သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အမည်မည်းစာရင်း သွင်းလိုက်တဲ့ ဆုံးဖြတ်ချက်ကို တရုတ် Huawei ကုမ္ပဏီပယ်ချ


တရုတ် ဆက်သွယ်ရေးနည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Huawei ကုမ္ပဏီဟာ အမေရိကန် အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်မှု တခုဖြစ်တယ်ဆိုပြီးတော့ အမေရိကန်ပြည်ထောင်စုက အမည်မည်းစာရင်း သွင်းလိုက်တဲ့ ဆုံးဖြတ်ချက်ကို ကုမ္ပဏီ တည်ထောင် သူက ပယ်ချလိုက်ပါတယ်။

Trump အစိုးရရဲ့ လုပ်ဆောင်ချက်ဟာ 5G လို့ခေါ်ကြတဲ့ မျိုးဆက်သစ် မိုဘိုင်းဆက်သွယ်ရေးနည်းပညာကို သူ့ကုမ္ပဏီအနေနဲ့ ဆက်ပြီး လည်ပတ်လုပ်ဆောင်နိုင်စွမ်းအပေါ် လျှော့တွက်တာဖြစ်တယ်လို့ Huawei ကုမ္ပဏီတည်ထောင်သူ Ren Zhengfei က တရုတ်အစိုးရပိုင် သတင်းဌာနတွေနဲ့ ဒီကနေ့လုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းတွေမှာ ပြောသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန်အစိုးရကထုတ်ပြန်တဲ့ ညွှန်ကြားချက်အရ အနာဂတ်မှာ Huawei ကို hardware, software နဲ့ တခြားဝန်ဆောင်မှုတွေ လွှဲပြောင်းတာကို ပိတ်ပင်ထားပါတယ်။ ဒီအချက်ကြောင့် Huawei ကုမ္ပဏီရဲ့ တကမ္ဘာလုံးမှာ တိုးချဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ smart ဖုန်းတွေထုတ်လုပ်တာမှာ တောင်ကိုရီးယား Samsung ကုမ္ပဏီကိုကျော်ပြီး ကမ္ဘာ့အကြီးဆုံးကုမ္ပဏီ ဖြစ်လာဖို့ လုပ်ဆောင်ချက်တွေကို အကန့်အသတ်ဖြစ်သွားနိုင်ခြေရှိပါတယ်။

ထရမ့်ပ်အစိုးရရဲ့ ညွှွန်ကြားချက်အရ Android စနစ်ကို Huawei ကုမ္ပဏီ ဆက်ပြီး အသုံးပြုခွင့်မပေးတော့ဘူးလို့ အမေရိကန် Google ကုမ္ပဏီက တနင်္လာနေ့မှာ ကြေညာလိုက်တဲ့အတွက် Huawei အတွက် အတော်လေး ထိခိုက်သွားပါတယ်။

ဒါပေမယ့် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနက လက်ရှိ Huawei စမတ်ဖုန်းတွေကို software update လုပ်ဖို့နဲ့ လက်ရှိ ကွန်ယက်တွေကို ဆက်ထားသွားနိုင်ဖို့ တနင်္လာနေ့မှာပဲ Huawei ကို ရက်ပေါင်း ၉၀ လိုင်စင် ထပ်ချပေးလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG