သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ဖြူစီမံကိန်း အစီအစဉ်ပမာဏ လျှော့ချ


ကျောက်ဖြူဆိပ်ကမ်း
ကျောက်ဖြူဆိပ်ကမ်း

အကြွေးပိမယ့် အရေး စိုးရိမ်ချက်ကြောင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း ပမာဏကို မြန်မာဘက်က သိသိသာသာ လျှော့ချလိုက်ပါတယ်။ တရုတ်နိုင်ငံပိုင် CITIC Group က လုပ်ပိုင်ခွင့်ရထားတဲ့ ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်းရဲ့ အလားအလာ ပေါ်မူတည်ပြီး တဖြည်းဖြည်း တိုးချဲ့သွားဖို့ အစီအစဉ် ဖြစ်တယ်လို့ တာဝန်ရှိသူတွေက Reuters သတင်းအေဂျင်စီနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုလိုက်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

တရုတ်နိုင်ငံပိုင် CITIC Group က တည်ဆောက်ခွင့် ရထားတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်းကို မူလက သဘောၤကျောက်ချရပ်နားရာ နေရာ ၁၀ ခုထိ တည်ဆောက်ဖို့ ရည်မှန်းထားရာကနေ အခုတော့ ၂ ခုထိ လျှော့ချ တည်ဆောက်ဖို့ ဆုံးဖြတ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးလည်းဖြစ် ကျောက်ဖြူရေနပ် ဆိပ်ကမ်း စီမံကိန်းကို ဦးဆောင် ညှိနှိုင်းနေတဲ့ ဦးဆက်အောင်က Reuters နဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောဆိုခဲ့တာပါ။

စီမံကိန်း အရွယ်အစားကို လျှော့ချလိုက်တာကြောင့်မူလက ဒေါ်လာ သန်း ၇၃၀၀ ကုန်ကျခံ တည်ဆောက်ဖို့ စီစဉ်ထားတာကနေ အခုတော့ ဒေါ်လာ သန်း ၁၃၀၀ ဘဲ ကုန်ကျတော့မှာ ဖြစ်ပြီး မြန်မာ အတွက် ဘဏ္ဍာရေး အရ စွန့်စားရမှု နည်းသွားစေမယ်လို့လည်း စီးပွားရေး ပညာရှင် Sean Turnell က Reuters ကို ပြောဆိုပါတယ်။ တရုတ်ရင်းနှီးမြှုပ်နှံမှု တခုဖြစ်တဲ့ ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်းကို မြန်မာဘက်က သိသိသာသာ အရွယ်အစား လျှော့ချလိုက်တဲ့ အပေါ် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Geng Shuang က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့ပါတယ်။

"ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ တိုးတက်ရေး၊ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အားပေးမြှင့်တင်ရေးနဲ့ စီမံကိန်းတွေကို လေလံဆွဲတာတွေမှာ အခါမှာ တန်းတူညီမျှရှိရှိ နှစ်ဘက် အကျိုးတူ ဖြစ်ရေး အခြေခံအားဖြင့် မြန်မာနဲ့ တိုင်ပင် ဆွေးနွေးဖို့ တရုတ်လုပ်ငန်းကြီးကို ကျနော်တို့ အနေနဲ့ အားပေးတိုက်တွန်းပါတယ်။ အခုအချိန်ထိ ကျနော် သိထားသလောက်တော့ ဒီစီမံကိန်း အပေါ်မှာ နှစ်ဘက်တို့ လုပ်ငန်းဆိုင်ရာ ညှိနှိုင်းနေကြပါတယ်။ ညှိနေကြဆဲပါ။"

နှစ်ဘက်တို့ လက်တွေ့ အကောင်အထည်ဖော်ရေး ကိစ္စတွေကို ညှိနှိုင်းဆွေးနွေးဆဲ ဖြစ်တယ်လို့ ဒုတိယ ဝန်ကြီး ဦးဆက်အောင်က ပြောဆိုပြီး စီမံကိန်းနဲ့ ပတ်သက်တဲ့ တခြား အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော် မပြောပါဘူး။ ကျောက်ဖြူ အထူးစီးပွားရေးဇုံ တည်ဆောက်ရေးကို သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလထဲမှာ တရုတ်ရဲ့ CITIC လုပ်ငန်းစုက တင်ဒါ အောင်မြင်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG