မြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ ခေတ်မှီ စက်မှုနိုင်ငံဖြစ်အောင် စီးပွားရေး လုပ်ငန်းရှင်တွေက ဝိုင်းဝန်း စဉ်းစား လုပ်ဆောင်လုပ်ကြဖို့ သြဂုတ်လ ၂၇ ရက်နေ့က စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ နေပြည်တော်မှာ ပြုလုပ်တဲ့ တွေ့ဆုံပွဲအတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားအရ လယ်ယာ စိုက်ပျိုးရေးကဏ္ဍမှာ စက်မှုယန္တယားတွေနဲ့ ဖွံ့ဖြိုး တိုးတက်အောင်လုပ်ဆောင်ဖို့ ဘာတွေ လိုနေသလဲဆိုတာကို အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။