သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ၄ ဦး နုတ်ထွက်ခွင့်ပြု


ရန်ကုန်မြို့က အပ်ချုပ်ဆိုင်တဆိုင်မှာ အိမ်အကူ မိန်းကလေး ၂ ဦး ညှင်းပမ်းနှိပ်စက်ခံရမှုမှာ လိုက်ပါဆောင်ရွက်ရာမှာ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ၄ ဦးကို နိုင်ငံတော်သမ္မတရုံးက နုတ်ထွက်ခွင့်ပြုလိုက်ပါတယ်။ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ၄ ဦး ဖြစ်တဲ့ ဦးဇော်ဝင်း၊ ဒေါက်တာဉာဏ်ဇော်၊ ဒေါက်တာ ဒေါ်သန်းနွဲ့နဲ့ ဒေါ်မြမြ တို့ကို မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုကြောင်း ဒီကနေ့ အောက်တိုဘာလ ၆ ရက်နေ့ ရက်စွဲနဲ့ သမ္မတရုံးက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

နှုတ်ထွက်ခွင့် ပြုခဲ့တဲ့ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ၄ ဦးဟာ ပြီးခဲ့တဲ့လထဲ ကျင်းပခဲ့တဲ့ ရန်ကုန်မြို့က သတင်းစာ ရှင်းလင်းပွဲမှာ အိမ်အကူမိန်းကလေးငယ် ၂ ဦး ကိစ္စမှာ ဆောင်ရွက်ချက်တွေကို ဖြေရှင်းရာမှာ ပါဝင်ခဲ့သူတွေလည်း ဖြစ်ပါတယ်။ ရန်ကုန်မြို့က ဒီသတင်းစာရှင်းလင်းပွဲမှာရော နောက်ပိုင်း လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တွေကို အစိုးရက အရေးယူဖို့ အရေးကြီးအဆို တင်သွင်းခဲ့တာကို ဖြေရှင်းချက်ပေးရာမှာရော လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တွေက သဘောရိုးနဲ့ဆောင်ရွက်ခဲ့ကြောင်း ဖြေရှင်းခဲ့ပေမဲ့ မကျေနပ်မှုတွေ ကြီးထွားခဲ့တာလည်းဖြစ်ပါတယ်။

လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေကို အရေးယူဖို့ အရေးယူဖို့ အရေးကြီးအဆိုကိုတော့ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သလို၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကလည်း ကော်မရှင်ကို အဖွဲ့ဝင်သစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းဖို့ တောင်းဆိုမှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

XS
SM
MD
LG