင့်ချက်ကုန်တာမျိုး တွေးလာရတာကို စမေးပြီး၊ နောက်မှာ ဘယ်လောက်အထိ လက်တွေ့အဆုံးစီရင်ဖို့ တွေးထားတာကိုပါ ဆက်မေးနိုင်ပါတယ်။ ဒီလို အဆိုးမြင် မျှော်လင့်ချက်ကုန်တာမျိုးကို မှားတာမျိုးလို့ ချက်ချင်း ထောက်ပြတာမျိုး မဟုတ်ဘဲ၊ အချိန်အနည်းငယ်ယူ ထိတွေ့ဆက်ဆံကာ၊ သူပြောတာတွေကို ဖြည်းဖြည်းချင်း နားထောင်ခံစားပေးပြီး ရင်းနှီးလာမှသာ အခုလို ဆက်မေးသင့်တာပါ။ ဒီလို နားလည်ရင်းနှီးမှုရှိလာတာနဲ့အမျှ အဆုံးစီရင်ဖို့ စဉ်းစားချက် (Suicidal Idea) သူ့ဘက်ကလည်း ဖွင့်ပြောလာတတ်ပါတယ်။ နောက်ဆုံး အဆုံးစီရင်ဖို့ လက်တွေ့ပြင်ထားခြင်း (Suicidal Planning) ကိုပါ ဆက်လက်ရှာဖွေ မေးကြည့်သင့်ပါတယ်။ လက်တွေ့အဆုံးစီရင်ဖို့ ဥပမာ ဆေးအလွန်အကျွံသုံးမယ်ဆိုလျှင် ဆေးတွေ အများကြီး ဆောင်လာတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ အခုလို ပုံမှန်မဟုတ်တဲ့ အပြုအမူမျိုးကိုလည်း သူ ဖွင့်ပြောလာနိုင်ပါတယ်။ အခုလို အနေအထားရောက်လျှင်လည်း အဆုံးစီရင်ဖို့ ပြင်ဆင်ထားတာတွေကို ဖယ်ရှားပစ်ပြီး၊ သူ့ကို စောင့်ကြည့်ပေးကာ သက်တောင့်သက်သာ ဖြစ်လာအောင်လည်း ဆွေးနွေးတိုင်ပင်မှု ကုထုံး စပေးဖို့လိုပါတယ်။

ဒါ့အပြင် မျှော်လင့်ချက်အားလုံး ဆုံးရှုံးတာမျိုး (Sense of Hopelessness) မှာလည်း၊ ဒီ အမှောင်ထုတွင်းနက်ကြီးထဲကနေ ရုန်းမထွက်နိုင်တော့ဘူးလို့ တွေးကာ၊ အဆုံးစီရင်တဲ့နည်းပဲ ရှိတော့တယ်လို့ ပြောလာတာတွေက လက်တွေ့အဆုံးစီရင်ဖို့ နီးလာချိန်မှာ ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် သူ့ခံစားချက်ကို အပေါ်ကအတိုင်း နားထောင် မျှဝေခံစားပေးလာပြီး ရင်းနှီးမှုရှိလာလျှင်၊ အခုလို မျှော်လင့်ချက်ကုန် ဘဝကို အရှုံးပေးပါပြီဆိုတာမျိုးလည်း သူထုတ်ပြောလာတတ်ပါတယ်။ အခုလိုဖြစ်လာလျှင် ဒီ မျှော်လင့်ချက်ကုန်သွားတဲ့ အတွေးမျိုးဟာ တခါတရံမှ ပေါ်လာတာလား၊ တနေ့ကို သုံးလေးခါဖြစ်တာလား၊ တချိန်လုံး ဖြစ်နေတာလားဆိုတာပါ ဆက်မေးသင့်ပါတယ်။ တချိန်လုံးဖြစ်နေလျှင်တော့ အန္တရာယ်ပိုကြီးသွားပါပြီ။ တချို့ကလည်း သေကြောင်းကြံစီမှုဆိုင်ရာ အမှာစကား၊ မှာတမ်းချွေဖို့ (Suicidal Note) စရေးလာတာမျိုး လုပ်လာတတ်ပါတယ်။ အခုလိုဖြစ်လာလျှင်တော့ ကုသမှုခံယူဖို့ လိုအပ်လာပြီမို့၊ အန္တရာယ်မရောက်အောင် စနစ်တကျ စောင့်ကြည့်ကာကွယ်ပေးနိုင်မဲ့ နေရာမျိုး (စိတ်ရောဂါ ဆေးရုံ ဆေးခန်း) မျိုးကို ပို့ပေးဖို့ အရေးကြီးသွားပါပြီ။

ဒီနေရာမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုကို ဖြစ်လာစေနိုင်တဲ့ စိတ်ဖိစီးမှုဒဏ်ရာမျိုးက လက်ရှိ မြန်မာနိုင်ငံထဲမှာ ကြုံနေရတဲ့ အကျပ်အတည်းမျိုးကနေ အများကို ထိခိုက်စေနိုင်တဲ့ အနေအထားမျိုးဖြစ်မှာ စိုးရိမ်ရပါတယ်။ လက်ရှိ စစ်ဘေးဒဏ်ကို ကိုယ်တိုင်ကြုံတွေ့ ခံစားနေရသူတွေရော၊ တဆင့် အကြိမ်ကြိမ် ကြားသိရသူတွေပါ လူအများ အခုလို စိတ်ဒဏ်ရာကြီးတွေ ရလာနိုင်ပါတယ်။ ဒီစိတ်ဒဏ်ရာတွေကို အဖန်တလဲ ပြန်ခံစားရကာ၊ ညဘက်မှာ အိပ်မက်ဆိုးတွေ မက်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် အရွယ်နဲ့မမျှ စစ်ဒဏ်တွေ (သေကျေထိခိုက် မီးလောင်ပျက်စီးတာတွေ) ကို ကိုယ်တိုင် တွေ့မြင်ခံစားနေရတာ၊ ဒါမှမဟုတ် ကိုယ်ချစ်ခင်တဲ့ မိသားစုဝင် မိတ်ဆွေတွေ ခံစားလာရပြီး၊ ဘယ်လို ရှေ့ဆက်ဖို့နဲ့ ကူညီပေးရမှန်း မသိအောင်၊ မျှော်လင့်ချက်မဲ့တဲ့အထိ ဖြစ်လာတာတွေ ကြုံရနိုင်ပါတယ်။ ဒါမျိုး တစ်ဦးချင်း ခံစားရတာရော အများနဲ့ခံစားရတဲ့ စိတ်ဝေဒနာကြီး (Collective Trauma) အတွက်ပါ၊ အချင်းချင်းရိုင်းပင်း နားထောင်ပေးကာ မျှဝေခံစား ပံ့ပိုးကူညီပေးကြဖို့ အရေးကြီးလာပါတယ်။ အခုလို လုပ်ပေးခြင်းဖြင့် လက်ရှိစစ်ဘေးဒဏ်ကြုံနေရတာကနေ တချိန်လွတ်မြောက်နိုင်မှာကို တွေးပြီး၊ ဆက်ကြံကြံခံသွားနိုင်ဖို့ မျှော်လင့်ချက်တွေ ဖြစ်လာနိုင်ပါတယ်။ တကယ်တော့ လူတွေမှာ အခုလို ဘေးဒဏ်ကြုံလာလျှင် ကြံကြံခံနိုင်စွမ်း (Resilience) ရှိထားပြီးသား (ဥပမာ နာဂစ်မုန်တိုင်းမှာ ရင်ဆိုင်နိုင်ခဲ့တာ) မို့၊ အချင်းချင်းနားလည် ဖေးမရိုင်းပင်းပြီး ပြန်ပျိုးထောင်ပေးနိုင်ပါတယ်။ ဘာသာရေးလုပ်ဆောင်မှုတွေနဲ့လည်း အရင် အဆိုးမြင် (Negative Attitude) ဖြစ်ခဲ့တာကနေ၊ အကောင်းမြင် (Positive Attitude) မျှော်လင့်ချက်မျိုးကို ပြန်မွေးဖွားရှင်သန်စေနိုင်ပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက သြစတျေးလျအခြေစိုက် စိတ်ကျန်းမာရေး အထူးကုသမားတော်ကြီးနဲ့၊ မြန်မာဆေးတက္ကသိုလ်တွေရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာ Raymond တင့်ဝေ ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG