သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျပ်ငွေတန်ဖိုးကျဆင်းမှုဂယက် ကုန်ဈေးနှုန်းမတက်အောင် ဗဟိုဘဏ်ထိန်းပေးဖို့ စီးပွားရေးပညာရှင်အကြံပြု


မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းတဲ့ အကျိုးဆက်အဖြစ် အခြေခံစားကုန်တွေ ဈေးတက်ပြီး ဈေးကွက်အပေါ် လိုတာထက်ပို ရိုက်ခတ်မှုတွေ မဖြစ်အောင် ဗဟိုဘဏ်အနေနဲ့ ဒီထက် အရေးယူ ဆောင်ရွက်ဖို့လိုတဲ့အကြောင်း စီးပွားရေး ပညာရှင်တဦးက အကြံပေးပါတယ်။ ငွေကြေးချမ်းသာသူတွေ လက်ဝယ်သိမ်းထားတဲ့ ဒေါ်လာငွေတွေကို ဘဏ်တွေမှာ တရားဝင် အပ်နှံလည်ပတ်လာအောင် လုပ်ကိုင်နိုင်မယ်ဆိုရင်လည်း ကျပ်ငွေဈေး ကျဆင်းမှုကို ထိန်းညှိရာမှာ အထောက်အကူပြုမယ်လို့ သူက ပြောပါတယ်။ ကိုသိန်းထိုက်ဦး သတင်းပေးပို့ထားပါတယ်။

ကျပ်ငွေတန်ဖိုးကျဆင်းတဲ့အပေါ် ပြည်သူတွေရဲ့ ကြောက်လန့်တကြား စိုးရိမ်မှုတွေကြောင့်လည်း၊ အခြေခံစားကုန်တချို့ ဈေးတက်ပြီး၊ ဈေးကွက်အပေါ် လိုတာထက် ပိုရိုက်ခတ်ခဲ့တာတွေ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံသားများဘဏ် အမှုဆောင် အုပ်ချုပ်ရေးမှူး ဒေါက်တာသောင်းဟန်က သုံးသပ်ပါတယ်။ ဒီအခြေအနေကို တာဝန်ရှိသူတွေ အနေနဲ့ ထိန်းသိမ်းနိုင်ဖို့ လိုမယ်လို့ သူက ပြောဆိုပါတယ်။

"တကယ့် Fundamental လို့ခေါ်တဲ့ economic data တွေ အနေအထားတွေကြောင့် ဖြစ်တာထက်စာရင် ဒီ Psychology ကြောင့် ဖြစ်တာပေါ့။လူတွေကြောက်လန့်တကြားနဲ့ ဟိုးတုံးက အတိတ်တုန်းက ကြောက်လန့်ပြီး ဖြစ်ခဲ့တဲ့ ဘာမှန်းမသိ ညာမှန်းမသိ အဲ့စိတ်တွေကို နည်းနည်းဖျောက်ပေးစေချင်တာ။ လူတွေစိတ်ထဲမှာ ကျေနပ်သွားတဲ့ ဟာမျိူး၊ အဲဒီ Feel Good Factor က ကျနော်တို့ လူအတွက် ရေးကြီးတယ်လို့ ထင်တယ်။ တခြား တစ်ကမ္ဘာလုံးရဲ့ Inflation တွေ၊ Exchange Rate တွေ Interest rate တွေကို နားလည်ဖို့ နားမလည်ဖို့ထက်စာရင် ကိုယ့်လူကြီးတွေကို ယုံပြီးတော့မှ ငါတို့အဲလိုဖြစ်မှာ မဟုတ်ဖူး၊ငါတို့တိုင်းပြည်အခြေအနေကောင်းတယ်၊ တိုင်းပြည်အများကြီး တက်လာတယ်ဆိုတဲ့ဟာကို လူတွေယုံကြည်မှုရှိအောင် လုပ်ပေးနိုင်စွမ်း ရှိတဲ့ဟာတွေပေါ့နော်၊ နောက်ဆုံး ဗဟိုဘဉ် ဥက္ကဋ္ဌ အပါအဝင်၊ နောက်ဆုံး လိုအပ်တယ်ဆိုလို့ ရှိရင် ဘန်နာအခွန်ဝန်ကြီးတွေကနေ ၊နောက်ဆုံးက ဒေါ်အောင်ဆန်းစုကြည်လို ကိုယ်တိုင်ကအစ တစ်နိုင်ငံလုံးကို မိန့်ခွန်းပြောတဲ့ထဲမှာ လိုအပ်သိလို ထည့်သွင်းပြောသွားတာလေးတွေကတော့ ရည်ရှည်အတွက်မှာ ကျနေ်ာတို့ လူတွေကို ပိုပြီးတော့မှ ရင့်ကျက်တည်ငြိမ်သွားစေမယ်လို့ ကျနော်ထင်ပါတယ်။"

နိုင်ငံခြားငွေ လဲလှယ်နှုန်းထား သတ်မှတ်ချက်အပေါ် ဗဟိုဘဏ်ရဲ့ ထိန်းချုပ်မှု၊ ပယ်ဖျက်ပြီး လွတ်လွတ်လပ်လပ် ရောင်းဝယ်ဖို့ လွှတ်ပေးလိုက်တဲ့အချိန်ဟာလည်း နိုင်ငံတကာမှာ ဒေါ်လာဈေး တက်နေတဲ့အချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် အချိန်အခါအားဖြင့်လည်း လူတွေကြားမှာ စိုးရိမ်းမှုတွေ ရှိခဲ့ပြီး၊ ဈေးကွက်အပေါ်ပိုပြီး ရိုက်ခတ်ခဲ့တာလို့ ဒေါက်သာ သောင်းဟန်က မြင်ပါတယ်။ ကျပ်ငွေတန်ဖိုး ထိန်းညှိ့ဖို့ ကြိုးစားရမှာ လုပ်ဆောင်သင့်တာတွေနဲ့ ပတ်သက်လို့လည်း သူက အခုလို ပြောပါတယ်။

"ဗဟိုဘဏ်ရဲ့ policy တွေဟာ ရှင်းလင်းတိကျပြီးတော့မှ ရှေ့ကိုလူတွေအကုန်လုံး မှန်းလို့ရတာပေါ့နော်။ ဒါမျိုးလေးဖြစ်စေ့ချင်တာပါ။ အဲ့ဒီဟာနဲ့ ပက်သက်ပြီးတော့မှ လူကြီးတွေကလည်း သူတို့လုပ်တာလေးတွေ မှားသွားမှာဆိုးတဲ့အတွက် ထိန်းသိမ်းလုပ်နေကြတယ်လို့လည်း ထင်ပါတယ်။ ဗဟိုဘဏ်အနေနဲ့ကလည်း ကျနော်တို့ ဘဏ္ဍာခွန်အောက်ကနေ ခွဲထွက်လာတာ သိပ်မကြာသေးတဲ့အချိန်မှာ ပေါ်လစီကို သူကိုယ်တိုင်ဘဲ တာဝန်ခံပီးတော့ လုပ်ရတဲ့အခါ ထိန်းထိန်းသိမ်းသိမ်း လုပ်နေရတယ်လို့ ကျနော်ထင်ပါတယ်။ ဒါလေးတွေကို ပိုပြီးတော့မှ အားပေးစေ့ချင်ပါတယ်.။အခုလိုမျိုးပေါ့ ဒေါ်လာလေးသန်းလောက် Market ထဲပစ်ချလိုက်တာနဲ့ ဒေါ်လာဈေးကို ကောက်ထိန်းလိုက်နိုင်တာလေးတွေက ဒါလေးတွေက ဗဟိုဘဏ်ရဲ့ ကောင်းမွန်တဲ့ result လို့ ယူဆပီး ရှေ့လျှောက် ပိုပီးတော့မှ သတ္တိရှိရှိ ကျနော်တို့ တိုင်းပြည်ရဲ့ ငွေကြေး ဈေးကွက်က လိုတာထက် ပိုပီးတော့မှ ရိုက်ခတ်တာမျိုး မဖြစ်ရအောင် ဗဟိုဘဏ်အနေနဲ့ ပိုပီးတော့မှ ထိုက်သင့်တဲ့နေရာကနေ ဝင်ထိန်းပေးနိုင်အောင်ပေါ့နော် ဒါမျိုးလေးတွေကို ပိုမိုလုပ်နိုင်ဖို့အတွက် နိုင်ငံတော် ခေါင်းဆောင်တွေ အနေနဲ့က ဗဟိုဘဏ်ရော ကျနော်တို့ဘဏ်တွေကိုရော အားပေးတာမျိုး လုပ်ပိုင်ခွင့်ပေးတာမျိုး၊ ဒါမျိုးလေးတွေ ဖြစ်စေချင်ပါတယ်။"

မြန်မာနိုင်ငံမှာ ငွေကြေးချမ်းသာသူတွေရဲ့ လူတွေရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ ဒေါ်လာတွေ အများကြီး ရှိမယ်လို့ ယူဆပြီး ဒီငွေတွေ တရားဝင် ဘဏ်တွေမှာ အပ်နှံလာကြမယ်ဆိုရင် ဈေးကွက်ကို အထောက်အကူအပြုမယ်လို့ ဒေါက်တာ ဟောင်းဟန်က သုံးသပ်ပါတယ်။

"ကျနော် နားလည်သလောက်က ကျနော်တို့ နိုင်ငံအတွင်းမှာ cash အနေနဲ့ ရှိနေတဲ့ ဒေါ်လာတွေက အများကြီး ရှိနေတယ်လို့ ယူဆပါတယ်။ကျနော်တို့ ကိုယ်တိုင်တွေလည်း ငယ်ငယ်တုန်းကဒေါ်လာဝယ်စုတာဘဲ။ နောက်တခုက Account ထဲထားလည်း အတိုးမရတဲ့အပြင် Account ထဲမှာ ဟိုရွှေ့ဒီရွှေ့ရွှေ့ရင် Fees တွေ ပေးရတာကို အဲတော့၊ ကိုယ့်ပိုက်ဆံကို ဘဏ်ထဲမှာသွားထားပီးတော့မှ fees ကလည်းပေးရသေးတယ် အတိုးလည်းမရမယ့်အတူတူ ရောင်းချင်လည်း ချက်ချင်း စနေ၊တနင်္ဂနွေပါ ရောင်းလို့ရတဲ့ အဲ့င်္ဒီအနေအထားမှာ လူတွေရဲ့ လက်ထဲမှာ ရှိနေတဲ့ Cash အနေနဲ့ ရှိနေတဲ့ ဒေါ်လာတွေဟာ အများကြီး ရှိတယ်လို့ ကျနေ်ာ ယူဆပါတယ်။ အဲ့ဒါတွေကို ကျနော်တို့က informal economy လို ဖြစ်နေတဲ့ Cash တွေကို တကယ့် formalize ဖြစ်သွားအောင် ဘဏ်တွေထဲမှာ ထည့်ခွင့်ပေးတာတို့ ဒါမျိုးလေးတွေ လုပ်နိုင်မယ်ဆိုရင် ကျနော်တို့ နိုင်ငံအနေနဲ့ supply ပိုင်းဆိုင်ရာမှာ ဒေါ်လာအနေနဲ့ အများကြီး ထိုးတက်လာနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ဒါလေးတစ်ခုကိုလည်း သုံးသပ်ပီးတော့မှ လူကြီးတွေအနေနဲ့က လုပ်စေ့ချင်တာပေါ့။"

မြန်မာနိုင်ငံသားများဘဏ် အမှုဆောင် အုပ်ချုပ်ရေးမှူး ဒေါက်တာသောင်းဟန် ပြောပြသွားတာပါ။

ငွေကြေးဈေးကွက် မတည်မငြိမ်ဖြစ်တဲ့အချိန်မှာ တချို့နေရာတွေမှာ ဒေါ်လာကို မရောင်းဘဲနဲ့ ကိုင်ထားတာတို့၊ ပိုပြီးမှ ဝယ်ထားတာတို့ ရှိနေတဲ့အတွက် လည်ပတ်နေတဲ့အခြေအနေကို စောင့်ကြည့်ပြီး လုပ်ထုံးလုပ်နည်း အရ သတ်မှတ် ထိန်းကြောင်းတာမျိုးတွေ လိုအပ်မယ်လို့ ဒေါက်တာ သောင်းဟန်က ပြောပါတယ်။

မနေ့က ကျပ်ငွေတန်ဖိုး အနည်းငယ် ပြန်တက်ခဲ့ပေမဲ့ ဈေးပိတ်ချိန်မှာ တဒေါ်လာကို ၁၅၂၀ အထိ ကျန်နေဆဲဖြစ်ပါတယ်။ အဂါၤနေ့နေ့ခင်းပိုင်းမှာတော့ ၁၅၀၅ ကျပ်ဝန်းကျင်နဲ့ ရောင်းဝယ်နေကြပါတယ်။

XS
SM
MD
LG