သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေး ပြောခွင့်ရ Heather Nauert ကို ကုလဆိုင်ရာသံအမတ်ခန့်ဖို့ သမ္မတ Trump စဉ်းစား


အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Heather Nauert (ဝဲ)၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo
အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Heather Nauert (ဝဲ)၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Heather Nauert ကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ဖို့ သူ့အနေနဲ့ အလေးအနက် စဉ်းစား ထားကြောင်း အမေရိကန်သမ္မတ Donald Trump က ကြာသာပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

လက်ရှိ အမေရိကန်သံအမတ်ကြီး Nikki Haley က ရာထူးကနေ နုတ်ထွက်တော့မှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ရုတ်တရက် ကြေညာပြီးနောက် သူ့နေရာမှာ Heather Nauert ကို အစားထိုးဖို့ သမ္မတ Trump က စဉ်းစားနေတာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု လူဝင်မှုကြီးကြပ်ရေးဆိုင်ရာမူဝါဒ အပြောင်းအလဲလုပ်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ မနေ့က အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သူ့အနေနဲ့ Heather Nauert ကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ခန့်အပ်ဖို့ အလေးအနက်စဉ်းစားနေကြောင်း သတင်းထောက်တွေကို ပြောခဲ့တာပါ။

Heather Nauert ဟာ အလွန်ထက်မြက်ကြောင်း၊ သူ့အစိုးရအတွက် အချိန်ကြာမြင့်စွာကတည်းက အလုပ်လုပ်ပေးခဲ့တာဖြစ်သလို၊ ရေရှည် ထောက်ခံအားပေးလာခဲ့သူလည်းဖြစ်တယ်လို့ သမ္မတ Trump က သတင်းစာရှင်းလင်းပွဲအတွင်းပြောသွားပါတယ်။ ဒီကိစ္စကို သူ့အစိုးရအဖွဲ့အနေနဲ့ နောက်သီတင်းပတ်အတွင်း ဆုံးဖြတ်ဖို့ ရှိနေကြောင်း သမ္မတက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG