သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာပေးမယ့်အကူအညီတွေ ဖြတ်တောက်ခံရ


ISRAEL-PALESTINIANS/RAFAH CROSSING
ISRAEL-PALESTINIANS/RAFAH CROSSING

ဂါဇာကမ်းမြောင်ကိုဝင်တဲ့ ရာဖာနဲ့ Karem Shalom လမ်းဆုံနှစ်ခုကို ပိတ်လိုက်တာကြောင့် ဂါဇာနေ ပါလက်စတိုင်းနှစ်သန်းကျော်အတွက်လိုအပ်တဲ့ မရှိမဖြစ်ပစ္စည်းတွေကို ဖြတ်တောက်လိုက်တာဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေး အဖွဲ့တွေက ပြောကြပါတယ်။

ပါလက်စတိုင်းနယ်မြေတွေမှာ အစ္စရေးအစိုးရလုပ်မယ့်ကိစ္စတွေကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်တဲ့ COGAT အဖွဲ့က ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ အကူအညီပေးလုပ်ငန်းတွေကို ငြင်းဆိုလိုက်တယ်လို့ ကုလ လူသားချင်းစာနာထောက်ထားမှု ပေါင်းစပ်ညှိနှိုင်းရေးရုံး ပြောရေးဆိုခွင့်ရှိသူ Jens Laerke က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဂါဇာတခုလုံးအတွက် လောင်စာဆီက တရက်စာပဲရှိပြီး ရာဖာဟာ တခုတည်းသော လောင်စာတင်သွင်းရာလမ်းဖြစ်တယ်လို့ သူက ဆိုပါတယ်။ ရာဖာက လူ ၁ သိန်းကျော်ကို အစ္စရေးက ရွှေ့ပြောင်းခိုင်းခဲ့တာပါ။

အစ္စရေးလက်မှတ်ထိုးထားတဲ့ နိုင်ငံတကာ လူသားချင်း စာနာမှုဥပဒေအရ ရွှေ့ပြောင်းတဲ့နေရာဟာ လုံခြုံစိတ်ချရပြီး စားနပ်ရိက္ခာ လုံလောက်၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သန့်ရှင်းမှုရှိရမှာဖြစ်ကြောင်း ဒီအချက်တွေမရှိဘဲ ရွှေ့ပြောင်းခိုင်းရင် အဓမ္မ ရွှေ့ပြောင်းမှုဖြစ်ပြီး ဒါဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani က ဆိုပါတယ်။

ဂါဇာပေးမယ့်အကူအညီတွေ ဖြတ်တောက်ခံရ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG