သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်လေဆိပ် ဆန္ဒပြမှုတွေကြောင့် ပိတ်ထား 


ဟောင်ကောင်လေဆိပ်အတွင်း ဆန္ဒပြ
ဟောင်ကောင်လေဆိပ်အတွင်း ဆန္ဒပြ

ဟောင်ကောင် ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုကို ရှုတ်ချတဲ့ အနေနဲ့ ဒီမိုကရေစီ လိုလားတဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက ဟောင်ကောင် လေဆိပ်ကို ချီတက်ခဲ့ကြတာကြောင့် လေယာဉ် ခရီးစဉ် အားလုံး မဖြစ်မနေ ဖျက်သိမ်းခဲ့ရပြီးနောက် အင်္ဂါနေ့ အစောပိုင်းမှာတော့ ကမ္ဘာ့ လေကြောင်း ပျံသန်းမှုမှာ အလုပ်အများဆုံး လေဆိပ်ကြီး တခုမှာ ဖရိုဖရဲ အခြေစိုက်နေပါတယ်။

အကြမ်းဖက် ဆန္ဒပြမှု တချို့ဟာ အကြမ်းဖက်ဝါဒစွဲ လုပ်ရပ် အဖြစ် တရုတ်အစိုးရက ရှုတ်ချ ပြောဆိုပြီး ဟောင်ကောင် ဆန္ဒပြသူတွေ အပေါ် တရုတ် အစိုးရဘက်က စိတ်ဆိုး ဒေါသထွက်ကြောင်း အရိပ်လက္ခာတွေ ပြသခဲ့ပြီးတဲ့နောက် အခုလို လေဆိပ်ကို ပိတ်ချလိုက်တာပါ။ အမေရိကန် ပြည်ထောင်စု ဘက်ကတော့ သက်ဆိုင်သူ အားလုံး အကြမ်းဖက်မှုတွေကို ရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။

တနလာၤနေ့က လေဆိပ်ကို ပိတ်လိုက်ပြီးနောက် အင်္ဂါနေ့ မနက် ၆ နာရီမှာ လေဆိပ်ကို ပြန်ဖွင့်ဖို့ အာဏာပိုင်တို့က ရည်ရွယ်ထားခဲ့ကြတာပါ။ ဒါပေမယ့် ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက လေဆိပ် ဆိုက်ရောက် ခန်းမမှာ ညအထိ ဆက်ရှိနေကြပြီး ပြန်ထွက်ကြမယ့်ပုံလည်း မရှိပါဘူး။ ဟောင်ကောင်ကနေ တရုတ်ပြည်မကြီးကို တရားခံ လွှဲပြောင်းရေး ခွင့်ပြုမယ့် ဥပဒေကြမ်းကို ဆန့်ကျင်မှုကနေ စခဲ့တဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေက အခုဆိုရင် သီတင်းပတ် ၁၀ ပတ်ထိ ရှိခဲ့ပါပြီ။ အင်္ဂါနေ့ အစောပိုင်းမှာတော့ ဟောင်ကောင် အခြေစိုက် Cathay Pacific လေကြောင်းလိုင်းရဲ့ ဝက်ဘ်ဆိုက်မှာတော့ အင်္ဂါနေ့လည်ပိုင်း ဆိုက်ရောက် ထွက်ခွာ လေယာဉ် ခရီးစဉ် အားလုံး ဖျက်သိမ်းကြောင်း ကြေညာထားပါတယ်။ အရေးတကြီး မဟုတ်ရင် ခရီးသွားတာကို ရွှေ့ဆိုင်းဖို့လည်း Cathay Pacific လေကြောင်းလိုင်းက ခရီးသည်တွေကို အကြံပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG