သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေရှည်တည်တန့်ခိုင်မြဲသော ဖွံ့ဖြိုးရေးစီမံချက် အောင်မြင်နိုင်မလား


ဒ်ါအောင်ဆန်းစုကြည်နှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲ။

သြဂုတ်လ ၂၇ ရက်နေ့က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နေပြည်တော်မှာ ပြုလုပ်တဲ့ တွေ့ဆုံပွဲ အတွင်း မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးနဲ့ဆိုင်တဲ့ ကိစ္စရပ် အများအပြားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အကျယ်တ၀င့် တင်ပြ ဆွေးနွေး ခဲ့ပါတယ်။ အဲဒီအထဲ အနာဂတ် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအားလုံးအတွက် အရေးပါတဲ့ Myanmar Sustainable Development Plan ဆိုတဲ့ အဖွဲ့တဖွဲ့ကို ဖွဲ့စည်းပြီး အကောင်အထည် ဖော်သွားမယ့် အကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အဲဒီ အစီအစဉ်ဟာ ဘယ်လောက်အထိ အရေးပါသလဲ၊ ဘယ်လို အခန်းကဏ္ဍတွေကနေ ဦးဆောင်မှု ပေးသွားမလဲ ဆိုတာတွေကို နိုင်ငံရေး၊ စီးပွားရေး သုတေသီ ဒေါက်တာ တင်မောင်သန်းကို ဆက်သွယ် မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG