သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီအစိုးရသစ်လက်ထက် မြန်မာ့လွှတ်တော်ဖွံဖြိုးမှု

ပြည်ထောင်စုလွှတ်တော် (MOI)
ပြည်ထောင်စုလွှတ်တော် (MOI)

ဒီမိုကရေစီစနစ်မှာ အုပ်ချုပ်ရေးအာဏာ ဥပဒေပြုရေးအာဏာ တရားစီရင်ရေးအာဏာဆိုတဲ့ အာဏာသုံးရပ်ဟာ သီးခြားလွတ်လပ်ပြီး အပြန်အလှန်ထိန်းကျောင်းနေရပါတယ်။ အသွင်ကူးပြောင်းလာတဲ့ မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာရော လက်ရှိအစိုးရလက်ထက်မှာပါ အုပ်ချုပ်ရေးပိုင်းခေါ်တဲ့ အစိုးရကိုရော ဥပဒေပြုရေးပိုင်း လွှတ်တော်ကိုပါ အနိုင်ရပါတီတရပ်တည်းကပဲ လွှမ်းမိုးထားတဲ့ အခြေအနေဖြစ်နေပါတယ်။

ဒီအခြေအနေအရ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီမှာ အစိုးရနဲ့ လွှတ်တော်အကြား အပြန်အလှန်ထိန်းကျောင်းနိုင်မယ့် အခြေအနေ ရှိပါရဲ့လား။ လွှတ်တော် ဖွံဖြိုးရေးပိုင်းကရော အားရစရာ တွေ့ရပါသလား။ အခု အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စား ဦးဦးလှစောနဲ့ Than Lwin Citizen Empowerment က ဘုတ်ဒါရိုက်တာ ဦးဆန်နီတို့က ပင်တိုင်ဆွေးနွေးထားပါတယ်။

ဒီမိုကရေစီအစိုးရသစ်လက်ထက် မြန်မာ့လွှတ်တော်ဖွံဖြိုးမှု
please wait

No media source currently available

0:00 0:14:32 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG