သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဆန္ဒပြသူတွေနဲ့ ဆွေးနွေးဖို့ကမ်းလှမ်း


ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam
ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam

ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam က ဆန္ဒပြသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ဒီကနေ့ပြောပေမယ့် ရုန်းရင်းဆန်ခတ်ဖြစ်တာကိုတော့ အစိုးရအနေနဲ့ သည်းခံံမှာမဟုတ်ဘူးလို့ပြောပါတယ်။

ရုန်းရင်းဆန်ခတ် ဆက်ဖြစ်နေတယ်ဆိုရင် လုပ်ဆောင်ရမယ့် တခုတည်းသောနည်းလမ်းကတော့ တရားဥပဒေစိုးမိုးရေး လုပ်ထုံး လုပ်နည်းတွေကနေတဆင့် နှိမ်နင်းဖို့ပဲဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူး Carrie Lam ကပြောပါတယ်။ ပြီးခဲ့တဲ့ စနေနဲ့တနင်္ဂနွေနေ့တွေက ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်တာတွေ ရှိခဲ့ပြီး တဲ့နောက် လူ ၈၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

တနင်္ဂနွေနေ့က ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေထဲမှာ အများစုကြီးက ငြိမ်းငြိမ်းချမ်းချမ်း ချီတက်ခဲ့ကြပေမယ့် အုပ်စုကြီး တွေထဲကနေခွဲထွက်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်သူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ နှိမ်နင်းဖြိုခွဲတာတွေရှိခဲ့ပါတယ်။ ဒါ့အပြင် မီးသတ်ပိုက်တွေကို ပထမဆုံးအကြိမ် အသုံးပြုပြီး ဖြိုခွဲတာတွေလည်းရှိခဲ့ပါတယ်။ဆန္ဒပြသူတချို့က ရဲတပ်ဖွဲ့ကို အုတ်ခဲတွေနဲ့ပေါက်တာ၊ တုတ်တွေ သံချောင်းတွေနဲ့ ရိုက်တာအပြင် ရဲတပ်ဖွဲ့ဝင်တွေ လမ်းပေါ်မှာ ချော်လဲသွားအောင် ဆပ်ပြာရည်တွေ လောင်းပက်ထားခဲ့ကြပါတယ်။

၁၉၉၇ ခုနှစ်မှာ ဗြိတိန်အုပ်ချုပ်မှုအောက်ကနေ ဟောင်ကောင်ကို တရုတ်လက်ထဲ ပြန်ပြီး လွှဲပြောင်းခဲ့ကတည်းကဆိုရင် ငြိမ်းချမ်း တည်ငြိမ်ရေးအတွက် အကြီးမားဆုံးခြိမ်းခြောက်မှု ဖြစ်လာနေတဲ့ ဆန္ဒပြပွဲတွေကို ဆက်လုပ်သွားဖို့ စီစဉ်ထားကြပါတယ်။

တနိုင်ငံ စနစ်နှစ်ခုဆိုတဲ့ အစီအစဉ်အောက်မှာ ဟောင်ကောင်ကျွန်းကို တရုတ်လက်ထဲ လွှဲပြောင်းခဲ့တာဖြစ်ပေမယ့် အခြေခံ အခွင့်အရေးတွေ တဖြည်းဖြည်းချင်း လျော့ပါးလာနေတယ်လို့ မြင်ကြတဲ့အပေါ် ဆန္ဒပြသူတွေက ကန့်ကွက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG