သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟီရိုရှီးမား အဏုမြူဗုံးကျဲခံရမှု ၇၃ နှစ်မြောက် နှစ်လည်ပွဲ ကျင်းပ


အမျိုးသားရေးဝါဒတွေ မြင့်တက်လာနေတာက ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတယ်လို့ - ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို အမေရိကန်က အဏုမြူဗုံးကြဲခဲ့တဲ့ ၇၃ နှစ်မြောက်နှစ်ပတ်လည်း အခမ်းအနားမှာ ဟီရိုးရှီးမားမြို့ရဲ့ မြို့တော်ဝန်က သတိပေးလိုက်ပါတယ်။

တချို့နိုင်ငံတွေဟာ စစ်အေးတိုက်ပွဲ အဆုံးသတ်ပြီးတဲ့နောက် လျော့ကျသွားတဲ့တင်းမာမှုတွေကို ပြန်အသက်သွင်းနေတယ်လို့ ဟီရိုရှီးမားငြိမ်းချမ်းရေး အထိမ်းအမှတ်ပန်းခြံမှာ လုပ်တဲ့ ဒီအခမ်းအနားအတွင်း ဟီရိုရှီးမားမြို့တော်ဝန် Kazumi Matsui က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံဆိုတာကိုတော့ သူက ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး။

ဒါ့အပြင် အဲဒီနိုင်ငံတွေဟာ သူတို့ရဲ့ နျူးကလီးယား လက်နက်တွေကို ခေတ်မီအောင်လုပ်နေတဲ့ တချိန်တည်းမှာပဲ ကိုယ်ကျိုးကြည့် အမျိုးသားရေးဝါဒကိုလည်း အတိအလင်း ဖော်ပြနေတယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် နျူးကလီးယားလက်နက်ဖျက်သိမ်းရေး လုပ်ဆောင်တဲ့နေရာမှာ ဂျပန်နိုင်ငံအနေနဲ့ ဦးဆောင်ဖို့လည်း သူက တောင်းဆိုလိုက်ပါတယ်။

ဂျပန်နိုင်ငံဟာဆိုရင် - နျူကလီးယား လက်နက်မရှိတဲ့ နိုင်ငံတွေကို လက်နက်ရှိတဲ့နိုင်ငံတွေက အကာအကွယ်ပေးတဲ့ အမေရိကန်ရဲ့ အကာအကွယ်ပေးမှုအောက်မှာ ရှိနေတာဖြစ်ပြီး၊ နျူးကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ်မှာတော့ ပါဝင်လက်မှတ် ရေးထိုးထားတာတော့ မရှိပါဘူး။ ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့က ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို အမေရိကန်က အဏုမြူဗုံးကျဲခဲ့တာကြောင့် လူ ၁ သိန်း ၇ သောင်း သေဆုံးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG