သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စုဝန်ကြီးတဦး လာဘ်စားမှုစွဲချက် စုံစမ်းမှု ပြီးလုနီး


စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးမှုလုပ်နေပြီး၊ မကြာခင်မှာတော့ ဒီ စုံစမ်းမှုတွေ့ရှိချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြတော့မှာဖြစ်တယ်လို့ ကော်မရှင်ရဲ့ ဥက္ကဌက ပြောလိုက်ပါတယ်။ သမ္မတ ဦးဝင်းမြင့် တက်လာပြီးနောက် အုပ်ချုပ်ရေးပိုင်းမှာ အဂတိလိုက်စားမှုတွေကို အရှိန်မြင့် အရေးယူနေချိန်မှာပဲ၊ အားနည်းချက်တွေရှိတယ်လို့ ဝေဖန်ခံနေရတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ဒီကနေ့ အမျိုးသားလွှတ်တော် က ပြင်ဆင်အတည်ပြုလိုက်ပါတယ်။ ဗွီအိုအေ သတင်းထောက် မမေခ စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနဲ့ သူ့ရဲ့သားဖြစ်သူတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် နဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) နဲ့ စစ်ဆေးမှုတွေလုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပြီး သီတင်းတပါတ်ကျော်လောက်အကြာမှာ ဝန်ကြီးဦးကျော်ဝင်း ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကစုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်ဆိုတာ မှန်တယ်လို့ကော်မရှင် ဥက္ကဌ ဦးအောင်ကြည် ကပြောဆိုလိုက်တာ ဖြစ်ပါတယ်။

"ကျနော်တို့ကအဲကိစ္စဆိုပြီးသလောက်ဖြစ်နေပါပြီ။ အမြန်ဆုံးဒါကိုလုပ်ဆောင်တာပါ။ ကျနော်တို့ဆီရောက်လာတဲ့ တိုင်ကြားစာက ၃ရက်နေ့မှာရောက် တယ်။ ၇ရက်နေ့မှာ အဖွဲ့ဖွဲ့တယ်။ ပြီးတာနဲ့ကျနော်တို့အမြန်ဆုံးစစ်တယ်။ ခုနကပြောသလို သက်သေခံပစ္စည်းတွေစစ်ရတာတွေရှိတယ်။ သက်သေတွေယူရ တာရှိတယ်။ စာရွက်စာတမ်းစစ်ရတာရှိတယ်။ အဲဒါပြီးသွားတော့ကျနော်တို့ ပြီးသလောက်ရှိနေပြီ။ မကြာခင်မှာကျနော်တို့ပထမဆုံးလုပ်ရမှာ နိုင်ငံတော်သမ္မ တ၊ ပြည်ထောင်စုလွှတ်တော်ဥက္ကဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌတွေဆီကို အစီရင်ခံစာတင်ဖို့ပါ။ အဲဒါကိုစောလျင်စွာတင်နိုင်ဖို့ ကျတော်တို့လုပ်နေပါတယ်။"

ဦးကျော်ဝင်း ရာထူူးကနှုတ်ထွက်စာတင်ထားပြီဆိုတဲ့သတင်း ပြည်တွင်းသတင်းဌါနတချို့မှာရေးသားမှုတွေထွက်ပေါ်နေခဲ့ပေမဲ့ အစိုးရကတရားဝင်ထုတ်ပြန်ခြင်းမရှိ့သေးပါဘူး။ ဒီကိစ္စမှန်ကန်ကြောင်း အမည်မဖေါ်လိုတဲ့ NLD အဆင့်မြင့်ပိုင်းအဖွဲ့ဝင်တဦးကလဲ VOA ကိုပြောခဲ့ပေမဲ့ သီးခြားထပ်ပြီးအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

အဂတိလိုက်စားမှုနဲ့ စစ်ဆေးခံရတယ်ဆိုတဲ့နေရာမှာ ဝန်ကြီးဦးကျော်ဝင်းနဲ့ သားဖြစ်သူအပြင် ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တချို့လည်း ဒီကိစ္စနဲ့ ဆက်စပ်ပြီး စစ်ဆေးခံခဲ့ရတယ်လို့ စီးပွားရေး အသိုင်း အဝိုင်းက ဆိုကြတာတွေရှိပါတယ်။ ဒါပေမယ့် ဦးအောင်ကြည်က စစ်ဆေးမှုအသေးစိတ်နဲ့ စစ်ဆေးမှုအခြေအနေ၊ အဂတိလိုက်စားမှု တကယ်ရှိမရှိကိုတော့ အတိအကျထုတ်ဖော်ပြောဆို ခဲ့တာမရှိခဲ့ပါဘူး။

"ကျနော်အနေနဲ့ ဒီလိုစစ်ဆေးဆဲ အမှုတွေကိုကျနော်ပြောဖို့တာဝန်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က တရားရုံးတွေမှာလို အပြစ်ရှိလို့ တရားစွဲလို့ စစ်ဆေးတာမျိုးမဟုတ်သေးပါဘူး။ တိုင်ကြားတဲ့သူကတိုင်လာလို့ ဒါကမှန်သလားမမှန်ဘူးလားဆိုတာစစ်ဆေးနေဆဲရှိပါတယ်။ တတ်နိုင်သမ ျှ တရားမ ျှတတဲ့ဆုံးဖြတ်ချက်မျိုးချချင်တယ်။ မမ ျှတတဲ့ဆုံးဖြတ်ချက်မျိုးဘယ်တော့မှချမှာမဟုတ်ဘူး။ ကျနော်တို့ဆုံးဖြတ်ချက်ကတာဝန်ယူမှုတာဝန်ခံမှု အပြည့်နဲ့လုပ်သွားမှာဖြစ်ပါတယ်"

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို အဖွဲ့ (၆) ဖွဲ့ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးရေးလုပ်နေတယ်လို့ မေလ ၁၃ ရက်နေ့က တရားဝင် သတင်းထုတ်ပြန် ထားပါတယ်။ တိုင်ကြားစာတွေကြောင့် ကြိုတင်စုံစမ်းမှု ၁၈ မှုကို လုပ်နေတယ်လို့ အဲဒီထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ စစ်ဆေးဆဲအချိန်မှာ လှို့ဝှက်ထားဖို့လိုတဲ့အတွက် အသေးစိတ် မထုတ်ပြန်နိုင်သေးဘူးလို့လည်း ဖော်ပြထားပါတယ်။

လက်ရှိမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကိုမြင့်တင်ဆောင်ရွက်နေချိန်မှာ ကော်မရှင်သစ်က အားနည်းချက်များရှိတယ်လို့ ဝေဖန်နေတဲ့ လက်ရှိ အဂတိ လိုက်စားမှုဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီကနေ့အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ပါတယ်။ စတုတ္ထအကြိမ်မြောက်ပြင်ဆင်တဲ့ဒီဥပဒေကြမ်းမှာ ငွေပေးငွေယူလုပ်တာအပြင် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေကို လုပ်ထုံးလုပ်နည်းနဲ့မညီဘဲလုပ်တာ ဆုံးရှုံးစေတာတွေကိုပါအဂတိလိုက်စားမှုအနေနဲ့ အရေးယူနိုင် တယ်ဆိုတဲ့ အချက်ပါသလို တိုင်ကြားသူမရှိလဲ ကျော်ဇောသတင်းထွက်နေရင် စိစစ်အရေးယူနိုင်တယ်ဆိုတဲ့ အချက်တွေ ဖြည့်ထာူပါတယ်။

အမျိုးသားလွှတ်တော် ကပြင်ဆင်လိုက်တဲ့ ဥပဒေကြမ်းနဲ့ပတ်သတ်လို့ ဦးအောင်ကြည်က

"နဂိုတုန်းကဥပဒေမှာ တချို့ဟာကွက်ပျော့ကွက်ကလေးတွေရှိတာပေါ့နော်။ အခုဥပဒေမှာတော့ ဒီဟာကွက်ပျော့ကွက်ကိုတော်တော်လေးနည်းသွားပြီ လို့ ယူဆပါတယ်။ ၃၆ချက်တောင်ပြင်ပေးတာကို။ လုံလောက်တဲ့ အနေအထားရှိပါတယ်။ ရှေ့ကို အဂတိလိုက်စားမှုကို အင်နဲ့အားနဲ့အလုပ်လုပ်လို့ ရနိုင်တဲ့ အနေအထားလို့ပြောချင်ပါတယ်"

အရင်အစိုးရလက်ထက်က လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေးကော်မရှင်ကို NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအာင်ကြည်ကို ဥက္ကဋ္ဌအဖြစ်တာဝန်ပေးခဲ့ပါတယ်။ သမ္မတသစ်ဦးဝင်းမြင့်ကလည်း အဂတိလိုက်စားမှုကို ထိထိရောက်ရောက်လုပ်သွားမယ်လို့ သမ္မတာဝန်ယူချိန်မှာ ကတိပေးထားပါတယ်။ အာဏာအလွဲသုံးစားလုပ်ပြီး အဂတိလိုက်စားခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ FDA အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွန်ကြားရေးမှုးချုပ် ဒေါက်တာသန်းထွဋ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြီးခဲ့တဲ့ ဧပြီလကပဲ တရားစွဲဆို အရေးယူခဲ့ပါတယ်။ ဒါ့အပြင် အဂတိလိုက်စားမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ တရား သူကြီး၊ ရှေ့နေနှင့် အုပ်ချုပ်ရေးမှူး အပါအဝင် တရားခံပြေး ၁၂ ဦးတို့ အား သက်ဆိုင်ရာရဲစခန်းများသို့ သတင်းပေးတိုင် ကြားနိုင်ဖို့ သူတို့ရဲ့ ကိုယ်ရေးအချက်အလက် များကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၁ရက်မှာ သတင်းထုတ်ပြန်ပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG