မြန်မာနိုင်ငံသားတွေ ကုမ္ပဏီတည်ထောင်ရလွယ်ကူစေတဲ့အပြင် ပြည်ပက လာရောက် ရင်းနှီးမြုပ်နှံသူတွေလည်း ပိုပြီး လွယ်ကူစေမယ့် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေသစ်ဟာ လာမယ့် သြဂုတ်လ ၁ ရက်နေ့မှာ စတင် အသက် ၀င်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရည်မှန်းချက်အတိုင်း တကယ့် လက်တွေ့မှာ တိုင်းပြည်စီးပွား ဦးမော့လာပါ့မလားဆိုတာနဲ့ ဒီ ဥပဒေသစ် စတင် အကျုံးဝင်တဲ့အချိန်အပေါ် စီးပွားရေး ပညာရှင်တွေ မေးခွန်း ထုတ်နေကြပါတယ်။ ဒီအကြောင်း အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။