အစိုးရစီမံကိန်းတွေ ပွင့်လင်းမြင်သာမှု
လက်ရှိ အရပ်သားအစိုးရလက်ထက် စီမံကိန်းတွေမှာ အရင်ကထက် ပွင့်လင်းမြင်သာမှု ရှိလာပြီး လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရာမှာလည်း တိုးတက်မှုတွေ ရှိတယ်လို့ မြင်တဲ့အကြောင်း စက်မှု ဝန်ကြီးဟောင်း ဦးစိုးသိန်းက VOA ကို ပြောပါတယ်။ ဦးစိုးသိန်းကို ရန်ကုန်မြို့မှာ VOA အယ်ဒီတာ ဦးသိန်းထိုက်ဦး တွေ့ဆုံမေးမြန်းထားပါတယ်။