သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် Huawei ဘဏ္ဍာရေးအကြီးအကဲ အပေါ် ကန်စွဲချက်တင်


တရုတ်နိုင်ငံ နည်းပညာကုမ္ပဏီဖြစ်တဲ့ Huaweiရဲ့ ဘဏ္ဍာရေးဆိုင်ရာအကြီးအကဲ Meng Wanzhou ကိုအမေရိကန်ပြည်ထောင်စု အစိုးရရှေ့နေတွေက စွဲဆိုချက် ၁၃ခုနဲ့ တနင်္လာနေ့ မနေ့တုန်းကပဲ နယူးယောက်မြို့က ပြည်ထောင်စု တရားရုံးမှာ စွဲချက်တင်ခဲ့ပါတယ်။

ဘဏ္ဍာရေးဆိုင်ရာ မမှန်မကန်လုပ်ဆောင်မှု၊ အမေရိကန်ရဲ့ ညာဏပိုင်ဆိုင်မှုတွေကိုခိုးယူမှု၊ အီရန် နိုင်ငံကို အမေရိကန်ကအရေးယူ ဒဏ်ခတ်ထားမှုနဲ့ဆက်စပ်ပြီး ချိုးဖေါက်မှုတွေရှိတာတွေနဲ့ပတ်သက်ပြီး Meng Wanzhou ကို နယူးယောက်မြို့ Brooklyn အရပ်က တရားရုံးမှာ မနေ့က စွဲချက်တင်ခဲ့တာပါ။

ဒုတိယစွဲချက်တင်မှုက ဝါရှင်တန်ပြည် နယ်မှာဖြစ်ပြီး ကုန်သွယ်ရေးလျှို့ဝှက်ချက်တွေကို ခိုးယူမှု၊ ငွေလွှဲမှုမှာ မမှန်မကန်လုပ်ခဲ့မှု၊ တရားရေးဆောင်ရွက်ရာမှာ အဟန့်အတားပြုမှုတွေနဲ့ စွဲချက်တင်ခဲ့တာပါ။ အမေရိကန်ကုမ္ပဏီ T-Mobile ဆီက ညာဏပိုင်ဆိုင်မှုတွေကိုခိုးယူပြီး ကမ္ဘာ့ဈေးကွက်မှာအသာရအောင် Huawei ကုမ္ပဏီကပြုလုပ်ခဲ့ကြောင်း ဝါရှင်တန်ပြည်နယ်အနောက်ပိုင်း ခရိုင်ရှေ့နေချုပ် ကပြောပါတယ်။

အမေရိကန်နဲ့တရုတ်၂နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာတင်းမာမှုတွေကြီးမားနေချိန်မှာအခုလို တရုတ် ကုမ္ပဏီရဲ့အကြီးအကဲတဦးကို အမေရိကန်က စွဲချက်တင်ခဲ့တာပါ။ Huaweiကုမ္ပဏီကို မတည်ခဲ့သူရဲ့သမီးဖြစ်သူ Meng Wanzhou ကို ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလအတွင်း နေဒါအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း အမေရိကန်နဲ့တရုတ် အကြားတင်းမာမှုတွေတိုးလာခဲ့ပါတယ်။ ကနေဒါနိုင်ငံမှာ နေအိမ်အကျယ်ချုပ်ချခံနေရတဲ့ Meng Wanzhouကို ဇန်နဝါရီ လ ၃၀ရက်နေ့နောက်ဆုံးထားပြီး အမေရိကန်ကိုလွှဲပြောင်းအပ်နှံဖို့တောင်းဆိုရမှာဖြစ်ပါတယ်။

တရုတ် Huawei ဘဏ္ဍာရေးအကြီးအကဲ အပေါ် ကန်စွဲချက်တင်
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG