သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးအတွက် အမေရိကန် စစ်လက်နက်တင်ပို့မှု ဆိုင်းငံ့

Rafah ဒေသကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ ဗွီဒီယိုဖိုင်တခုကို အစ္စရေးက ထုတ်ပြန်ခဲ့ (မေ ၇၊ ၂၀၂၄)
Rafah ဒေသကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ ဗွီဒီယိုဖိုင်တခုကို အစ္စရေးက ထုတ်ပြန်ခဲ့ (မေ ၇၊ ၂၀၂၄)

Boeing ကုမ္ပဏီထုတ် စစ်လက်နက်တွေ အစ္စရေးကို တင်ပို့မှုတွေ အမေရိကန်က ဆိုင်းငံ့ထားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ အမေရိကန်ရဲ့ အနီးကပ်မဟာမိတ် အစ္စရေးကို နိုင်ငံရေးအရ သတင်းစကားပါးတာ ဖြစ်ကြောင်းလည်း နီးစပ်သူ ၄ ဦးထဲက ၂ ဦးကို ကိုးကားပြီး Reuters သတင်းက ဖော်ပြခဲ့တာပါ။

အမေရိကန်ရှိ တက္ကသိုလ်ကြီးတွေအပါအဝင်နေရာတချို့မှာ ဂါဇာကမ်းမြှောင်တောင်ပိုင်းရှိ Rafah ဒေသမှာ လုပ်မယ့် စစ်ပွဲတွေ ရပ်တန့်နိုင်ရေးဆန္ဒပြလှုပ်ရှားမှုတွေ ဖြစ်ပေါ်နေချိန်မှာပဲ အခုလို လက်နက်တင်ပို့မှု ရပ်ဆိုင်းတဲ့ သတင်းထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

မနေ့ကလည်း အစ္စရေးတပ်ဖွဲ့ဝင်တွေက Rafah ဒေသကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ ဗွီဒီယိုဖိုင်တခုကို အစ္စရေးက ထုတ်ပြန်ခဲ့ပြီး အရေးကြီးတဲ့ စစ်ဆင်ရေး လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ ဟာမတ်စ်တွေကို ချေမှုန်းဖို့ Rafah ဒေသမှာ ထိုးစစ်ဆင်ဖို့ လိုအပ်တယ်လို့ အစ္စရေးအရာရှိတွေက ရက်သတ္တပတ်ကြာ စစ်ဆင်ရေးမှာ ပြောကြားခဲ့ပြီး၊ အမေရိကန်၊ ကုလသမဂ္ဂတို့ကလည်း ပါလက်စတိုင်းအရပ်သားတွေ အပြည့်ရှိနေတဲ့ နယ်မြေမှာ ထိုးစစ်ဆင်တာဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြစ်စေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ John Kirby ကတော့ အစ္စရေး တာဝန်ရှိသူတွေဟာ Rafah ဒေသ စစ်ဆင်ရေးကို အကန့်အသတ်နဲ့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant ကတော့ အီဂျစ်မှာ ဆွေးနွေးထားတဲ့ အပစ်ရပ်ရေး သဘောတူညီချက်မှာပါတဲ့အတိုင်း ဓားစာခံတွေကို မလွှတ်ပေးဘူးဆိုရင် Rafah ဒေသ စစ်ဆင်ရေးက ပိုပြင်းထန်လာမယ်လို့ သတိပေးထားပါတယ်။

အစ္စရေးအတွက် အမေရိကန် စစ်လက်နက်တင်ပို့မှု ဆိုင်းငံ့
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG