သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြမှု ငြိမ်းချမ်းစွာအဖြေရှာဖို့ ကန်တိုက်တွန်း


ဟောင်ကောင်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်သူတွေအားလုံး ထိန်းထိန်းသိမ်းသိမ်းရှိကြဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။ မကြာသေးခင် ရက်တွေအတွင်း ဆန္ဒပြမှုတွေဟာ အကြမ်းဖက်တဲ့ အသွင်ကို ပြောင်းလဲခဲ့တာနဲ့အတူ ဟောင်ကောင် အာဏာပိုင်တွေနဲ့ ဒီမိုကရေဒီ တောင်းဆိုသူတွေအကြား သဘောထား ပျော့ပြောင်းနိုင်တဲ့ လက္ခဏာတွေကို တွေ့မြင်ရအပြီးမှာ အမေရိကန်နိုင်ငံက အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ဟောင်ကောင် ရဲတပ်ဖွဲ့က ဆန္ဒပြပွဲတွေမှာ မျက်ရည်ယို ဗုံးတွေ အသုံးပြုခဲ့သလို ဆန္ဒပြသူတွေကည်း ဓါတ်ဆီ ဗုံးတွေနဲ့ အုတ်ခဲတွေ အသုံးပြုခဲ့ကြပါတယ်။

အကြမ်းဖက်မှုတွေ ထပ်ဖြစ်မှာကို ကျွန်တာ်တို့ လက်ပိုက် ကြည့်မနေနိုင်ပါဘူးလို့ အမေရိကန် နိုင်ငံခြားရေး တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။ ရက်သတ္တပတ် အတော်ကြာကြာ ဖြစ်ပွားနေတဲ့ ဒီ ဆန္ဒပြပွဲတွေဟာ လောလောဆယ်မှာ ပြီးဆုံးသွားမယ့် အခြေအနေ မရှိသေးပေမဲ့ နှစ်ဖက် ပြေလည်နိုင်တဲ့ အားတက်စရာ လက္ခဏာတွေကို တွေ့ရတယ်လို့လည်း အမေရိကန်အရာရှိက ပြောပါတယ်။

ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam က ဆန္ဒပြသူတွေ တောင်းဆိုနေတဲ့ အချက် ၅ ချက်ကို ဆွေးနွေးနိုင်ခဲ့ကြောင်း၊ အနည်းဆုံး အချက် ၂ ခကျကို ဆွေးနွေး ဖြေရှင်းနိုင်မယ်အခြေအနေကို တွေ့ ရှိကြောင်း၊ နှစ်ဖက်စလုံးမှာ ရပ်တည်ချက်တွေ ပျော့ပြောင်းလာတာကိုလည်း တွေ့ရှိ ကြောင်းလည်း သူက ပြောပါတယ်။

ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ G7 ထိပ်သီး ညီလာခံကလည်း နှစ်ဖက် ထိန်းထိန်းသိမ်းသိမ်း ရှိဖို့ တိုက်တွန်းခဲ့ရာမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးပြောခွင့်ရGeng Shuang က ပြည်တွင်းရေး စွက်ဖက်မှုအဖြစ် စွပ်စွဲ အပြစ်တင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG