သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြမှု ငြိမ်းချမ်းစွာဖြေရှင်းဖို့ ကန်ဒုသမ္မတ တိုက်တွန်း


ဟောင်ကောင်က ဒီမိုကရေစီရေး လိုလားတဲ့ ဆန္ဒပြသူတွေနဲ့ မတူညီမှုတွေကို ဖြေရှင်းတဲ့ နေရာမှာ တရုတ် အနေနဲ့ လူသားချင်း စာနာထောက်ထားတဲ့ အပြုအမူမျိုးနဲ့ ဆောင်ရွက်ဖို့ အမေရိကန် ဒုတိယ သမ္မတ Mike Pence က တနလာင်္နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ဟောင်ကောင်ကို တရုတ် ပြည်မကြီးထံ ၁၉၉၇ ခုနှစ်မှာ လွှဲပြောင်းပေးပေမယ့် ဆန္ဒပြခွင့် အပါအ၀င် တရုတ် ပြည်မကြီးမှာ မရတဲ့ လွတ်လပ်ခွင့်မျိုးကို ဟောင်ကောင်ကို ပေးဖို့ ခွင့်ပြုထားတဲ့ တရုတ်နဲ့ ဗြိတိန်ကြား ၁၉၈၄ ခုနှစ် သဘောတူညီချက်ကို တရုတ် အစိုးရဘက်က လေးစားဖို့လည်း အမေရိကန် ဒုတိယ သမ္မတက တိုက်တွန်းလိုက်ပါတယ်။ ဟောင်ကောင်မှာ အကြမ်းဖက်မှု တစုံတရာ ဖြစ်ခဲ့ရင်တော့ အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေး သဘောတူညီချက်သစ် တခု ရဖို့ ပိုပြီး ခက်ခဲသွားစေမယ်လို့ အမေရိကန် သမ္မတ Donald Trump က ပြောဆိုတာကို ကိုးကားပြီးလည်း ဒုသမ္မတ Pence က Detroit Economic Club မှာ ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

တရုတ်အစိုးရ အနေနဲ့ လူသားဆန်ဆန် ပြုမူဆောင်ရွက်ဖို့ အမေရိကန် အစိုးရဘက်က ဆက်ပြီး တိုက်တွန်းသွားမှာ ဖြစ်သလို တရုတ်နဲ့ ဟောင်ကောင်က ဆန္ဒပြသူတွေကြား ကွဲပြားချက်တွေကိုလည်း ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ တိုက်တွန်းမယ်လို့ အမေရိကန် ဒုတိယ သမ္မတက ပြောဆိုခဲ့ပါတယ်။ တရုတ်ပြည်ထဲ သုံးတဲ့ တွစ်တာ အကောင့် ၉၃၆ ခုက အစိုးရ ထောက်ပံ့တဲ့ ပူးပေါင်းဆောင်ရွက်မှု အဖြစ်နဲ့ ဟောင်ကောင်က ဆန္ဒပြ လှုပ်ရှားမှုတွေရဲ့ နိုင်ငံရေး ရပ်တည်ချက်နဲ့ တရားဥပဒေနဲ့ ညီညွတ်မှုကို ယုတ်လျှော့သွားစေရေး အတွက် ကြံစည်လုပ်ဆောင်လာတယ်လို့ လူမှုကွန်ယက် တွစ်တာ ကုမ္ပဏီက ပြောဆိုထားချိန်မှာဘဲ အမေရိကန် ဒုတိယ သမ္မတ Pence ရဲ့ အခု တိုက်တွန်းချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေကို ဆန့်ကျင်ပြီး တရုတ်ရဲ့ လုပ်ကြံသတင်းထုတ်ဖို့ ကြိုးစားခဲ့ကြတဲ့ Facebook အကောင့် အများအပြားကိုလည်း ပိတ်ပင်ခဲ့တယ်လို့လည်း Facebook ကုမ္ပဏီက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG