သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအာဏာရှင် အာဆတ်လက်ထက်က စစ်မှုထမ်းဟောင်းတွေ နေအိမ်က ဖယ်ပေးရ


အာဆတ်အစိုးရဟောင်းလက်ထက်က အစိုးရဝန်ထမ်းတွေ အသစ်တက်လာတဲ့ HTS သူပုန်တပ်ဖွဲ့ဝင်တွေနေဖို့ နေအိမ်တွဗက ဖယ်ရှားရွှေ့ပြောင်းပေးနေကြပုံ။
အာဆတ်အစိုးရဟောင်းလက်ထက်က အစိုးရဝန်ထမ်းတွေ အသစ်တက်လာတဲ့ HTS သူပုန်တပ်ဖွဲ့ဝင်တွေနေဖို့ နေအိမ်တွဗက ဖယ်ရှားရွှေ့ပြောင်းပေးနေကြပုံ။

ဆီးရီးယားမှာအနိုင်ရလိုက်တဲ့ HTS သူပုန်တပ်ဖွဲ့က သူတို့တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေနေဖို့ အာဏာရှင်ဟောင်း Bashar al-Assad လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့သူတွေအတွက် အဖိုးနှုန်း သက်သာစွာနဲ့ နေထိုင်ခွင့်ပေးထားတဲ့ အိမ်ယာတွေကနေ မောင်းထုတ်နေပါတယ်။

အဆောက်အဦးပေါင်း ဒါဇင်နဲ့ချီရှိပြီး လူတွေရာနဲ့ချီ နေထိုင်နေကြတဲ့ Muadamiyat al-Sham (မူရာဒါမီရတ် အယ်လ် ရှမ်) အိမ်ယာဝင်းဟာ အရင် အာဆတ်အစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့အရာရှိတွေအတွက် ဆောက်ပေးထားတဲ့ အိမ်ယာဝင်းဖြစ်ပြီး အခု မောင်းထုတ်ခံရတဲ့အထဲပါဝင်တဲ့ အဆောက်အဦးအများအပြားထဲက တခုအပါအဝင်ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံရဲ့စစ်တပ်ကို အသစ်ပြင်ဆင် ဖွဲ့စည်းမှုတွေလုပ်ဆောင်နေပြီး အာဏာရှင်ဟောင်း အာဆတ်လက်ထက်က စစ်သားတွေကို စစ်မှုထမ်းခွင့် ရုပ်သိမ်းလိုက်တာကြောင့် အခုလို အိုးအိမ်တွေ စွန့်ခွာပေးကြရတာဖြစ်ပါတယ်။

အရင်က နှစ်ပေါင်းများစွာ ဆင်းရဲငတ်ပြတ်စွာနဲ့ ကျေးလက်ဒေသမှာ နေထိုင်ခဲ့ကြရတဲ့ တော်လှန်ရေး အဖွဲ့တွေဟာ သူတို့လူတွေအတွက် နေထိုင်ရေးကို အလျင်အမြန် ပြောင်းလဲ လုပ်ဆောင်လာနေက ဆီးရီးယားပဋိပက္ခမှာ အုပ်စုတွေကြား အသာစီးရသူတွေရဲ့ ကံကြမ္မာ ရုတ်ခြည်း ပြောင်းလဲသွားတာကို မြင်တွေ့နေကြရတာပါ။

အဆောက်အဦးရဲ့ အဝင်ဝမှာ အသစ်ရောက်လာမယ့် HTS အဖွဲ့ဝင်တွေရဲ့ နံမည်တွေကို စာလုံးကြီးတွေနဲ့ လာရေးထားပေးတာကြောင့် လက်ရှိ နေထိုင်နေသူ လူဟောင်းတွေကိုလည်း တပါတည်း မောင်းထုတ်ပြီးသား ဖြစ်စေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG