သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗဟိုဘဏ်ဥက္ကဋ္ဌပြန်လည် ခန့်အပ်မှုအပေါ် အမြင်သဘောထားများ


ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ပြန်လည် ရွေးချယ်ခံရသည့် ဦးကျော်ကျော်မောင်။
ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ပြန်လည် ရွေးချယ်ခံရသည့် ဦးကျော်ကျော်မောင်။

ဗဟိုဘဏ်ဥက္ကဋ္ဌနေရာမှာ လူသစ်နဲ့အစားထိုး ခန့်အပ်ပြီး တိုင်းပြည်စီးပွား ဦးမော့လာအောင် လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြောင်း ပြည်တွင်း ဘဏ်လုပ်ငန်းရှင်တဦးဖြစ်သူ ဦးဖေမြင့်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု မရှိတဲ့ အကြောင်း နိုင်ငံအတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင် ပြည်တွင်း၊ ပြည်ပက စီးပွားရေးပညာရှင်တွေကပါ ထောက်ပြပြောဆိုနေကြတဲ့ အချိန်မှာ လက်ရှိ ဗဟိုဘဏ် ဥက္ကဋ္ဌကို နောက်ထပ် ၅ နှစ်သက်တမ်းတိုး ခန့်အပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ရဲ့ ကြောညချက် ထွက်လာအပြီးမှာ အဲဒီလို ပြောဆိုလိုက်တာပါ။ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ကို ခန့်အပ်လိုက်တဲ့အပေါ် စီးပွားရေး ပညာရှင်တွေရဲ့ အမြင်တွေ စုစည်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG