သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြမှု လူတသိန်းကျော်


ဟောင်ကောင်မှာတော့ အစိုးရကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ၁၁ ပတ်မြောက်အဖြစ်နဲ့ ဆက်လက်ကျင်းပခဲ့ပြီး၊ ဒီကနေ့မှာတော့ ဆန္ဒပြတဲ့သူအရေအတွက် ဟာ ၁ သိန်းထက်မနည်းရှိခဲ့ပါတယ်။

ဟောင်ကောင်မှာ မိုးတွေအကြီးအကျယ်ရွာနေတဲ့ကြားကပဲ ဆန္ဒပြတဲ့သူတွေဟာ ထီးတွေဆောင်ပြီး လမ်းတွေပေါ်ကိုထွက်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြတဲ့သူတွေဟာ ဗစ်တိုးရီးယားပန်းခြံမှာ စုဝေးပြီးတော့ အဲဒီကနေ ဟောင်ကောင်ရဲ့ လူစည်ကားဆုံး ဈေးဝယ်စင်တာတွေရှိတဲ့နေရာတွေကို ချီတက်ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြတဲ့သူတွေဟာ သူတို့လှည့်လည်ချီတက်ရာလမ်းတလျှောက် ကြွေးကြော်သံတွေ၊ ဆိုင်းဘုတ်တွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြပြီး၊ ဟောင်ကောင်လွတ်မြောက်ရေး ဒီမိုကရေစီရရှိရေးစတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်။ ဒီကနေ့ဆန္ဒပြတဲ့သူတွေထဲမှာ သက်ကြီးရွယ်အိုတွေအပါအဝင် အရွယ်ပေါင်းစုံပါဝင်ခဲ့သလို၊ တချို့တွေကလည်း သူတို့ရဲ့ ကလေးငယ်လေးတွေကိုပါခေါ်လာပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြတဲ့သူတွေများတာကြောင့်၊ တချို့တွေလည်း ပန်းခြံထဲမှာနေရာမယူနိုင်တာကြောင့်၊ ဟောင်ကောင်ရဲ့ အဓိကစီးပွားရေးဇုန်တွေဘက်ကို ချီတက်ဆန္ဒပြခဲ့ကြပြီး၊ တရုတ်အစိုးရက ထောက်ခံတဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam ရာထူးကနေ နှုတ်ထွက်ပေးဖို့ကို တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြတဲ့သူတွေကတော့ အစိုးရဘက်က သူတို့ကိုလေးလေးစားစားဆက်ဆံတယ်ဆိုတာ မပြမချင်း သူတို့အနေနဲ့ ဆက်ပြီးတော့ ဆန္ဒပြသွားမယ်လု့ ပြောလိုက်ပါတယ်။ တရုတ်နိုင်ငံပြည်မကြီးကို တရားခံလွှဲပြောင်းရေးဥပဒေကြမ်းကြောင့် ဟောင်ကောင်မှာ အခုလို ဆန္ဒပြတာတွေဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဟောင်ကောင်ဆန္ဒပြမှု လူတသိန်းကျော်
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG