သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြပွဲ ရဲဖြိုခွင်း


ဟောင်ကောင်ကနေ တရုတ်ပြည်မကြီးကို တရားခံ လွှဲပြောင်းပေးရေး ဥပဒေကြမ်းကို လုံး၀ ရုပ်သိမ်းရေး၊ နောက် တရုတ် အစိုးရက အတည်ပြုထားတဲ့ ဟောင်ကောင် ခေါင်းဆောင် Carrie Lam နုတ်ထွက်ပေးရေး ဟောင်ကောင် မြို့စွန်က လမ်းမတွေပေါ် ပြန်ထွက်လာကြတဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကို ရဲတွေက နံပတ်တုတ်တွေ၊ မျက်ရည်ယို ဓာတ်ငွေ့တွေ သုံးပြီး လူစုခွဲခဲ့ပါတယ်။

Sha Tim က ဆန္ဒပြပွဲကတော့ တနင်္ဂနွေ တနေ့လုံး နီးပါး ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ပေမယ့် ဆန္ဒပြပွဲ အပြီးသတ်ခါနီးလေးမှာဘဲ ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာပါ။ ဝရုန်းသုန်းကား ဖြစ်နေတဲ့ ဈေးဆိုင်တန်း အဆောက်အအုံထဲကို ဆန္ဒပြသူ တချို့ ပြေးဝင်ခဲ့ကြပါတယ်။ ဈေးဆိုင်တန်းထဲက ဆန္ဒပြသူတွေကို ရဲက မျက်ရည်ယို ဓာတ်ငွေ့နဲ့ နံပတ်တုတ်တွေ သုံး လူစုခွဲခဲ့ပြီး ဆန္ဒပြသူတွေကလည်း ထီးတွေသုံးပြီး ရဲတွေကို တွေ့ရာဆွဲပြီး တိုက်ခိုက်ခဲ့ကြတာကို တွေ့ရပါတယ်။

ဆန္ဒပြသူတွေကတော့ လူဦးရေ ပိုပြီး များလာရေး ကြိုးပမ်းတဲ့ အနေနဲ့ ဟောင်ကောင်ရဲ့ မြို့စွန်ပိုင်း ဝေးလံတဲ့ ဒေသတွေထိပါ စပြီး ချီတက်ခဲ့ကြတာပါ။ တရုတ် ပြည်မကြီးနယ်စပ်နဲ့ နီးတဲ့ New Territories အပိုင်းမှာ ရှိတဲ့ Sha Tin ရပ်ကွက်က ပြည်မကြီးက လာရောက်လည်ပတ်သူတွေကြား ရေပန်းစားပါတယ်။ ဆန္ဒပြသူ ၁၁၀,၀၀၀ ရှိတယ်လို့ ဦးဆောင်သူတွေက ပြောဆိုပြီး ရဲဘက်ကတော့ ဆန္ဒပြသူ ၂၈,၀၀၀ ရှိတယ်လို့ ပြောကြောင်း RTHK က အသံလွှင့်ပါတယ်။ ဟောင်ကောင်မှာ ရက်သတ္တပတ်ကုန်ပိုင်း ဆန္ဒပြပွဲတွေ လုပ်နေတာ သီတင်းပတ်တွေနဲ့ ချီ ကြာမြင့်လာခဲ့ပါပြီ။

ဟောင်ကောင်ဆန္ဒပြပွဲ ရဲဖြိုခွင်း
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG