သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ အပူလှိုင်း တရက်အတွင်း သေဆုံးသူ ၃၀ ကျော်

ASIA-WEATHER/INDIA-HEATWAVE
ASIA-WEATHER/INDIA-HEATWAVE

အိန္ဒိယနိုင်ငံရဲ့ အရှေ့ခြမ်းက ဘီဟာ (Bihar) နဲ့ အိုဒီးရှား (Odisha) ပြည်နယ်၊ မြောက်ပိုင်းက အူတရာ ပရာဒက်ရှ် (Uttar Pradesh) ပြည်နယ်တွေမှာ သောကြာနေ့က အပူချိန်ပြင်းထန် အပူလေ သင်တုန်း (Heat Stroke) ရောဂါသံသယနဲ့ လူ ၃၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတဘ်။

ဘီဟာမှာ ကြာသပတေးနေ့ (မေလ ၃၀) က လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ သေသူတွေထဲမှာ လက်ရှိ အိန္ဒိယမှာ အဆင့်ခုနစ်ဆင့်ခွဲပြီး အဆင့်အဆင့်ကျင်းပနေတဲ့ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာမှာ တာဝန်ထမ်းဆောင်နေသူ ၁၀ ဦး ပါဝင်ပါတယ်။ ရွေးကောက်ပွဲ အရာရှိတွေဟာ အများအားဖြင့် တနေကုန် တာဝန်ထမ်းဆောင်ရပြီး အဆောက်အအုံပြင်ဘက်ထွက် အလုပ် လုပ်ရတဲ့အချိန်လည်းများပါတယ်။

ဘီဟာပြည်နယ်ရဲ့ အိမ်နီးချင်း ဂျဟာခန်းပြည်နယ်မှာလည်း အပူရှိန် ကြောင့်လို့ သံသယဖြစ်ဖွယ်ရှိတဲ့ လူ (၃) ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြကြပါတယ်။ ဒေသတွင်းမှာ စနေနေ့အထိ အပူလှိုင်းဆက်ဖြတ်နေမယ်လို့လည်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

အိန္ဒိယ အပူလှိုင်း တရက်အတွင်း သေဆုံးသူ ၃၀ ကျော်
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG