သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တရုတ်ပြည်မက ကုန်သည်တွေကို ဟောင်ကောင်မှာ ကန့်ကွက်ဆန္ဒပြ


ဟောင်ကောင်ရှိ ဆန္ဒပြသူများ (ဇူလိုင်၊ ၁၃၊ ၂၀၁၉)

တရုတ်ပြည်မကြီးကလာတဲ့ ကုန်သည် စီးပွားရေးသမားတွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဟောင်ကောင်မှာ ဒီကနေ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ စုဝေးခဲ့ကြပါတယ်။

ဟောင်ကောင်နဲ့ နယ်ချင်းစပ်နေတဲ့ တရုတ်ပြည်မကြီးဘက်ခြမ်း Shenzhen မြို့အနီးက Sheung Shui မြို့မှာ ဆန္ဒပြခဲ့ကြတာပါ။

တရုတ်က ကုန်သည်တွေ ဟောင်ကောင်က ပစ္စည်းတွေလာဝယ်ပြီး ပြည်မကြီးမှာ ပြန်လည် ရောင်းချနေတာတွေ ရပ်တန့်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေတာပါ။ ဆန္ဒပြပွဲတွေ ဖြစ်နေတဲ့ Sheung Shui မြို့က ဈေးဆိုင်တွေ အများအပြားကိုလည်း ပိတ်ထားပါတယ်။

အစပိုင်းမှာ ဆန္ဒပြပွဲ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်း ရဲတွေဘက်က ဆန္ဒပြလူအုပ်ကို ငရုတ်ကောင်းရည်တွေ သုံးပြီး ဖြိုခွဲချိန်မှာတော့ နှစ်ဘက်အပြန်အလှန် တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။

ဟောင်ကောင်မှာ အခုဆန္ဒပြပွဲ မတိုင်ခင်ကလည်း ဆန္ဒပြပွဲတွေ သီတင်းပတ်နဲ့ချီ ဆက်တိုက်ဖြစ်နေခဲ့တာပါ။ ရာဇဝတ်သားတွေအဖြစ် သံသယရှိပြီး အလိုရှိနေသူတွေကို တရုတ်ပြည်မကြီးကို လွှဲပြောင်းပေးနိုင်တဲ့ အငြင်းပွားဖွယ်ရာ ဥပဒေကြမ်း ကောင်ကောင်လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒါကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ သီတင်းပတ်နဲ့ချီ ဖြစ်ခဲ့တာပါ။

စိတ်ဆိုးဒေါသထွက်နေကြတဲ့ ပြည်သူတွေရဲ့ ရက်ပေါင်းများစွာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး နောက်မှာတော့ ဟောင်ကောင်အကြီးအကဲ Carrie Lam ဒီဥပဒေကြမ်း နိဂုံးချုပ်သွားပြီဖြစ်ကြောင်း သိပ်မကြာခင်ကပဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG