သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် အငြင်းပွားဥပဒေကြမ်း ပြန်လည်ရုပ်သိမ်း


ဟောင်ကောင်ကနေ တရုတ်ပြည်မကြီးကို ရာဇဝတ်သားတွေ လွှဲပြောင်းပေးရမယ့် ဥပဒေမူကြမ်းကို တရားဝင် ရုပ်သိမ်းတော့မယ် လို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam ဒီကနေ့ ကြေညာလိုက်ပါတယ်။ ဒါဟာဖြင့် ဒီဥပဒေမူကြမ်းကို ရုပ်သိမ်းဖို့ လပေါင်းများစွာ ဆန္ဒပြနေကြသူတွေရဲ့ တောင်းဆိုချက်တချက်ကို လိုက်လျောလိုက်တာပဲ ဖြစ်ပါတယ်။

ဥပဒေမူကြမ်းအရဆိုရင် ဟောင်ကောင်ဒေသခံတွေ တရုတ်ပြည်မကြီးမှာ တရားရင်ဆိုင်ဖို့ ပို့ခံရမယ့်အရေးရှိခဲ့တာပါ။ ဒါကြောင့်ပဲ ဆန္ဒပြပွဲကြီးတွေဖြစ်လာပြီး တခါတခါ ရုန်းရင်းဆန်ခတ်အခြေအနေတွေ ရောက်ခဲ့သလို ဒီလအစောပိုင်းကဆိုရင် ဟောင်ကောင်လေဆိပ် ပိတ်သွားတဲ့အထိပါ ဖြစ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အဆမတန် အင်အားသုံးပြီး အကြမ်းပတမ်း နှိမ်နင်းဖြိုခွဲတယ်ဆိုတဲ့အပေါ် သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ အပါအဝင် တခြားတောင်းဆိုချက်တွေကိုတော့ အစိုးရအနေနဲ့ လက်မခံဘူးလို့ ကြိုတင် ရိုက်ကူးသွင်းယူ ထားပြီး ရုပ်သံကနေ ဒီကနေ့ထုတ်လွှင့်တဲ့ ကြေညာချက်ထဲမှာ အုပ်ချုပ်ရေးမှူး Lam ကပြောထားပါတယ်။

ဒါပေမယ့် ဒီကိစ္စကို စုံစမ်းစစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့ စောင့်ကြည့် ကြီးကြပ်တဲ့ဌာနမှာ အဖွဲ့ဝင်သစ်နှစ်ယောက်ကို ထပ်ခန့်လိုက်ပါ တယ်။ ဖမ်းဆီးထားသူတွေကို စွဲချက်မတင်ဘဲ ပြန်လွှတ်ပေးဖို့လည်း ဆန္ဒပြသူတွေက တောင်းဆိုထားပေမယ့် Carrie Lam က တော့ ဒါဟာ လက်ခံနိုင်စရာမရှိဘူးလို့ ပြောပါတယ်။ လွှတ်တော်အမတ်တဦးက ဥပဒေမူကြမ်းကို ရုပ်သိမ်းတာက လုံလောက်မှုမရှိသလို သိပ်နောက်ကျလွန်းနေပြီလို့ ပြောပါတယ်။

ဟောင်ကောင် အငြင်းပွားဥပဒေကြမ်း ပြန်လည်ရုပ်သိမ်း
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG