သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ရဲ့တရားခံလွဲပြောင်းရေးဥပဒေကို ထောင်ချီ ကန့်ကွက်ဆန္ဒပြ


ဟောင်ကောင်ရဲ့ တရားခံလွဲှပြောင်းတဲ့ဥပဒေကို ပြင်ဆင်ဖို့ အစိုးရက အဆိုပြုတာကို ကန့်ကွက်တဲ့အနေနဲ့ လူထောင်ပေါင်းများစွာဟာ လမ်းတွေပေါ်ကို ထွက်ပြီး ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ ဒီဥပဒေကို ပြင်ဆင်ဖို့လုပ်တာဟာ တစိတ်တဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ ဟောင်ကောင်ရဲ့ လွတ်လပ်စွာတရားစီရင်ပိုင်ခွင့် တဖြည်းဖြည်းချင်း ဆုတ်ယုတ်လာနေတာဖြစ်တယ်လို့ အတော်များများက ဝေဖန်နေကြပါတယ်။

ဒီဥပဒေပြင်ဆင်လိုက်ခြင်းအားဖြင့် ပြစ်မှုကျူးလွန်သူလို့ သံသယရှိသူတွေနဲ့ တရားခံပြေးတွေကို ဟောင်ကောင်ကနေ တရုတ်နိုင်ငံ ပြည်မကြီးကို လွှဲပြောင်းပေးဖို့ ပိုပြီးတော့ လွယ်ကူသွားစေမှာဖြစ်ပါတယ်။ အဲဒီလိုဆိုရင် လွှဲပြောင်းခံလိုက်ရတဲ့သူတွေဟာ တိတိကျကျရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းမရှိတဲ့ အမျိုးသားလုံခြုံရေးစွဲချက်တွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ အခုလောလောဆယ်မှာတော့ ဟောင်ကောင်ဟာ တရုတ်ပြည်မကြီးအပါအဝင် တခြားဘယ်နိုင်ငံနဲ့မှ တရားခံလွှဲပြောင်းဖို့ သဘောတူညီချက် ယူထားတာမရှိပါဘူး။

ဒီကနေ့ ဆန္ဒပြပွဲအတွင်း ဆန္ဒပြတဲ့သူတွေကာ နိုင်ငံသားလွတ်လပ်ခွင့် နဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ တောင်းဆိုတဲ့ စာတမ်းတွေ နဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ပြီး တောင်းဆိုဆန္ဒပြခဲ့ကြတာကို ရုပ်သံသတင်းတွေမှာ တွေ့ခဲ့ကြရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကလည်း ဆန္ဒပြတဲ့သူတွေကို စောင့်ကြည့်မှတ်တမ်းယူနေတာတွေကို ရှိခဲ့ပါတယ်။ တနိုင်ငံ နှစ်ပြည်ထောင်စနစ်အရ ဟောင်ကောင်ဟာ သူတို့ရဲ့ လူမှုရေး၊ တရားရေး နဲ့ နိုင်ငံရေးစနစ်တွေကို နှစ် ၅၀ ကြာ ဆက်ပြီးတော့ ထိန်းသိမ်းထားခွင့်ရှိတယ်လို့ အာမခံရထားတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း တရုတ်နိုင်ငံရဲ့ အာဏာရ ကွန်မြူနစ်ပါတီကတော့ ဥပဒေအပြောင်းအလဲတွေကို အတင်းလုပ်ပြီး အဲဒီသဘောတူညီချက်ကိုဖျက်နိုင်ဖို့ တိုးပြီးတော့ လုပ်ဆောင်လာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG