သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်အုပ်ချုပ်ရေးရုံးကို ဆန္ဒပြသူတွေ ဝင်စီး


ဟောင်ကောင်ကို ဗြိတိသျှအုပ်ချုပ်မှုကနေ တရုတ်လက်ပြန်လွှဲခဲ့တဲ့ ၂၂ နှစ်ပြည့်မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ ဟောင်ကောင် အုပ်ချုပ်ရေးကောင်စီရုံး အဆောက်အဦးပါတ်လည်မှာ ထောင်နဲ့ချီတဲ့ဆန္ဒပြသူတွေ ဝိုင်းရံဆန္ဒပြခဲ့ကြသလို၊ လူတစုက အဆောက်အဦး တံခါးတွေဖျက်ပြီး အထဲဝင်ဖို့ ကြိုးစားခဲ့ကြတာမှာ အထဲမှာ စောင့်နေတဲ့ ရဲတွေက ငရုတ်ရည်တွေဖြန်းပြီး လူစုခွဲခဲ့ကြပါတယ်။

ဒီကြားထဲကပဲ ဆန္ဒပြသူတွေကလည်း ထီးတွေ၊ မျက်နှာဖုံးတွေ၊ Plastic အကာတွေသုံးပြီး အဆောက်အဦး အဝင်တံခါးနဲ့ မှန်တခါးတွေကို ဖျက်စီးပြီး တချို့လည်း အစည်းအဝေးခန်းမထဲအထိ ဝင်ရောက်ခဲ့ကြပါတယ်။ လောလောဆည်အချိန်အထိ ခန်းမထဲကို ဆန္ဒပြသူတွေ ဝင်ရောက်သိမ်းပိုက်ထားပါတယ်။ အကြီးအကျယ်ဆန္ဒပြပွဲကြီးအတွက် တခြားဆန္ဒပြသူတွေကလည်း မြို့ထဲက ဝိတိုရိယပန်းခြံမှာ စုဝေးပြီးနေ့လည် ၂ နာရီခွဲမှာ အစိုးရရုံးတွေရှိရာကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဗြိတိသျှအုပ်ချုပ်မှုကနေ လွှဲပြောင်းယူတဲ့ အထိမ်းအမှတ် ဒီနေ့ တနင်္လာနေ့အစောပိုင်းက ကျင်းပတဲ့ အလံတင် အခမ်းအနားကိုလည်း ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကို ရဲတွေက ငရုတ်ရည်တွေ၊ လက်ကိုင်တုတ်တွေ သုံးပြီး လူစုခွဲခဲ့ပါတယ်။ အဲဒီအလံတင် အခမ်းအနားမှာ ဆန္ဒပြသူတွေက ဟောင်ကောင်ကွှန်းရဲ့ အနီရောင်အလံကို ဖြုတ်ချပြီး ဆန္ဒပြသူတွေရဲ့ အမည်းရောင်အလံကို တိုင်ဝက် လွှင့်ထူခဲ့ကြပါတယ်။ မနက် ၁၁ နာရီမှာတင် ထိခိုက်ဒဏ်ရာရသူ ၊ဆန္ဒပြသူနဲ့ ရဲ စုစုပေါင်း ၂၅ ယောက်ရှိတယ်လို့ အစိုးရပြောခွင့်ရသူက ပြောပါတယ်။

တရုတ်ပြည်မကြီးရဲ့ အုပ်ချုပ်မှုအောက် ဟောင်ကောင်ပြန်ရောက်သွားခဲ့ပြီးနောက် ၁ နိုင်ငံ စနစ် ၂ ခုဆိုတဲ့ အာမခံချက်ရှိပေမဲ့ ဒီမိုကရေစီအခွင့်အရေးတွေ တဖြည်းဖြည်း ဆုံးရှုံးလာနေတယ်လို့ ဟောင်ကောင်နေသူအများက မြင်နေကြပါတယ်။ တချိန်ထဲမှာပဲ ရာဇဝတ်မှု ကျူးလွန်သူအဖြစ် မသင်္ကာသူတွေကို တရုတ်ပြည်မကြီးကို လွဲှပြောင်းပေးမယ့် အငြင်းပွားစရာ ဥပဒေကြမ်းကို ပယ်ဖျက်ပေးဖို့လည်း ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG