သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကုလသံအမတ်ကြီး Nikki Haley ရုတ်တရက် ရာထူးကနုတ်ထွက်


ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ရာထူးက နုတ်ထွက်သွားပါပြီ။ ဒီနေ့မနက်အစောပိုင်း အိမ်ဖြူတော် အစည်းအဝေးပွဲအတွင်း သံအမတ်ကြီး Haley ဒီနှစ်ကုန် ရာထူးကထွက်မှာ ဖြစ်ကြောင်းလည်း သမ္မတ Donald Trump ကပြောဆိုခဲ့တာပါ။ သံအမတ်ကြီးအနေနဲ့ တခြား အခန်းကဏ္ဍကနေ သူ့အစိုးရမှာ ပြန်လည်အမှုထမ်းဖို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

သံအမတ်ကြီး Haley ဟာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်မယူခင်မှာ တောင်ကယ်ရိုလိုင်းနား ပြည်နယ်မှာ ပထမဆုံး အမျိုးသမီး အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး၊ ၂၀၁၄ ခုနှစ်မှာလည်း နောက်တကြိမ် ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။

အမေရိကန် ကုလသံအမတ်ကြီး Nikki Haley ရုတ်တရက် ရာထူးကနုတ်ထွက်
please wait

No media source currently available

0:00 0:00:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG