သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပူလှိုင်းဟာ အသံတိတ်လူသတ်သမားဖြစ်တယ်လို့ လေ့လာချက်သစ်သတိပေး


အိန္ဒိယနိုင်ငံ၊ အူတာပရာဒတ်ရှ်ပြည်နယ် ဘော်လီယာမြို့က ဆေးရုံမှာ အပူဒဏ်ကြောင့် နေမကောင်းဖြစ်ပြီးရောက်လာသူ အဖိုးအိုတဦး။
အိန္ဒိယနိုင်ငံ၊ အူတာပရာဒတ်ရှ်ပြည်နယ် ဘော်လီယာမြို့က ဆေးရုံမှာ အပူဒဏ်ကြောင့် နေမကောင်းဖြစ်ပြီးရောက်လာသူ အဖိုးအိုတဦး။

၂၀၂၂ ခုနှစ် မေလအတွင်း ရာသီဥတုအပူချိန်နဲ့ဆက်နွယ်ပြီး သေဆုံးသူ ၆၀,၀၀၀ ကျော်ရှိတယ်လို့ လေ့လာချက်စစ်တမ်းတရပ်မှာဖော်ပြပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် အပူလှိုင်းပိုပြင်းထန်တာ၊ မကြာခဏဖြစ်တာနဲ့ အချိန်ကြာမြင့်မှုမှာ ပိုတိုးလာဖို့ရှိတယ်လို့ IPCC လို့ ခေါ်တဲ့ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့က ပြုစုတဲ့ အဲဒီလေ့လာချက်သစ်မှာဖော်ပြပါတယ်။

အခုဇွန်လ ၂ ရက်နေ့ ကျရောက်တဲ့ Heat Action Day အပူဒဏ်သတိပေးမှုနေ့မတိုင်ခင်မှာ ဒီအစီရင်ခံစာထုတ်ပြန်တာဖြစ်ပြီး အဲဒီထဲမှာတော့ ဥတုရာသီပြောင်းလဲမှုကြောင့် ပြီးခဲ့တဲ့ တနှစ်အတွင်း အလွန်အမင်း ပူပြင်းတဲ့နေ့တွေတိုးလာလာတာကို ဆန်းစစ်ထားပါတယ်။ အပူဒဏ်ဟာ အသံတိတ် သားသတ်သမားဖြစ်ပြီး ဒါဟာ အထူးသဖြင့် ပြီးခဲ့တဲ့နှစ်အတွင်း ပိုဆိုးဝါးလာတယ်လို့ အစီရင်ခံစာပူးတွဲရေးသားသူ ဥတုရာသီဆိုင်ရာကျွမ်းကျင်သူ Friederike Otto က ပြောပါတယ်။ အခု ကြုံရတဲ့ မေလဟာ အရင့်အရင် မေလတွေထက် ပိုပြီး ပူလာတယ်လို့လည်း Geneva မှာရှိနေတဲ့ သတင်းထောက်တွေကို သူက ပြောပါတယ်။

အိန္ဒိယနဲ့ပါကစ္စတန်မှာ အခုဆိုရင် အပူချိန် ဖာရင်ဟိုက် ၁၂၂ ဒီဂရီ ( ၅၀ ဒီဂရီ ဆဲဆီယက်စ်) ရှိနေပြီလို့လည်း မှတ်ချက်ပြုပြောသွားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ဟာဆိုရင် အပူဆုံးနှစ်အဖြစ် ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးက အတည်ပြုထားပါတယ်။ စက်မှုခေတ်ဦးကာလကရှိတဲ့ အပူချိန်ထက် ၁.၅ ဒီဂရီဆဲဆီးယပ်စ်ပဲထားဖို့ ပဲရစ်ရာသီဥတုသဘောတူညီချက်မှာ ဖော်ပြထားတဲ့ သတ်မှတ်ချက်အထိကို ရောက်လာပြီလို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG