သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

သြစတြေးလျက ကမ္ဘာ့အကြီးဆုံး ဘက်ထရီ


တောင်သြစတြေးလျ ပြည်နယ်က Lithium ဘက်ထရီနဲ့ လျှပ်စစ်ဓါတ်အား စတင်ဖြန့်ဖြူးပွဲ

ကမ္ဘာ့အကြီးဆုံး Lithium ဘက်ထရီကြီးတခုဟာ တောင်သြစတြေးလျ ပြည်နယ်အတွက် လျှပ်စစ်ဓါတ်အား စတင် ဖြန့်ဖြူးနေပြီ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ ပြည်နယ်အစိုးရ ၊ Tesla အမေရိကန်ကုမ္ပဏီနဲ့ Neoen ပြင်သစ်စွမ်းအင် ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင်ကြတဲ့ စီမံကိန်းဖြစ် ပါတယ်။

လျှပ်စစ်ဓါတ်အား အများဆုံး လိုအပ်နေချိန်မှာ ဒီစီမံကိန်းကြောင့် လျှင်လျှင်မြန်မြန်နဲ့ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးပေးနိုင်မှာ ဖြစ်တဲ့ အတွက် ဓါတ်အားပြတ်တောက်မှုကို ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ တောင်သြစတြေးလျ ပြည်နယ်အစိုးရက မျှော်လင့်နေပါတယ်။

အဲဒီပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက မုန်တိုင်း တိုက်ခတ်တဲ့အတွက် လျှပ်စစ်ဓါတ်အား ပြတ်တောက်သွားခဲ့ရပါတယ်။

သြစတြေးလျက ကမ္ဘာ့အကြီးဆုံး ဘက်ထရီ
please wait

No media source currently available

0:00 0:00:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG