သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပ ဓါတ်ငွေ့ဝယ်ယူခွင့် တင်ဒါခေါ်ယူမှု လွှတ်တော်မှာမေးခွန်းထုတ်


ပြည်ပကနေ LNG ဓာတ်ငွေ့ဝယ်ယူတင်သွင်းပြီး လုပ်မယ့် လ ျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းတွေကို တရားဝင် တင်ဒါ မခေါ်ဘဲ ဆောင်ရွက်တဲ့အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဝေဖန်ထောက်ပြမှုရှိခဲ့ပြီး တင်ဒါမခေါ်ဘဲပေးခဲ့တာ မှာ လုပ်ပိုင်ခွင့်ရတဲ့ ကုမ္ဗဏီတခုဟာ အဂတိလိုက်စားမှုကော် မရှင်ကနေ ခေါ်ယူစစ်ဆေးတယ်လို့သတင်းထွက် အပြီး ဝန်ကြီးရာထူးကနေ နုတ်ထွက်ခဲ့တဲ့ စီမံဘဏ္ဍာဝန်ကြီး ဟောင်းဇနီး လုပ်နေတဲ့ ကုမ္ဗဏီဖြစ်နေတာမို့ တရားမ ျှတစွာ လုပ်ပိုင်ခွင့်ရတာမဟုတ်ဘူးလို့ အတိုက်အခံပါတီ ကြံ့ခိုင် ရေးအမတ်က လွှတ်တော်မှာစွပ်စွဲလိုက်ပါတယ်။ ဒီသတင်း ကို ဗွီအိုအေ မြန်မာပိုင်းကမေခက ပေးပို့ထားပါတယ်။

"အခု ကုမ္ဗဏီတွေထဲမှာ Supreme Trading Co,Ltd ကပရောဂျက် ၂ခုကိုပါဝင်ပတ်သတ်ပါတယ်။ ပြင်ပလောကမှာ အဲကုမ္ဗဏီက အငြိမ်းစားယူသွားတဲ့ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းဇနီး အလုပ်လုပ်နေတယ်ဆိုတာသိရတယ်။ တခါအဲ Supreme ဟာ ဝန်ကြီးပိုင်ဆိုင်တဲ့ UE Myanmar နဲ့ပူးပေါင်းထားတယ်။ နောက်ကွယ်မှာရှိနေတယ်လို့ ပြော နေတာတွေ နားနဲ့မဆန့်အောင် ကြားနေရတယ်။ မစွပ်စွဲဘူး။ ကျနော်တို့ကြားနေရတာကို ပြောတာ ဖြစ်ပါတယ်။"

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အတိုက်အခံ ပါတီ ကြံ့ခိုင်ရေးက မင်းကင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က အခုလို စွပ်စွဲပြောဆိုလိုက်တာပါ။

ဒီလိုစွပ်စွဲလိုက်တဲ့ အပေါ် လာရောက်ဖြေကြားတဲ့ လ ျှပ်စစ်ဝန်ကြီးက ဒီလုပ်ငန်းတွေမှာ စွပ်စွဲပြောဆိုသလို ဝန်ကြီး ဟောင်း ဦးကျော်ဝင်းဇနီးနဲ့ပတ်သတ်ခြင်းရှိမရှိကို ဖြေရှင်းချက်ထုတ်ပြီး ရှင်းပြတာမရှိခဲ့ပါဘူး။ ဝန်ကြီးဟောင်း ဦးကျော်ဝင်း ဇနီး အလုပ်လုပ်တယ်လို့ဆိုတဲ့ Supreme Trading ကုမ္ဗဏီဟာ ဧရာဝတီ နဲ့ ကျောက်ဖြူဒေသ တွေမှာ ၂နေရာတိတိ လုပ်ပိုင်ခွင့်ရထားတာပါ။ ဒီကုမ္ဗဏီဟာ ၂၀၀၅ ခုနှစ်မှာ ကုမ္ဗဏီစာရင်းတင်သွင်းထားတဲ့ကုမ္ဗဏီဖြစ်ပြီး ပိုင်ရှင်အမည် ဦးစိန်မြင့်၊ ဒါရိုက်တာ မြတ်သန္တာနဲ့ ဦးဇော်နိုင်သိန်း အမည်တို့နဲ့ ကုမ္ဗဏီ မှတ်ပုံတင်ရုံးမှာ တရားဝင်မှတ်ပုံ တင်ထားပါတယ်။ အဲကုမ္ဗဏီမှာ ဝန်ကြီးဟောင်း ဦးကျော်ဝင်းဇနီး ပါဝင်ခြင်းရှိမရှိကို VOA အနေနဲ့ ဆက်လက်စုံစမ်းနေ ဆဲဖြစ်ပြီးအခုသတင်းတင်ပြချိန်အထိ သီးခြားမှတ်ချက်နဲ့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။ ကုမ္ဗဏီဘက်ကိုဆက်သွယ်ပေ မယ့် ဖုံးဆက်သွယ်လို့မရသေးပါဘူး။ ဦးကျော်ဝင်း ပြည်ထောင်စုဝန်ကြီးအနေနဲ့လုပ်ကိုင်တုန်းက ဖော်ပြခဲ့တဲ့ ကိုယ်ရေး ရာဇဝင်မှာတော့ ဇနီးသည်ကို မှီခိုအနေနဲ့သာဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ဇနီးသည်အလုပ်လုပ်ကိုင်တယ်ဆိုတာကို ဌာနကနေ သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။

အစိုးရက လုပ်မယ့်ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်နဲ့ တနင်္သာရီဒေသတွေမှာ ၂ဝ၂ဝ ပြည့်နှစ်မှာ မဂ္ဂါဝပ် သုံးထောင် ထွက် ရှိမယ့် လျှပ်စစ် ဓာတ်အားပေးစက်ရုံ လေးရုံဟာ အမေရိကန်ဒေါ်လာ ၅ဘီလီယံ ကုန်ကျမယ်လို့ ဆိုပါတယ်။ ဒီမှာ ရရှိထားတဲ့ ကုမ္ဗဏီတွေက တနသာင်္ရီတိုင်း ကံပေါက်ဒေသမှာ Total Gas & Power Business Service S.A.S နဲ့ SIEMENS A.G ၊ ဧရာဝတီတိုင်း မီးလောင်ချိုင်မှာ Zhefu Holding Co.,Ltd နဲ့ Supreme Trading Co.,Ltd ၊ ရန်ကုန်တိုင်း အလုံ မှာTTCL Public ကုမ္ပဏီ လီမိတက်၊ ကျောက်ဖြူမှာ Sinohydro Corporation လီမိတက်နဲ့ Supreme Tradi ng Co.,Ltd တို့ ကို လုပ်ပိုင်ခွင့်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ လက ထုတ်ပေးထားတယ်လို့ လ ျှပ်စစ်စွမ်းအင် ဝန်ကြီး ဦးဝင်းခိုင်က လွှတ်တော် မှာ ပြောဆိုခဲ့ပါတယ်။

ဒီလို စွပ်စွဲမှုနဲ့ပတ်သတ်ပြီး လ ျှပ်စစ်ဝန်ကြီးက ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့က ကျင်းပတဲ့ စီးပွားရေးရာ ကော်မတီ တွင် ဆုံးဖြတ်ချက်အရ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းများကို ဆောင်ရွက်တာမှာ ရင်းနှီးမြုပ်နှံသူ အစီအစဉ်နဲ့ ဆောင်ရွက်လိုတဲ့ အဆိုပြုစီမံကိန်းများကို နိုင်ငံတော်နဲ့ဒေသများ အကျိုးဖြစ်ထွန်းနိုင်မှု အပေါ် မူတည်၍ တင်ဒါလုပ်ငန်းစဉ်ကို မလိုအပ်ဘဲ ခွင့်ပြုနိုင်တယ်လို့ ဆိုထားမို့ တင်ဒါမခေါ်တာဖြစ်ကြောင်းပြောဆိုလိုက်ပြီး လိုအပ်တာ ကြောင့် လုပ်တာဖြစ်တယ်လို့ အခုလိုဆိုပါတယ်။

"နောက် ၃ နှစ်မှာ ကိုယ့်တိုင်းပြည်မှာ ဓာတ်ငွေ့တွေ ကုန်တော့မှာကို သိသိကြီးနဲ့ ဘာမှ မလှုပ်ရှားဘဲ မလုပ်ဘဲ၊ မကိုင်ဘဲ နေလို့မရပါဘူး။ ဓာတ်ငွေ့ ၁၀ ရုံက လောလောဆယ် မဂ္ဂါဝပ် ၁၄၀၀ကျော် ပေးနေပါတယ်။ နောက် ၃နှစ်မှာ အဲဒီ ပြည်တွင်း ဓာတ်ငွေ့တွေ မရရင် ၁၄၀၀ မဂ္ဂါဝပ် System ထဲကနေ ပြုတ်ထွက်သွားမယ်ဆိုရင် ဒီမှာရှိတဲ့ အမတ်ကြီးများ အားလုံး ဘာတွေဖြစ်သွားပြီလဲဆိုတာ မှန်းဆလို့ ရပါတယ်"

ဝန်ကြီးဘက်က ပြန်လည်ဖြေကြားတာနဲ့ပတ်သတ်လို့ ဦးမောင်မြင့်သဘောထားကို ဗွီအိုအေကမေးတာမှာ သူက အခုလိုဖြေကြားခဲ့ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ဦးစီးတဲ့ ကော်မတီက တင်ဒါခေါ်စရာမလိုဘူူးပြောတယ်။ အဲကော်မတီက သမ္မတရုံးအောက် မှာဘဲရှိတယ်။ သမ္မတရုံးကထုတ်တဲ့ စီးပွားရေးလုပ်ရင်တင်ဒါခေါ်ရမယ်ဆိုတဲ့ ၂/ ၂၀၁၇ ကိုကျော်လွှားလို့မရဘူး။ ဒါကြောင့်မို့ ကော်မတီမှားတယ်ဝေဖန်တာ။ နောက်လ ျှပ်စစ်ဥပဒေကို အဲကော်မတီကျော်မရဘူး။ ဘာမှတိတိပပ မဖြေဘဲ တိုင်းပြည်လိုအပ်ချက်ကြောင့်လုပ်တာလို့ပြောတယ်။ လိုအပ်ချက်ဆိုလဲ ဥပဒေကျော်မရဘူး။ ဒေါ်စုပါတယ် မပြောဘူုး။ ဒီလူတော့ပါတယ်။ မဟုတ်တာလုပ်နေတာ ။ ဒေါ်စုကိုExploit လုပ်တာ.။ ဥပဒေကရပါတယ်အမကြီးဆိုပြီး လုပ်တာ။ အပွင့်လင်းဆုံးပြောရရင်ဝန်ကြီး ဦးဝင်းခိုင်တောင် ဥပဒေနည်းဥပဒေတောင်မသိဘူး"

အဲဒီစီမံကိန်းလေးခုကို Supreme ကုမ္ပဏီအပါအဝင် ပြည်တွင်းလုပ်ငန်းရှင်အချို့ဟာ နိုင်ငံတကာကုမ္ပဏီအချို့နဲ့ ပူးတွဲလုပ်ကိုင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG