သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

HRW အစီရင်ခံစာနဲ့ မြန်မာ့လူ့အခွင့်အရေးအခြေအနေ


ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များအသင်း FCCT ရုံးခန်းမှာပြုလုပ်တဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW အစီရင်ခံစာထုတ်ပြန်ပွဲ (ဇန်နဝါရီ ၁၇၊ ၂၀၂၅)
ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များအသင်း FCCT ရုံးခန်းမှာပြုလုပ်တဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW အစီရင်ခံစာထုတ်ပြန်ပွဲ (ဇန်နဝါရီ ၁၇၊ ၂၀၂၅)

ဒေါ်ဆောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အတိုက်အခံတွေကို အကျဉ်းချဖမ်းဆီးထားပြီး အရပ်သားတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေချိန်မှာ စစ်ကောင်စီအနေနဲ့ တရားမျှတပြီး အများလက်ခံယုံကြည်တဲ့ ရွေးကောက်ပွဲ ဘယ်လိုမှ ကျင်းပနိုင်မှာ မဟုတ်တဲ့အကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW အဖွဲ့ကြီးက ပြောဆိုပါတယ်။

မြန်မာစစ်ကောင်စီ ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ သူတို့ ကျူးလွန်နေတဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အာရုံလွှဲအောင် ကြိုးစားတဲ့လုပ်ရပ်သာဖြစ်တဲ့အကြောင်း HRW အဖွဲ့ကြီးရဲ့ အကြီးတန်း သုတေသီ Sunai Phasuk က ဒီနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များအသင်း FCCT မှာ ကျင်းပတဲ့ လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ ၂၀၂၅ ခုနှစ် နိုင်ငံတကာ လူ့အခွင်အရေးအခြေအနေ အစီရင်ခံစာ ထုတ်ပြန်တဲ့ပွဲမှာ ပြောဆိုသွားတာပါ။

အရပ်သားတွေ အများအပြားကို ပုံမှန် လေကြောင်းက တိုက်ခိုက် သတ်ဖြတ်နေချိန်မှာ တိုင်းပြည်အတွက် စာမျက်နှာသစ်ဖွင့်မယ့် ရွေးကောက်ပွဲ တခု ဘယ်လိုမှ ကျင်းပနိုင်မှာ မဟုတ်ဘူးဆိုတာကို HRW ရဲ့ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Elaine Pearson လည်း ပြောဆိုသွားပါတယ်။ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ အကြပ်အတည်းဖြေရှင်းရေး နိုင်ငံရေး လမ်းစတခု ဖြစ်နိုင်ခြေ ဒေသတွင်းနိုင်ငံတချို့ မျှော်လင့်နေတာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ သဘောထားကို VOA က မေးမြန်းခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘဲ အကြမ်းဖက်မှုတွေ ပိုတိုးလာနိုင်တဲ့ အကြောင်း ‌သတိပေးပြောဆိုထားပါတယ်။

HRW အစီရင်ခံစာနဲ့ မြန်မာ့လူ့အခွင့်အရေးအခြေ
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG